By Ra Wai, Shweproperty.com
Updated at 2 August 2020
ရန်ကုန်မြို့သစ်စီမံကိန်း ကို တရုတ်နိုင်ငံက ဆောင်ရွက် မည်ဖြစ်သော်လည်း ဂျပန်နိုင်ငံက ပါဝင်ရင်းနှီးမြှုပ်နှံပေးရန် နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်က ဖိတ်ခေါ် သည်။
ထိုစီမံကိန်းကို လက်ရှိတွင် Swiss Challenge နည်းအရ တင်ဒါလုပ်ငန်းဆောင်ရွက်နေပြီး မကြာခင် စီမံကိန်းစတင်ကြေညာ တော့မည်ဟု ဒေါ်အောင်ဆန်းစု ကြည်က ပြောသည်။
‘‘Swiss Challenge တင်ဒါ လုပ်ငန်းစဉ်ကို သွားနေပါတယ်။ ဒီလုပ်ငန်းများ ပွင့်လင်းမြင်သာဖို့၊ ယှဉ်ပြိုင်နိုင်စွမ်းတွေရှိဖို့ဆောင် ရွက်သွားပါ့မယ်’’ ဟု အတိုင်ပင်ခံ ကဆိုသည်။
ထိုစီမံကိန်းသည် မြန်မာ အစိုးရ ရန်ကုန်မြို့အနောက်ပိုင်းစက်မှုဇုန်ဟုခေါ်ပြီး ဇူလိုင် ၂၉ ရက်က ကျင်းပသည့် ဂျပန်-မြန်မာရင်းနှီးမြှုပ်နှံမှုဖိုရပ်တွင် ကြေ ညာခဲ့ခြင်းဖြစ်သည်။
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ထိုစီမံကိန်း တည်ဆောက်ရေးအတွက် ရင်းနှီး တည်ဆောက်မည့်ကုမ္ပဏီ ရွေး ချယ်ရန် နိုင်ငံတကာအကြံပေးအ ဖွဲ့ကို ရွေးချယ်နေပြီး ထိုအဖွဲ့နှင့် ပေါင်းစပ်၍ ပွင့်လင်းမြင်သာ သည့် Swiss Challenge ယှဉ် ပြိုင်မှုတင်ဒါစနစ်ဖြင့် ရင်းနှီးတည် ဆောက်သူအား ရွေးချယ်မည်ဟု ပြောသည်။
Keidanten ၏ ဂျပန်-မြန်မာစီးပွားရေးကော်မတီဥက္ကဋ္ဌ ကင်ဘိုဘာယာရှီက ကိုဗစ်ကပ် ရောဂါကြောင့် ကုန်ထုတ်လုပ်မှု ကွင်းဆက်တစ်ခုလုံးရွှေ့ပြောင်း ရန်ရှိနေပြီး မြန်မာနိုင်ငံသည် ဂျပန်စက်ရုံများ လာရောက်အခြေ စိုက်ရန် နေရာကောင်းဖြစ်နေ သည်ဟုဆိုသည်။
ရန်ကုန်မြို့သစ် တည် ဆောက်ရေးအတွက် Swiss Challenge ခေါ်ဆိုခြင်းကို လာ မည့်စက်တင်ဘာတွင် ဆောင် ရွက်ရန်ရှိကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဆို ထားသည်။
Swiss Challenge ဆိုသည် မှာ ကုမ္ပဏီတစ်ခုက မိမိလုပ်ကိုင် လိုသည့် စီမံကိန်းတစ်ခုကို အစ၊ အဆုံး အကုန်အကျခံ လေ့လာစစ် တမ်းပြုလုပ်၍ စီမံကိန်းပုံစံထုတ် ပေးရမည်ဖြစ်သည်။
စီမံကိန်းပုံစံထွက်လာပါက အ ခြားကုမ္ပဏီများနှင့်အတူ ဈေးပြိုင် တင်ဒါဝင်ပြိုင်ရမည်ဖြစ်ပြီး အ ကယ်၍ တင်ဒါမအောင်မြင်ပါက တင်ဒါအောင်မြင်သည့်ကုမ္ပဏီ က စီမံကိန်းပုံစံထုတ်လုပ်ခဲ့သည့် မူလကုမ္ပဏီကို ကုန်ကျစရိတ်ပြန်လည်ပေးအပ်ရမည် ဖြစ်သည်။
ရန်ကုန်မြို့သစ်စီမံကိန်းကို ယခင်အစိုးရ လက်ထက်တွင် စတင်ခဲ့သည့် မြေနေရာရှိ မြေ ဧက ၂၀,၀၀၀ တွင် ပထမအဆင့် စတင် အကောင်အထည်ဖော်မည် ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။
စီမံကိန်းကို ရန်ကုန်မြစ်အ နောက်ဘက်ကမ်းတွင် တည် ဆောက်မည်ဖြစ်ပြီး အနည်းဆုံး လူဦးရေ သုံးသန်းကျော် နေထိုင် နိုင်မည့်အပြင် အလုပ်အကိုင်အ ခွင့်အလမ်း နှစ်သန်းကျော် ဖန်တီး နိုင်ရန်ဖြစ်ကြောင်း ထုတ်ပြန်ထား သည်။
မြို့သစ်စီမံကိန်း တည် ဆောက်ပြီးစီးပါက စင်ကာပူနိုင်ငံ ထက် နှစ်ဆကျယ်ဝန်းမည်ဟု အဆိုပါကုမ္ပဏီသစ်က ထုတ်ပြန် ထားသည်။
ရန်ကုန်မြို့သစ်နှင့် ကျောက် ဖြူအထူးစီးပွားရေးဇုန်၊ ရေနက် ဆိပ်ကမ်းတို့သည် စင်ကာပူနှင့် ကိုလ်းကတ္တားမြို့သို့ ချိတ်ဆက် နိုင်မည်ဖြစ်သည်။
Credit By: 7day News
Posted By: Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ