By Myanmar Builders Guide, Shweproperty.com
Updated at 4 November 2019
#Unicode
မင်္ဂလာရိပ်သာစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Mouk Sein Kham Co.Ltd မှအကျိုးတူပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။ယင်းအိမ်ရာစီမံကိန်းသည် သင်္ဃန်းကျွန်းမြို့နယ် ဇဝနရပ်ကွက် သီရိမင်္ဂလာလမ်းနှင့် သီရီဟေမာလမ်းထောင့်တွင်တည်ရှိခြင်းဖြစ်ပါသည်။
မူလငှားရမ်းနေထိုင်သူနှင့်ဝန်ကြီးဌာနအကြားတင်းမာမှုများဖြစ်ပေါ်ခဲ့သည့် မင်္ဂလာရိပ်သာစီမံကိန်းကိုအောက်တိုဘာ ၂၇ ရက်နေ့ကစတင်ဆောက်လုပ်နေပြီဖြစ်ကြောင်းသိရသည်။“ဒီစီမံကိန်းမှာအငှားအိမ်ရာစီမံကိန်းလည်းပါမယ်၊ အဆင့်မြင့်အိမ်ရာစီမံကိန်းလည်းပါမယ်။ မူလအငှားနေတဲ့သူတွေကို အခုဆောက်မယ့်အငှားအိမ်ရာတွေပြန်ပြီးငှားပေးသွားမယ်။ ငှားခတော့ပေးရမယ်” ဟုယင်းဝန်ကြီးဌာနမှအကြီးတန်းအရာရှိတစ်ဦးကပြောကြားသည်။
ထိုစီမံကိန်းသည်မြေ ၃ ဧကဝန်းကျင်ကျယ်ဝန်းပြီး မူလတိုက်ဟောင်း ၁၂ လုံးကိုပြန်လည်အဆင့်မြှင့်တင်ဆောက်လုပ်သွားမည့် အိမ်ရာစီမံကိန်းဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနထံမှသိရသည်။ယင်းစီမံကိန်းအနေဖြင့် ၃ နှစ်ဝန်းကျင်ကြာမြင့်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။
ထိုအိမ်ရာစီမံကိန်းကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အောက်တိုဘာလကစတင်တင်ဒါခေါ်ယူခဲ့ခြင်းဖြစ်ပြီး မူလအိမ်ရာအငှားနေထိုင်သူများကို ယခုနှစ်သြဂုတ်လဆန်းပိုင်းက နေထိုင်မှုစတင်ဖယ်ရှားခဲ့ခြင်းဖြစ်ကြောင်းမြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှသိရသည်။
#Zawgyi
မဂၤလာရိပ္သာစီမံကိန္းကို ေဆာက္လုပ္ေရးဝန္ၾကီးဌာန၊ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာနႏွင့္ Mouk Sein Kham Co.Ltd မွအက်ိဳးတူပူးေပါင္းေဆာင္ရြက္မည္ျဖစ္ေၾကာင္းသိရသည္။ယင္းအိမ္ရာစီမံကိန္းသည္ သဃၤန္းကၽြန္းၿမိဳ႕နယ္ ဇဝနရပ္ကြက္ သီရိမဂၤလာလမ္းႏွင့္ သီရီေဟမာလမ္းေထာင့္တြင္တည္ရွိျခင္းျဖစ္ပါသည္။
မူလငွားရမ္းေနထုိင္သူႏွင့္ဝန္ၾကီးဌာနအၾကားတင္းမာမႈမ်ားျဖစ္ေပၚခဲ့သည့္ မဂၤလာရိပ္သာစီမံကိန္းကိုေအာက္တုိဘာ ၂၇ ရက္ေန႕ကစတင္ေဆာက္လုပ္ေနၿပီျဖစ္ေၾကာင္းသိရသည္။“ဒီစီမံကိန္းမွာအငွားအိမ္ရာစီမံကိန္းလည္းပါမယ္၊ အဆင့္ျမင့္အိမ္ရာစီမံကိန္းလည္းပါမယ္။ မူလအငွားေနတဲ့သူေတြကို အခုေဆာက္မယ့္အငွားအိမ္ရာေတြျပန္ၿပီးငွားေပးသြားမယ္။ ငွားခေတာ့ေပးရမယ္” ဟုယင္းဝန္ၾကီးဌာနမွအၾကီးတန္းအရာရွိတစ္ဦးကေျပာၾကားသည္။
ထုိစီမံကိန္းသည္ေျမ ၃ ဧကဝန္းက်င္က်ယ္ဝန္းၿပီး မူလတုိက္ေဟာင္း ၁၂ လုံးကိုျပန္လည္အဆင့္ျမွင့္တင္ေဆာက္လုပ္သြားမည့္ အိမ္ရာစီမံကိန္းျဖစ္ေၾကာင္း အဆုိပါဝန္ၾကီးဌာနထံမွသိရသည္။ယင္းစီမံကိန္းအေနျဖင့္ ၃ ႏွစ္ဝန္းက်င္ၾကာျမင့္သြားမည္ျဖစ္ေၾကာင္းလည္းသိရသည္။
ထုိအိမ္ရာစီမံကိန္းကို ၿပီးခဲ့သည့္ ၂၀၁၇ ခုႏွစ္ေအာက္တုိဘာလကစတင္တင္ဒါေခၚယူခဲ့ျခင္းျဖစ္ၿပီး မူလအိမ္ရာအငွားေနထိုင္သူမ်ားကို ယခုႏွစ္ၾသဂုတ္လဆန္းပုိင္းက ေနထိုင္မႈစတင္ဖယ္ရွားခဲ့ျခင္းျဖစ္ေၾကာင္းၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာနမွသိရသည္။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ