By The Myanmar Times, Shweproperty.com
Updated at 29 March 2018
ရိုးမ မဟာဗျူဟာ ဦးပိုင်လီမိတက်၏ ဖက်စ်မြန်မာ အင်ဗက်စ်မန့် ကုမ္ပဏီနှင့် သည်ဟောင်ကောင်အင်န် ရှန်ဟိုင်း ဟိုတယ်လီမိတက်တို့ ပူးပေါင်းတည်ဆောက်နေသော ရန်ကုန်ပင်နီဆူလာအိမ်ရာမှ အခန်းများကို ယခုလ စတင်ရောင်းချပေးနေပြီဟု ၎င်းတို့က သတင်းထုတ်ပြန်သည်။
အဆင့်မြင့်ဇိမ်ခံအိမ်ခန်းများ ပါဝင်သော ထိုအိမ်ရာသည် ရန်ကုန်မြို့လယ်ရှိ ဆူးလေဘုရားလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်း လမ်းထောင့်တွင်ရှိပြီး ၁ဝ ဧက ကျယ်ဝန်းသည်ဟု သိရသည်။
အဆိုပါစီမံကိန်းကို ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလလယ်က စတင်ခဲ့ပြီး ၁၃ လအကြာတွင် ယခုကဲ့သို့ စတင် ရောင်းချခြင်းဖြစ်သည်။
အိမ်ရာကို လာမည့် ၂ဝ၂၁ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးမည်ဖြစ်ပြီး အရည်အသွေးနှင့်အတူ ခေတ်လည်းမီမည်ဟု ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကိုလိုနီခေတ် အဆောက်အအုံဖြစ်သည့် ယခင်မီးရထားရုံးချုပ်ဟောင်းနံဘေးတွင် တည်ဆောက်နေသည့် အဆိုပါအိမ်ရာသည် ရိုးမစင်ထရယ်ဟိုတယ်နှင့်အတူ စုပေါင်းအိမ်ရာ တည်ဆောက်ရေးစီမံကိန်းကြီး၏ အစိတ် အပိုင်းတစ်ခုဖြစ်သည်။
ထို့ပြင် တန်ဖိုးမြင့်ရုံးခန်းများ ပါဝင်သည့် တာဝါနှစ်ခုနှင့် ဟိုတယ်များ ကိုလည်း လက်လီအရောင်းဆိုင်ခန်းတွဲ တစ်ခုနှင့် ဆက်စပ်တည်ဆောက်သွားမည် ဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။
ရန်ကုန် ပင်နီဆူလာအိမ်ရာသည် ၂၆ ထပ်ရှိမည်ဖြစ်ပြီး အသင့်နေထိုင်နိုင်သော ဝန်ဆောင်မှုအပြည့်ပါ အိပ်ခန်းနှစ်ခန်းမှ လေးခန်းအထိ ပါဝင်သည့် လူနေအိမ်ခန်းများလည်း ပါရှိမည်ဖြစ်သည်။
စားသောက်ဆိုင်များ၊ အနားယူ ဇိမ်ခံနိုင်သည့် နေရာများနှင့် ဖက်ရှင်ဆိုင် များနှင့် နေထိုင်သူများသာ သီးသန့်အသုံးပြုနိုင်သည့် ရေကူးကန်၊ အားကစားခန်းမ၊ ချွေးထုတ်ခန်းများနှင့် ယောဂ ကစားခန်းများ၊ ကလေးကစားကွင်းနှင့် ပွဲစီစဉ်ကျင်းပနိုင်သည့် ခန်းမဆောင် အစရှိသည်တို့ကိုလည်း အသုံးပြုနိုင်ကြောင်း သိရသည်။
''ရန်ကုန်မြို့ အိမ်ခြံမြေဈေးကွက်မှာ ဇိမ်ခံပစ္စည်းကို မိတ်ဆက်ဖို့ အချိန်ကျပြီလို့ ထင်ပါတယ်''ဟု ရိုးမမဟာဗျူဟာ ဦးပိုင်လီမိတက်၏ အမှုဆောင် ဒါရိုက်တာဖြစ်သူ ဆိုင်းရပ်စ်ပွန်က ပြောသည်။
Ref & Photo Credit : The Myanmar Times
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ