By Myanmar Builders Guide, Shweproperty.com
Updated at 22 August 2019
မြန်မာနိုင်ငံ အတွင်း Ease Of Doing Business ဖွံ့ဖြိုးတိုးတက်လာစေရေး အညွန်းကိန်းများမြင့်တက်လာစေရန် လိုအပ်သည့် အဆောက်အအုံဆောက်လုပ်ခွင့်ပါမစ်စနစ်သစ်ကို IFC အကူအညီဖြင့် စတင်လုပ်ဆောင်လျက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှသိရသည်။
လက်ရှိမြန်မာနိုင်ငံသည် ၂၀၁၉ Doing Business အစီရင်ခံစာအရ စီးပွားရေးနိုင်ငံပေါင်း ၁၉၀ တွင် ၁၇၁ ဖြင့်ရပ်တည်နေသောကြောင့် အညွန်းကိန်းများတိုးတက်လာစေသည့် အချက် ၁၀ ချက်တွင်ပါသည့် ဆောက်လုပ်ခွင့် ပါမစ်မြန်ဆန်စေရေးသည် တစ်ချက်ဖြစ်သည့်အတွက် အဆိုပါလုပ်ငန်းများကို international finance corporation ၏အထောက်အပံဖြင့်ဆောင်ရွက်ခြင်းဖြစ်သည်။
“ အခြားကဏ္ဍများနဲ့နှိုင်းယှဉ်ရင်မြန်မာနိုင်ငံရဲ့ ဆောက်လုပ်ရေး ကဏ္ဍက ဝင်ငွေအများဆုံးဖြစ်နိုင်တဲ့အလားအလာ ရှိတယ်။ ထိရောက်မြန်ဆန်ပြီးပွင့်လင်းမြင်သာမှုရှိတဲ့ စနစ်ဟာ နိုင်ငံရဲ့စီးပွားရေးဝန်းကျင်ကောင်းတစ်ခုဖြစ်ဖို့အထောက်အကူပြုစေမှာ” ဟုအပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်း၏မြန်မာနိုင်ငံဆိုင်ရာမန်နေဂျာ မစ္စတာ ဗစ်ခရမ်ကူးမားကပြောသည်။
မြန်မာနိုင်ငံတွင် ရန်ကုန်မြို့ အဆောက်အအုံဆိုင်ရာပါမစ်စနစ် (YBPS) ကို ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ နှစ်ကုန်ပိုင်းအထိ စမ်းသပ်အသုံးပြုသွားမည်ဖြစ်ကြောင်း YCDC မှသိရသည်။
အဆိုပါစနစ်သည် လက်ရှိတစ်နှစ်လျှင် အစောင် ၄၀၀၀ ခန့်အသုံးပြုနေသည့် စာရွက်အသုံးပြုမှု၏ ၉၀ ရာခိုင်နှုန်း ကိုလျော့ချနိုင်မည်ဖြစ်ပြီး သာမန် ၉၅ ရက်ကြာမြင့်သည့် လုပ်ငန်းများကို ၄၉ ရက်အဖြစ်ပြောင်းလဲနိုင်မည်ဟု YCDC ၏ သတင်းအချက်အလက်များအရသိရသည်။
IFC သည် ၂၀၁၈ ခုနှစ်တွင် YCDC နှင့်ပူးပေါင်းဆောင်ရွက်မှုစတင်ခဲ့ပြီး ရန်ကုန်မြို့၏အဆောက်အအုံဆောက်လုပ်ခွင့်ပါမစ်ကို လုပ်ငန်းစဉ်မြေပုံရေးဆွဲခဲ့ခြင်းဖြစ်သည်။ရန်ကုန်မြို့ ဆောက်လုပ်ရေးကဏ္ဍများကိုဖြေရှင်းနိုင်မည့် Customized တစ်ခုဖြစ်ပေါ်လာရန် လက်တွေ့အသုံးပြုသူများနှင့် လေ့လာမှုများပြုလုပ်ခဲ့ကြောင်း IFC မှသိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ