By 7daydaily, Shweproperty.com
Updated at 23 May 2016
ရန်ကုန်မြို့တွင် တည် ဆောက်နေသည့် တန်ဖိုးနည်း အိမ်ရာစီမံကိန်းသုံးခုမှ အခန်း ပေါင်း ၂,၂၀၀ ကျော်ကို မေလကုန်တွင် ရောင်းချမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
ပြီးခဲ့သည့် အစိုးရလက် ထက်ကတည်ဆောက်ခဲ့သည့် ယုဇန၊ ကနောင်နှင့် ရွှေလင်ဗန်းအပိုင်း(၃) တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများထဲမှ အခန်းပေါင်း ၂,၂၀၀ ကျော်ကို အစိုးရ ရက်၁၀၀ စီမံချက်အတွင်း ရောင်းချ မည်ဖြစ်ကြောင်း မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးမင်းထိန်ကပြောသည်။
ပြီးခဲ့သည့် အစိုးရလက်ထက်က တည်ဆောက်ခဲ့သည့် အိမ်ရာ စီမံကိန်းများဖြစ်၍ ဆောက်လုပ်မှု ကုန်ကျစရိတ်ကို တွက်ချက်ပြီး ကျပ်သိန်း ၁၀၀ မှ ၁၅၀အတွင်း ရောင်းချမည် ဖြစ်သည်။
ရောင်းချရာတွင် ဝယ်ယူလို သူအရေအတွက် များပြားပါက သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မဲဖောက်ရောင်းချပေး မည်ဖြစ် ကြောင်း သတင်းရရှိသည်။
အရစ်ကျစနစ်ဖြင့် ဝယ်ယူ လိုသူများကို ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က နှစ်ရှည်ငွေချေးစနစ်ဖြင့် ရောင်းချပေး မည်ဟုဆိုသည်။
အစိုးရသစ်လက်ထက်တွင် တစ်နိုင်ငံလုံး၌ ကျပ် သိန်း ၁၀၀အောက် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ တည်ဆောက်နိုင်ရန် နေပြည်တော်တွင် စတင်စမ်းသပ်တည်ဆောက်နေပြီဖြစ်သည်။
ဧရိယာစတုရန်းပေ ၄၀၀ ကျော်ကျယ်ဝန်းသော စမ်းသပ် တန်ဖိုးနည်းအိမ်ရာကို နေပြည် တော် ရွှေနံ့သာရပ်ကွက်တွင် တည်ဆောက်နေပြီး အဆိုပါ အိမ် ရာစီမံကိန်းမှ ဆောက်လုပ်မှုကုန် ကျစရိတ်သည် သိန်း ၁၀၀ အောက်ဖြင့် ရောင်းချနိုင်ပါက တစ်နိုင်ငံလုံး၌ အလုံးအရင်းဖြင့် တည်ဆောက်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက ရည်ရွယ်ထားသည်။
Ref : 7daydaily
Photo Credit : social
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ