By 7daydaily, Shweproperty.com
Updated at 28 September 2015
ရန်ကုန်စတော့အိတ်ချိန်း တွင် စာရင်းသွင်းလိုသည့် အများ ပိုင်ကုမ္ပဏီများသည် အောက်တို ဘာ ၁၆ ရက်နောက်ဆုံးထား၍ စိတ်ဝင်စားမှုဖော်ပြချက်ကို စာ ရင်းတင်သွင်းရမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စာရင်း တင်သွင်းလိုသော အများနှင့် သက်ဆိုင်သည့် ကုမ္ပဏီများသည် ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်က ထုတ်ပြန်ထားသည့် အရည်အသွေး သတ်မှတ်ချက်စံများနှင့် ကိုက်ညီရမည်ဖြစ် ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။
စံနှုန်း သတ်မှတ်ချက်မှာ ၁၆ ချက်ဖြစ်ပြီး အစုရှယ်ယာအ နည်းဆုံး ၁၀၀နှင့် အထက်ရှိရမည် ဖြစ်ပြီး မတည်ရင်းနှီးငွေ ကျပ် သန်း ၅၀၀ နှင့် စတော့အိတ်ချိန်း သို့ လျှောက်ထားသည့် နေ့မတိုင် မီ အနည်းဆုံး ၂ နှစ်တာ ကာလ အတွင်း လုပ်ငန်းအမြတ်ရှိရမည် ဖြစ်သည်။ ထို့အပြင်ကုမ္ပဏီ ဒါရိုက်တာဝင်များသည် နာမည် ပျက်စာရင်းသွင်းခံရခြင်း၊ ပြစ် ဒဏ်ကျဖူးသူများနှင့် တရားစွဲဆို ခံထားရသူများမဖြစ်ရဟု သတ် မှတ်ထားသည်။
အထက်ပါစံနှုန်း ၁၆ ချက်တွင် ကုမ္ပဏီဒါရိုက်တာများသည် ကုမ္ပဏီနှင့် အပြိုင်လုပ်ငန်းတူစီးပွားရေးလုပ်ကိုင်ခွင့် ကန့်သတ် ထားပြီး အခွန်ဆောင်သည့် ကုမ္ပ ဏီဖြစ်ရမည်ဖြစ်သည်။
‘‘စတော့အိတ်ချိန်းမှာ နိုင်ငံ သားထောင်တဲ့ ကုမ္ပဏီပဲဝင်လို့ ရမယ်လို့ပြောတယ်။ စတော့အိတ်ချိန်းကို စိတ်ဝင်စားတာ ပြည် တွင်းထက် ပြည်ပက ပိုစိတ်ဝင် စားတယ်။ ကုမ္ပဏီသက်တမ်း အချိန်သတ်မှတ်ချက်ကလည်း ရှိ နေတော့ အခုမှ ထောင်တဲ့ ကုမ္ပဏီအများစုမပါနိုင်ဘူး’’ဟု မြန်မာ့လယ်ယာစီးပွားရေး အများပိုင် ကော်ပိုရေးရှင်းမှ ဒါရိုက်တာ ဒေါက်တာ စိုးထွန်းက ပြောသည်။
ဝင်ရောက်လိုသည့် ကုမ္ပဏီ သက်တမ်းသည် အနည်းဆုံး သုံး နှစ်ရှိရမည်ဖြစ်ပြီး ဝင်ငွေအမြတ် ၂ နှစ်ပြရမည့်ကန့်သတ်ချက်သည် အများပိုင်ကုမ္ပဏီများ ရန်ကုန်စ တော့အိတ်ချိန်းကို ဝင်ရောက်ခွင့် မရသည့် အဓိကကန့်သတ်ချက် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ ယင်းအချက်ကြောင့် ယခင်ကုမ္ပဏီဟောင်းများသာ အဆင်ပြေမည်ဖြစ်ပြီး လူစိတ်ဝင်စားမှု မြင့်တက်နေသည့် သီလဝါ အများပိုင်ကုမ္ပဏီကဲ့သို့ အခုမှ စတင်တည်ထောင်သော ကုမ္ပဏီများ ပါဝင်နိုင်မည်မဟုတ်ကြောင်း ဒေါက်တာ စိုးထွန်းက ပြောသည်။
‘‘ရေရှည်အတွက် နိုင်ငံခြား ကုမ္ပဏီတွေ စတော့အိတ်ချိန်းမှာ ဝင်ရောက်လုပ်ကိုင်နိုင်ဖို့ ကုမ္ပဏီများ ဥပဒေကို ပြင်ဆင်သင့်တယ်။ အပိုင်းလိုက် ဘယ်အပိုင်းမှာ ဘယ် လောက်နိုင်ငံခြားဝင်ရောက်လုပ် ကိုင်ခွင့်ဆိုတာမျိုး ခွင့်ပြုရမှာပါ’’ ဟု နိုင်ငံတကာစတော့အိတ်ချိန်း အတွေ့အကြုံရှိ Thura Swiss မှ အမှုဆောင်အရာရှိချုပ် ဒေါက် တာ အောင်သူရက ပြောသည်။
Ref : 7daydaily
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ