By Sint Sint, Shweproperty.com
Updated at 24 September 2020
Unicode Version
ရန်ကုန်တိုင်းဒေသကြီးအတွင်း Stay at Home သတ်မှတ်ထားသည့် မြို့နယ်များကို Ration စနစ်ဖြင့် အခြေခံစားကုန်များ ဖြန့်ဖြူးပေးနိုင်ရေး စီမံဆောင်ရွက်ထားရှိနိုင်ရန် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက ညွှန်ကြားထားကြောင်း သိရသည်။
“အစည်းအဝေးမှာတော့ ပြောလိုက်တယ်။ ဒါပေမဲ့ စီမံချက်ဆွဲပြီးတော့ ဝန်ကြီးကတော့ ပြောလိုက်ပါတယ်။ မနေ့က အစည်းအဝေးမှာပါ။ စီမံချက်ဆွဲပြီးတော့ အိမ်ထောင်စုအလိုက် ဖြန့်ဝေနိုင်မယ့် အစီအမံလေးတွေ တင်ပြကြဖို့ ညွှန်ကြားချက်တော့ပါတယ်။ သိပ်မကြာပါဘူး။ အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ အစီအမံသွားမှာပါ။ အခြေခံစားကုန်ပေါ့။ ဘာတွေလဲတော့ အတိအကျမသိသေးဘူး။ အဓိက စားကုန်လို့ပြောပါတယ်။ ကျွန်တော်တို့ အစည်းအဝေးမှာလည်း ပြောပါတယ်။ ဒီနေ့လည်း ခရိုင်ကနေတစ်ဆင့် ရာရှင်ခေါ်တာပေါ့နော်။ စီမံချက်တွေ Upgrade ဖြစ်အောင် တင်ပြပါ။ အစီအမံတွေ အားလုံးပြီးပြီဆိုရင် ဘယ်လိုစီမံဆောင်ရွက်သွားမယ်ဆိုတဲ့ အစီအစဉ်တွေပြီးပြီဆိုရင် ပံ့ပိုးမှုတွေကလာမှာပါ” ဟု ဗိုလ်တထောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိန်သောင်းက ပြောကြားသည်။
COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ ညွှန်ကြားစာထဲတွင် ပြည်တွင်းကူးစက်မှုဟု သုံးသပ်ရသည့် COVID-19 ရောဂါ ဆင့်ပွားကူးစက်ခံရသူ များပြားလာသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၅ မြို့နယ်အနက် ကိုကိုးကျွန်းမြို့နယ်မှလွဲ၍ ကျန်မြို့နယ်များကို Stay at Home အစီအစဉ်တွင် ပါဝင်ကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာ ၂၀ ရက်တွင် ကြေညာပြီးဖြစ်သော်လည်း ကူးစက်မှုနှုန်းကို ထိန်းချုပ်ရန် ကန့်သတ်ချက်ရှိလာ၍ ပြည်သူများအား မိမိနေအိမ်တွင်သာ နေထိုင်စေမည့်အမိန့် ထပ်မံထုတ်ပြန်ရမည်ဆိုပါက ရန်ကုန်မြို့နေ ပြည်သူခုနစ်သန်းခန့် နေ့စဉ်စားသောက်ရေးအတွက် Ration စနစ်ဖြင့် အခြေခံစားကုန်များကို အိမ်ထောင်စုအလိုက် ဖြန့်ဖြူးပေးရေး စီမံဆောင်ရွက်ထားရှိရန် လိုအပ်မည်ဖြစ်ကြောင်း ပါရှိသည်။
ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၅ မြို့နယ်တွင် နေထိုင်သည့် အိမ်ထောင်စု တစ်စုချင်းစီအလိုက် ထောက်ပံ့ပေးရန် လိုအပ်မည့် အဓိကရိက္ခာ အမယ်အရေအတွက် ဖြန့်ဖြူးပေးရန်အတွက် စုပုံ၊ ထုတ်ပိုးရန်၊ အိမ်ထောင်စုအားလုံးသို့ ဖြန့်ဝေပေးရန် ကြာမြင့်မည့်အချိန်နှင့် ဖြန့်ဖြူးရာတွင် လူစုလူဝေးမဖြစ်စေရေးအတွက် ဆောင်ရွက်မည့် အစီအမံတို့ကို ကြိုတင်တွက်ချက်ပြင်ဆင်ထားရှိရန် လမ်းညွန်မှုအရ အကြောင်းကြားအပ်ကြောင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွန်ကြားစာတွင် ပါရှိသည်။
“ရန်ကုန်တိုင်းအစိုးရနေပြီးတော့ ပြည်သူတိုင်းကို ပံ့ပိုးပေးဖို့ စီစဉ်ထားတယ်။ ရပ်ကွက်ကနေပြီးတော့ လူဦးရေစာရင်းကို တင်သွင်းရမှာ။ ပြီးတော့ လူဦးရေစာရင်းကို ကောက်ဦးမှာပါ။ COVID ကာလ အလှည့်ကျပေးမယ်လို့ သိရတယ်။ ဘယ်မြို့နယ်မှာ လူဦးရေဘယ်လောက်ရှိတယ်ဆိုတာကို တောင်းနေတာ။ မြို့နယ်ထဲမှာရှိတဲ့သူတွေကို စာရင်းကောက်ရဦးမယ်။ အဲဒီစာရင်းကို ပြန်တင်ပြရမယ်” ဟု တာမွေမြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
Credit : Eleven Media Group
Posted By : Sint Sint (ShweProperty.com)
Zawgyi Version
ရန္ကုန္တိုင္းေဒသႀကီးအတြင္း Stay at Home သတ္မွတ္ထားသည့္ ၿမိဳ႕နယ္မ်ားကို Ration စနစ္ျဖင့္ အေျခခံစားကုန္မ်ား ျဖန႔္ျဖဴးေပးႏိုင္ေရး စီမံေဆာင္႐ြက္ထားရွိႏိုင္ရန္ COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ဗဟိုေကာ္မတီက ၫႊန္ၾကားထားေၾကာင္း သိရသည္။
“အစည္းအေဝးမွာေတာ့ ေျပာလိုက္တယ္။ ဒါေပမဲ့ စီမံခ်က္ဆြဲၿပီးေတာ့ ဝန္ႀကီးကေတာ့ ေျပာလိုက္ပါတယ္။ မေန႔က အစည္းအေဝးမွာပါ။ စီမံခ်က္ဆြဲၿပီးေတာ့ အိမ္ေထာင္စုအလိုက္ ျဖန႔္ေဝႏိုင္မယ့္ အစီအမံေလးေတြ တင္ျပၾကဖို႔ ၫႊန္ၾကားခ်က္ေတာ့ပါတယ္။ သိပ္မၾကာပါဘူး။ အဆင္သင့္ျဖစ္ၿပီဆိုတာနဲ႔ အစီအမံသြားမွာပါ။ အေျခခံစားကုန္ေပါ့။ ဘာေတြလဲေတာ့ အတိအက်မသိေသးဘူး။ အဓိက စားကုန္လို႔ေျပာပါတယ္။ ကြၽန္ေတာ္တို႔ အစည္းအေဝးမွာလည္း ေျပာပါတယ္။ ဒီေန႔လည္း ခ႐ိုင္ကေနတစ္ဆင့္ ရာရွင္ေခၚတာေပါ့ေနာ္။ စီမံခ်က္ေတြ Upgrade ျဖစ္ေအာင္ တင္ျပပါ။ အစီအမံေတြ အားလုံးၿပီးၿပီဆိုရင္ ဘယ္လိုစီမံေဆာင္႐ြက္သြားမယ္ဆိုတဲ့ အစီအစဥ္ေတြၿပီးၿပီဆိုရင္ ပံ့ပိုးမႈေတြကလာမွာပါ” ဟု ဗိုလ္တေထာင္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးစိန္ေသာင္းက ေျပာၾကားသည္။
COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ဗဟိုေကာ္မတီ၏ ၫႊန္ၾကားစာထဲတြင္ ျပည္တြင္းကူးစက္မႈဟု သုံးသပ္ရသည့္ COVID-19 ေရာဂါ ဆင့္ပြားကူးစက္ခံရသူ မ်ားျပားလာသည့္အတြက္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕နယ္ ၄၅ ၿမိဳ႕နယ္အနက္ ကိုကိုးကြၽန္းၿမိဳ႕နယ္မွလြဲ၍ က်န္ၿမိဳ႕နယ္မ်ားကို Stay at Home အစီအစဥ္တြင္ ပါဝင္ေၾကာင္း၊ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ စက္တင္ဘာ ၂၀ ရက္တြင္ ေၾကညာၿပီးျဖစ္ေသာ္လည္း ကူးစက္မႈႏႈန္းကို ထိန္းခ်ဳပ္ရန္ ကန႔္သတ္ခ်က္ရွိလာ၍ ျပည္သူမ်ားအား မိမိေနအိမ္တြင္သာ ေနထိုင္ေစမည့္အမိန႔္ ထပ္မံထုတ္ျပန္ရမည္ဆိုပါက ရန္ကုန္ၿမိဳ႕ေန ျပည္သူခုနစ္သန္းခန႔္ ေန႔စဥ္စားေသာက္ေရးအတြက္ Ration စနစ္ျဖင့္ အေျခခံစားကုန္မ်ားကို အိမ္ေထာင္စုအလိုက္ ျဖန႔္ျဖဴးေပးေရး စီမံေဆာင္႐ြက္ထားရွိရန္ လိုအပ္မည္ျဖစ္ေၾကာင္း ပါရွိသည္။
ထို႔ေၾကာင့္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕နယ္ ၄၅ ၿမိဳ႕နယ္တြင္ ေနထိုင္သည့္ အိမ္ေထာင္စု တစ္စုခ်င္းစီအလိုက္ ေထာက္ပံ့ေပးရန္ လိုအပ္မည့္ အဓိကရိကၡာ အမယ္အေရအတြက္ ျဖန႔္ျဖဴးေပးရန္အတြက္ စုပုံ၊ ထုတ္ပိုးရန္၊ အိမ္ေထာင္စုအားလုံးသို႔ ျဖန႔္ေဝေပးရန္ ၾကာျမင့္မည့္အခ်ိန္ႏွင့္ ျဖန႔္ျဖဴးရာတြင္ လူစုလူေဝးမျဖစ္ေစေရးအတြက္ ေဆာင္႐ြက္မည့္ အစီအမံတို႔ကို ႀကိဳတင္တြက္ခ်က္ျပင္ဆင္ထားရွိရန္ လမ္းၫြန္မႈအရ အေၾကာင္းၾကားအပ္ေၾကာင္း COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးအမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီ၏ ၫြန္ၾကားစာတြင္ ပါရွိသည္။
“ရန္ကုန္တိုင္းအစိုးရေနၿပီးေတာ့ ျပည္သူတိုင္းကို ပံ့ပိုးေပးဖို႔ စီစဥ္ထားတယ္။ ရပ္ကြက္ကေနၿပီးေတာ့ လူဦးေရစာရင္းကို တင္သြင္းရမွာ။ ၿပီးေတာ့ လူဦးေရစာရင္းကို ေကာက္ဦးမွာပါ။ COVID ကာလ အလွည့္က်ေပးမယ္လို႔ သိရတယ္။ ဘယ္ၿမိဳ႕နယ္မွာ လူဦးေရဘယ္ေလာက္ရွိတယ္ဆိုတာကို ေတာင္းေနတာ။ ၿမိဳ႕နယ္ထဲမွာရွိတဲ့သူေတြကို စာရင္းေကာက္ရဦးမယ္။ အဲဒီစာရင္းကို ျပန္တင္ျပရမယ္” ဟု တာေမြၿမိဳ႕နယ္အတြင္းရွိ ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက ေျပာၾကားသည္။
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ