By Kumudra, Shweproperty.com
Updated at 8 February 2018
ပုဂ္ဂလိကပိုင်ပြုလုပ် ရေးကော်မရှင်လက်ဝယ်မှာရှိတဲ့ နိုင်ငံပိုင် မြေနဲ့ အဆောက်အအုံ၊ တိုက်ခန်းနဲ့ မြေကွက် ၁၅ ခုကိုရောင်းချဖို့ အိတ်ဖွင့်တင်ဒါ ခေါ်ယူထားပါတယ်။
ရောင်းချသွားမယ့် နိုင်ငံပိုင်မြေနဲ့ အဆောက်အအုံ၊ တိုက်ခန်းနဲ့ မြေကွက်တွေကတော့ မန္တလေးတိုင်းဒေသကြီးမှာ မြေကွက်ငါးခု၊ ရန် ကု န်တိုင်းဒေသကြီးမှာ မြေနဲ့ အဆောက်အအုံ နှစ်ခု၊ တိုက်ခန်းတစ်ခန်းနဲ့ ရှမ်းပြည်နယ်မှာတော့ မြေနဲ့ အဆောက်အအုံ ခုနစ်ခုရှိပြီး စု စုေ ပါင်း ၁၅ ခုရှိပါတယ်။
ဝယ်ယူလိုတဲ့ Lot No တစ်ခုချင်းအလိုက် သီးခြားအဆိုပြုလွှာ တစ်စောင်စီတင်သွင်းရမှာဖြစ်ပါတယ်။ တင်ဒါေ ရာင်းချမယ့်ရက်ကတော့ မတ် လ ၅ ရက်နေ့အထိ ဖြစ်ပြီး နေရာကတော့ စီမံကိန်းစိစစ်ရေးနဲ့ တိုးတက်မှုအစီ ရင်ခံရေးဦးစီးဌာန၊ရုံးအမှတ် (၃)၊ နေပြည်တော် ဖြ စ်ပါတယ်။
Lot No တင်ပြရမယ့်ရက်က တော့ မတ်လ ၆ ရက်နေ့ကနေ ၈ ရက်နေ့ အထိ ဖြစ်ပါတယ်။ တင်ဒါတင်သွင်းရမယ့်ရက်ကတော့ မတ်လ ၉ ရက်နေ့ ဖြစ်ပြီး Lot No (၁) ကနေ ၁၅ အထိ နံနက် ၁၀းဝ၀ နာရီမှစပြီး အစဉ်လိုက်လက်ခံသွားမှာ ဖြစ်ပါတယ်။
အသေးစိတ်အချက်အလက်တွေကို သိရှိလိုပါက ဖုန်း – ဝ၆၇ ၄၀၆၃၃၉ နဲ့ ဝ၆၇ ၄၀၆၁၈၅ တို့ကို ရုံးချိန်အတွင်းမှာ ဆက်သွယ်စုံစ မ်းနို င်ပါတယ်။ Website http//www.mopf.gov. mm မှာလည်း ဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။ Ref : Kumudra Photo Credit : Mmtimes Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ