By Eleven Media Group, Shweproperty.com
Updated at 5 February 2018
ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ရှိ နိုင်ငံပိုင်မြေနှင့် အဆောက်အအုံ၊ တိုက်ခန်းနှင့် မြေကွက် ၁၅ ခုကို အိတ်ဖွင့်တင်ဒါဖြင့် ရော င်း ချမည်ဖြစ်ကြောင်း ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်က ဇန်န၀ါရီ ၃ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။
အဆိုပါ ၁၅ ခုအနက် ရန်ကုန်တိုင်းဒေသကြီးမှ ရွှေဂုံပလာဇာ အမှတ် (၅၀၂/ ဘီ) အပေါ်ဆုံးတိုက်ခန်းတစ်ခုနှင့် ၀ ဒသမ ၂၅၇ ဧက ရှိေ သာ ဗဟန်းမြို့နယ် ရွှေတောင်ကြား (၂) ရပ်ကွက် အမှတ်(၁၁) ကမ္ဘာအေးဘုရားလမ်းရှိ မြေနှင့် ကားဂိုဒေါင်တွဲလျက် RC နှစ် ထပ် တိုက် တစ်လုံးနှင့် ၀ ဒသမ ၁၆၅ ဧကရှိသော ဒဂုံမြို့သစ်(တောင်ပိုင်း) မြေကွက်အမှတ် (၂၁) အမှတ် (၂၃) ရပ်ကွက် မြစ်ကြီးနားလမ်းရှိ မြေနှင့် ဂိုဒေါင်တစ်လုံးကို ရောင်းချမည်ဖြစ်ကြောင်း ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်၏ ကြေညာချက်အရ သိရသည်
မန္တလေးတိုင်းဒေသကြီးတွင် ရောင်းချမည့် နိုင်ငံပိုင်မြေနှင့် အဆောက်အအုံ၊ တိုက်ခန်းနှင့် မြေကွက်များအဖြစ် ၀ ဒသမ ၀၅၅၁ ဧကရှိသော မန္တလေးတိုင်းဒေသကြီး ချမ်းမြ သာစ ည် မြို့နယ် မြရည်နန္ဒာရပ်ကွက် အကွက်အမှတ် (ဘဘ- ၄/ ၁၁) ရှိ မြေကွက် ၀ ဒသမ ၀၅၅၁ ဧကရှိသော မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် ထွန် တုံး ရပ်ကွက် အကွက်အမှတ် (ဇဇ-၂၉/ ၃၄) ၊ (ဇဇ-၂၀/ ၈၅) မြေကွက်နှစ်ကွက်၊ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၁) ရပ်ကွက်၊ (၆၈) လမ်း၊ ရွှေနှင်းဆီလမ်းနှင့် ယုဇနလမ်းကြားရှိ ၀ ဒသမ ၂၂၉၆ ဧကရှိသော (တ-၇/ စ)ရှိ မြေကွက်များနှင့် ၀ ဒသမ ၅၆၂၅ ဧကရှိသော မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ကန်ကောက်ရပ်ကွက် လမ်း(၃၀) (၅၃_ ၅၄) လမ်းကြား၊ အကွက်အမှတ် (ဘီ-၄)၊ ဦး ပိုင်အမှတ် (၁-ဆ)ရှိ မြေကွက်များကို ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်တွင် ရောင်းချမည့် နိုင်ငံပိုင်မြေနှင့် အဆောက်အအုံ ခုနစ်ခုရှိနေပြီး အဆိုပါ မြေနှင့် အဆောက်အအုံများမှာ ရှမ်းပြည်နယ် တာချီလိတ်မြို့ လွန်းကျိုင်းကွင်း ကွင်းအမှတ် (၂၃) အမှတ် (၂၄၁) အခါဈေး နောက် (၀ိန်းကျောက်ရွာ) ယခင်ဟောင်လိတ် အုပ်စုရှိြေ မနှင့်အဆောက်အအုံ (၀ ဒသမ ၀၇၄ ဧက)၊ တာချီလိတ်မြို့၊ လွန်းကျိုင်းကျေးရွာ၊ လွန်းကျိုင်းကွင်း၊ ကွင်းအမှတ် (၂၃)ရှိမြေ၊ အေ ဆာက် အအုံနှင့် ဂိုဒေါင် (၀ ဒသမ ၆၁ ဧက)၊ တာချီလိတ်မြို့၊ ၀ိန်းကျောက်ရွာ၊ ဟောင်လိတ်ကျေးရွာအုပ်စုရှိ မြေနှင့် အဆောက်အ အုံ (၄ ဒသမ ၈၀ ဧက)၊ တာချီလိတ်မြို့၊ ၀ိန်းကျောက်ရပ်ကွက် လွန်းကျိုင်းရွာ၊ လွန်းကျိုင်းကွင်း၊ ကွင်းအမှတ် (၂၃)ရှိ မြေနှင့် RC နှစ်ထပ် အေ ဆာ က် အအုံတစ်လုံး၊ RC တစ်ထပ်အ ဆောက်အအုံတစ်လုံး (၀ ဒသမ ၇၇ ဧက)၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း (ခ)ရပ်ကွက်၊ အိမ်အမှတ် (၅/ ၅၈ +၅၉) ဦးပိုင်အမှတ် (၁၀၂/ ၁၀၃) အကွက် အမှတ်(၁၆)ရှိ မြေနှင့် သုံးထပ်အဆောက်အအုံ (၀ ဒသမ ၁၂၇ ဧက)၊ တာချီလိတ်မြို့၊ ဆန် ဆိုင်း (က) ရပ်ကွက်၊ ခွာညိုလမ်း၊ အမှတ် (၅/၂၃-က) ရှိ မြေနှင့် အဆောက်အအုံနှစ်လုံး (၀ ဒသမ ၀၆၀ ဧက) နှင့် တာချီလိတ်မြို့၊ ဆန် ဆိုင်း (က) ရပ်ကွက် ခေတ္တာလမ်း အမှတ် (၄/၈၇) ရှိ မြေနှင့် အဆောက်အအုံသုံးလုံး (၀ ဒသမ ၀၈၈ ဧက) တို့ကို ရော င်းချ မည်ြ ဖစ်ေ ကြာင်း သိရသည်။
အဆိုပါမြေကွက်များကို ကြေညာခဲ့သည့်နေ့မှစတင်၍ သွားရောက်ကြည့်ရှုနိုင်မည်ဖြစ်ပြီး ၀ယ်ယူရန် အဆိုပြုလွှာတင်သွင်းချိန်တွင် ၀ယ် ယူသည့်မြေနှင့် အဆောက်အအုံ၊ တိုက်ခန်းနှင့် မြေကွက်ကို ကြည့်ရှုစစ်ဆေးပြီးဖြစ်ကြောင်း ၀န်ခံချက်ပူးတွဲတင်ပြရမည်ဖြစ်ကာ အိ တ် ဖွင့် တင်ဒါကို ဖေဖော်ဝါရီ ၅ ရက်မှ မတ် ၅ ရက်အထိ ပုဂ္ဂလိကပိုင်ပြုလုပ် ရေးကော်မရှင်ရုံးတွင် ၀ယ်ယူနိုင်မည်ဖြစ်ပြီး မတ် ၆ ရက်မှ မတ် ၉ ရက်အထိ တင်ဒါပြန်လည်တင်သွင်းနိုင်မည်ဟု သိရသည်။
Ref : Eleven Media Group Photo Credit : Frontiermyanmar Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ