By Kumudra, Shweproperty.com
Updated at 27 August 2017
စီးပွားရးမြို့တော် ရန်ကုန်မှာ လူဦးရေတိုးတက်များပြားလာပြီး မြို့သစ်တွေကို တိုးချဲ့ဖို့အတွက်ကြည့်မြင် တိုင်တစ်ဖက်ကမ်း၊ တွံတေး၊ ဆိပ်ကြီးခနောင်တို မြို့နယ်ရှိ ဧရိယာ မြေဧက ၃၀,ဝဝဝ ပေါ်မှာ မြို့သစ်စီမံကိန်းတစ်ခုကိုစတင်တော့ မှာဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်မြို့ရဲ့တိုးပွားလာတဲ့ လူဦးရေကိုလျှော့ချနိုင်ဖို့အတွက် မြို့သစ်စီမံကိန်းတစ်ခုကိုလဲဆောင်ရွက်ဖို့ရှိပါတယ်၊ ဒါကြောင့် ကြည့်မြင်တိုင်တစ်ဖက်ကမ်းက ရန်ကုန်မြို့သစ်စီမံကိန်းကိုလာမယ့် ပွင့်လင်းရာသီမှာစတင်အကောင်အထည်ဖော်တော့မှာဖြစ်ပါ တယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
ယခင်အစိုးရလက်ထက်က ရန်ကုန်အနောက်ဘက်ခြမ်း တွံတေးမြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်တွေမှာ ဧကဧရိယာပေါင်း ၂၀,ဝဝဝ ကျော်ရှိတဲ့ မြို့သစ်စီမံကိန်းတစ်ခုကိုစီစဉ်ခဲ့ပါသေးတယ်။ အဲသည်မြို့သစ်စီမံကိန်းဟာ ပြည်သူလူထု အတွက် အကျိုးမရှိတဲ့စီမံကိန်းဖြစ်တယ်လို့ဆိုပြီး တိုင်းလွှတ်တော်မှာ ကန့်ကွက်မှုတွေရှိခဲ့ပြီးအကောင်အထည်မဖော်နိုင်ခဲ့ပါဘူး။ အခု လက်ရှိ မှာတော့ အဲသည် မြို့သစ်စီမံကိန်းက ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ပထမဦးစားပေးစီမံကိန်း အနေနဲ့ ပါဝင်လာခဲ့တယ်လို့သိရပါတယ်။
ရန်ကုန်မြို့တော်ကိုတိုးချဲ့တည်ဆောက်ရန် လိုအပ်မှု၊ မြို့သစ်စီမံကိန်းအတွက်ယခင်အစိုးရရဲ့ဆောင်ရွက်ခဲ့မှုတွေ၊ လက်ရှိမြို့သစ် တည်ဆောက်မယ့် အစီအမံတွေနဲ့ ပြင်ဆင်ဖွဲ့စည်းခြင်းတွေ၊ လုပ်ငန်းဆောင်ရွက် မှုပုံစံပြန်လည် ပြင်ဆင်ရမယ့် အကြောင်း ရင်းတွေ၊ ငွေကြေးရင်းနှီးမြှုပ်နှံမှုနဲ့ အခြေခံအဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲမှုတွေအပေါ်ပြင်ဆင်မှုဟူ၍ လုပ်ငန်းစဉ် ငါးရပ်နဲ့ တည်ဆောက်မယ့် မြို့သစ်စီမံကိန်းနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ဇူလိုင်လ ၁၀ ရက်နေ့က ကျင်းပတဲ့တိုင်းလွှတ်တော်အစည်းအဝေးမှာ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ရှင်းပြခဲ့တယ်လို့သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးမှာ ၂၀၁၄ ခုနှစ်ကကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းအရ လူဦးရေ ၇.၃၆ သန်းရှိပြီး မျှော်မှန်းလူဦးရေ ဟာဆိုရင် ၂၀၂၁ ခုနှစ်မှာ ၈.၆၈ သန်း၊ ၂၀၂၆ ခုနှစ်မှာ ၉.၆၉သန်း ၊ ၂၀၃၀မှာ ၁၁.၇၂ သန်းဖြစ်နိုင်တယ် လို့သူက ပြောခဲ့ပါတယ်။ လူဦးရေ ၁၀ သန်းကျော်ရင် မဟာမြို့တော်ကြီးတွေ(Mega City) အဖြစ်သတ်မှတ်တယ်လို့ ပြောပါတယ်။
ရန်ကုန်မြို့ဟာ နောင် ၁၀ နှစ်အတွင်း လူဦးရ ၁၀ သန်းအထက်ရှိမယ့် Mega City အဆင့်ကိုရောက်ရှိလာမှာ ဖြစ်တဲ့အတွက် Vertical Expansion ရော Horizontal Expansion နှစ်ခုစလုံးပေါင်းစပ်ပြီး စီမံပြင်ဆင်ထားဖို့လိုအပ် လာမှာဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိရန်ကုန်မြို့ရဲ့ အဝန်းအဝိုင်းမှာတော့ Vertical Expan-sion ကိုပဲဆောင်ရွက်မှာဖြစ်ပြီး Horizontal Expansion ကမြို့ ပြင်ဒေသတွေကို တိုးချဲ့သွားမှာဖြစ်တယ်လို့ ဒေါ်နီလာကျော် ကပြောပါ တယ်။
Ref : Kumudra
Photo Credit : wikipedia
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ