By Ra Wai, Shweproperty.com
Updated at 16 June 2022
လူသိနည်းလှတဲ့ လှေကားအဆံ တပ်ဆင်ခြင်း သိကောင်းစရာ မျှဝေပါတယ်။ ရှေ့ထုံးလည်း မပယ်နဲ့။ ဈေးသုံးလဲ မကြွယ်နဲ့ စကားမျိုးလိုပါပဲ။ အိမ်တစ်အိမ် ဆောက်ရာတွင် အဓိကအရေးကြီးတာ အိမ်လှေကား ပြုလုပ်ခြင်းပါပဲ။ ရှေးကျမ်းဆရာတို့သည် စုံ မ နှစ်ခုလုံး တပ်ကောင်း၏ဟုဆိုသည်။ လက်သမား ကျမ်းဆရာတို့က မကိုသာ တပ်စေပါတယ်။ လက်သမား ဆရာကြီးများမှာ စုံတပ်သည်လည်း ရှိတယ် ။ မ တပ်သည်လည်း ရှိပါတယ်။ အဘယ်ကြောင့်ဆိုသော် ပထမအထစ်မှ [လာဘံ ၊သုခံ ၊မရဏံ ၊လာဘ သု ခ မရဏ] တွက်ယူကာ မရဏံ မရဏ ကို ရှောင်ပါတယ်။ ပထမထစ်က လာဘ။ ဒုတိယထစ်က သုခ။ တတိယထစ်က မရဏ။ လာဘ်လာဘ ပေါများခြင်း။ သုခက ကြွယ်ဝချမ်းသာခြင်း။ မရဏက ဆုတ်ယုတ် ပျက်စီးခြင်းနဲ့ ကြုံတွေ့ရလိမ့်မယ်တဲ့ ။ လာဘက ၁ထစ် ၊ ၄ ထစ်၊ ၇ ထစ်/ သုခက ၂ ထစ်၊ ၅ထစ် ၊ ၈ ထစ်/ မရဏ- ၃ ထစ် ၊ ၆ ထစ် ၊ ၉ ထစ် ၊ ၁၂ထစ် စသည်ဖြင့် တပ်ဆင်ကြပါတယ်။ အိမ်အနေအထား မင်္ဂလာသား အနေအထားအလိုက် လုပ်ဆောင်ကြပါတယ်။ တစ်ချို့ ဆရာများမှာ [ရာဇ ၊ လာဘ ၊ မရဏ] လို့ သတ်မှတ် လုပ်ဆောင်ကြပါတယ်။ ၁ထစ် ဘုန်းကျက်သရေတိုးခြင်း၊ ၂ထစ် လာဘ်လာဘ ပေါများခြင်း၊ ၃ထစ် ဆုတ်ယုတ် ပျက်စီးခြင်း စသဖြင့် အယူမျိုးနဲ့ လုပ်ဆောင်ကြပါတယ်။ တစ်ကျောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း ဆိုသလို ဒေသအလိုက် ကွဲလွဲကြတာ ရှိကြပါတယ်။ အိမ်လှေခါးကို ၃ထစ်ထားသော် ဒုက်ခံ မရဏံ ကြုံ စေပြန်၏။ တစ်ထစ်ထားသော်ကောင်းစားစေတက် ၏။ ရှစ်ထစ်ထားလျှင် မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကျက်သရေ ဘုန်းသမ္ဘာ မြင့်မားစေတက်၏။ ကိုးထစ်ထားလျှင် လာဘ်လာဘ ပေါကြွယ်ဝတက်၏။ ၁၂ထစ်ထားသော် ကျန်းမာရေးကောင်းမွန်စေ၍ ရန်သူမျိုးငါးပါးမှ ကင်းစေ၏။ တနင်္လာနေ့တွင် အိမ် လှေကား စလုပ်ခြင်းမှ ရှောင်ကြပါစေ။ လှေကား မ ဂဏန်း ထားရခြင်း အကြောင်းရင်း လှေကား “စုံ” မထားရလို့ ကြားဖူးကြမှာပါ။ လှေကား “စုံ” ထားရင် ခိုက်တတ်ပါတယ်။ ဘာကြောင့် ခိုက်လဲဆိုတာက လူ့သဘာဝကြောင့်ပါ။ လူဆိုတာ ကိုယ်စလှမ်းတဲ့ ခြေနဲ့ ခြေလှမ်း ပြန်ဆုံးတတ်ပါတယ်။ ဥပမာ ညာခြေနဲ့ စလှမ်းရင် ညာခြေဆီ ဘယ်ခြေ လာပြီး အဆုံးသတ်ပါတယ်။ ညာနဲ့စရင် ညာနဲ့ ဆုံးပါတယ်။ အဲဒီလိုပဲ ဘယ်နဲ့စရင် ဘယ်နဲ့ ဆုံးပါတယ်။ မယုံရင် ကိုယ့်ဘာသာ တမင်သက်သက် လုပ်မယူပဲ လှမ်းကြည့်ပါ။ ညာနဲ့စ ညာနဲ့ဆုံးလို့ ခြေလှမ်းရေ အရေအတွက်က “မ” ဖြစ်ပါတယ်။ ဘယ်နဲ့ စလဲ အတူတူပါပဲ။ အဲဒါကြောင့် လှေကားထစ်တွေ “မ” သာ ထားတာပါ။ “စုံ” ထားရင် တလှမ်းလိုနေလို့ အပေါ်တက်တဲ့အခါ ခြေထောက်က အလိုအလျှောက် လှမ်းမိပြီး ဟန်ချက် ပျက် ပြီး ချော်ကျနိုင်ပါတယ်။ အောက်ဆင်းတဲ့အခါ ကြမ်းပြင်ပေါ်ရောက်နေတာကို နောက်ထပ် လှမ်းမိလို့ ဟန်ချက်ပျက်ပြီး မှောက်လဲတတ်ပါတယ်။ အဲလိုလဲရင် ထိခိုက်ဒဏ်ရာ ရပါတယ်။ အဲဒါ ခိုက်မိတာပါပဲ။ အဲလို ခိုက်မိတာကို လှေကား “စုံ” ထားရင် ခိုက်တယ်ဆိုပီး စကားက ကားသွားတာပါပဲ။ ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံ ဆောက်လုပ်ပြင်ဆင်ခြင်းဆိုင်ရာ ဥပဒေသိမှတ်ဖွယ်ရာ အိမ်တွင်းမှာ လာဘ်မတိတ်အောင် အောက်ပါအချက် (၃၃) မျိုးကိုရှောင်ပါ ဝါတွင်းကာလ အိမ်မပြောင်းရဆိုတာဘုရားအဟောလား လူသိနည်းတဲ့ အိမ်ဆောက်ရာတွင် လှေကားအကြောင်း သိကောင်းစရာ Credit By: ငွေသော်တာ Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ