By The Myanmar Times, Shweproperty.com
Updated at 25 October 2017
လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်နယ်မြေအတွင်းတွင် တန်ဖိုးနည်းအိမ်ခန်းပေါင်း ၃ဝဝ နီးပါး ရောင်းချရန် ကျန်ရှိနေသေးသည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးနေမျိုးလှိုင်က ပြီးခဲ့သည့်ရက်သတ္တပတ်က ပြောသည်။
ရွှေလင်ပန်းစက်မှုဇုန်နယ်မြေအတွင်းတွင် တန်ဖိုးနည်းအိမ်ရာများကို အပိုင်းသုံးပိုင်းဖြင်း ဆောက်လုပ်ခဲ့ပြီး၊ အပိုင်း ၁ ရှိ တန်ဖိုးနည်းအိမ်ရာများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံမှုဖြင့် ရောင်းချပေးပြီးဖြစ်သည်ဟု သိရသည်။
ထို့နောက် တန်ဖိုးနည်းအိမ်ရာ အပိုင်း ၂ နှင့် ၃ ရှိ အိမ်ခန်းများကို အိုးအိမ်ဌာနကရောင်းချခဲ့ရာတွင် အခန်းပေါင်း ၂၇၈ ထိ ရောင်းချရန် ကျန်ရှိနေသေးခြင်းဖြစ်သည်။
တည်နေရာအကျယ်အဝန်းနှင့် အထပ်မြင့်များ အလိုက် အနည်းဆုံး သိန်း ၁၂ဝ မှ အများဆုံး ၁၃၅ သိန်းဖြင့် ရောင်းချသည့် အပိုင်း ၂ တွင် အိမ်ခန်း ၂ဝဝ နှင့် အနည်းဆုံး ၉၈ သိန်းကျပ်မှ အများဆုံး ကျပ်သိန်း ၁၂ဝ ဖြင့် ရောင်းချသည့် အပိုင်း ၃ တွင် ၇၈ ခန်း ရောင်းချရန် ကျန်ရှိနေသေးခြင်းဖြစ်ကာ ဌာနရန်ပုံငွေဖြင့် တန်ဖိုးသင့်အိမ်ရာများ ဆောက်လုပ်ပြီး ငါးရာခိုင်နှုန်းမှ ၁ဝ ရာခိုင်နှုန်းအထိ အမြတ်တင်ပြီး ရောင်းချပေးခဲ့ကြောင်း၊ အဆိုပါ တန်ဖိုးသင့်အိမ်ရာများ ရောင်းချသည့် အမြတ်ငွေဖြင့် တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ကြောင်း ဦးနေမျိုးလှိုင်က ပြောသည်။
''တန်ဖိုးနည်းအိမ်ရာမှာတော့ ကျွန်တော်တို့ မြေတန်ဖိုးတွေ ထည့်မတွက်ထားဘူး။ နောက်အခြေခံကုန်ကျစရိတ်တွေဖြစ်တဲ့ ရေ၊ မီးအသုံးပြုဆောက်လုပ်ခတွေ၊ လမ်း၊ တံတားဆောက်လုပ်ခကုန်ကျစရိတ်တွေကိုလည်း တန်ဖိုးနည်းအိမ်ခန်းဝယ်ယူသူတွေကို အကုန်အကျမခံစေဘူး''ဟု ၎င်းက ပြောသည်။
တန်ဖိုးနည်းအိမ်ခန်းများ ရောင်းချရာတွင်၊ အိမ်ခန်းဝယ်ယူလိုသူများသည် တိုက်ခန်းတန်ဖိုး၏ ၃ဝ ရာခိုင်နှုန်းရှိသည့် ငွေပမာဏကို ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် စုဆောင်းထားရှိရန် လိုအပ်ပြီး၊ တန်ဖိုး ကျပ်သိန်း ၁၂ဝ တန် အိမ်ခန်းဝယ်ယူသည့်သူများသည် လစဉ် မိသားစုဝင်ငွေ ကျပ်သုံးသိန်းခွဲမှ ငါးသိန်းကျပ်အထိ ရှိရန်လည်း လိုအပ်သည်။
ဘဏ်၏ သတ်မှတ်စည်းမျဉ်းအချက်အလက်များနှင့် ပြည့်စုံသူများသည် ဘဏ်၏ ထောက်ခံချက်ဖြင့် အဆိုပါ တန်ဖိုးနည်းအိမ်ခန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာနလက်အောက်၊ မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနတွင် လျှောက်ထားဝယ်နိုင်ခွင့် ရှိမည်ဖြစ်သည်။
ရွှေလင်ပန်းစက်မှုဇုန်အတွင်း၌ပင် အိုးအိမ်ဌာနက ဆောက်ထားသည့် ထီးလှိုင်ရှင်တန်ဖိုးသင့်အိမ်ရာတွင်လည်း အိမ်ခန်းပေါင်း ရာချီကျန်ရှိနေပြီး တန်ဖိုးအားဖြင့် အများဆုံး ကျပ်သိန်း ၅၆ဝ မှ အနည်းဆုံး သိန်း ၃၁ဝ ရှိကြောင်း သိရသည်။
Ref : The Myanmar Times
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ