By The Kumudra, Shweproperty.com
Updated at 15 March 2016
ရှမ်းပြည်နယ် တောင်ကြား၊ပြင်ဦးလွင်၊မေမြို့၊ကလော၊ပဲခူး စတဲ့ ဘက်တွေမှာ အိမ်ခြံမြေရင်းနှီးမြုပ်နှံချင်ရင် အလားအလာ ဘယ်လိုကောင်းတဲ့ နေရာမှာ ဈေးနှုန်း ဘယ်လောက်သက်သက် သာသာနဲ့ရမယ်ဆိုတာ မျိုးတွေနဲ့ ဈေးကွက် ကိုစိတ်ဝင်စားအောင် လုပ်တာလို့ အကျိုးဆောင်တချို့က ပြောပါတယ်။
ဝယ်ရောင်းအကျိုးဆောင် ဦးကျော်နိုင်က "ရန်ကုန်မှာဈေးကွက်ငြိမ်ရင် ဈေးကွက်ပြန်လှုပ်ကြ သလိုမျိုးပေါ့၊ အကျိုးဆောင်တွေအချင်းချင်း ဈေးစပ်တာမျိုးတွေ ၊အွန်လိုင်းတွေမှာပါ ကြော်ငြာလာကြတာ နယ်ဘက်တွေမှာ ပါအရောင်းအဝယ် အေးနေတာကြောင့် ဝယ်ရောင်းသမားတွေက နောက်ပိုင်းဘယ်လိုအလား အလာကောင်းနိုင်တယ်ဆိုတဲ့ အချက်တွေနဲ့ ရင်းနှီးမြုပ်နှံသင့်တယ်ဆိုပြီး ဝယ်သူတွေကိုစိတ်ဝင်စားအောင် လုပ်တာမျိုးတွေရှိလာပါတယ်" လို့ ပြောပါတယ်။
တချို့က နောင်ရေးအတွက် စိတ်ချရအောင် ရင်းနှီးထားလို့ရပါတယ်။ကလော မေမြို့၊တောင်ကြီးစတဲ့ နေရာတွေမှာတော့ ရာသီဥတုပူလာရင် အပန်းဖြေဖို့အတွက် အိမ်လေးဆောက်ပြီးနေလို့ရတယ်၊မြေတစ်ကွက် ဘယ်လောက်ဆိုတာမျိုးတွေနဲ့ ကြော်ငြာကြတာပါ။
ရွှေဝသုန်အကျိုးဆောင်မှ ဦးမောင်ဦးကပဲခူး ဘက်ကျတော့ စီးပွားရေးသမားတွေတွက် ဆွဲဆောင်တာ၊လေဆိပ်စီမံကိန်းလည်း ရှိနေတော့ တချို့တွေကကြိုပြီးဝယ်ထားချင်ကြတယ်။အမြန်အနီး ဝန်းကျင်နေရာတွေလို မျိုးတွေမှာ လို့ပြောပါတယ်။
ဥပမာ - ပဲခူးမြို့နဲ့ နီးတဲ့အမြန်လမ်းနဲ့ သိပ်မဝေးတဲ့နေရာမှာ ရှော့ပင်းမောလ် တည်ဆောက်နေတယ် ၊ဆိုင်ခန်းတွေစရောင်းနေပြီ ဘေးအနား ဝန်းကျင်မှာ ဘယ်လိုမျိုးဝယ်ထားသင့်တယ်ဆိုတာ မျိုးတွေနဲ့ဝယ်သူကိုစိတ်ဝင်စားအောင် ပြောကြတယ်။ရှမ်းပြည်နယ် တောင်ကြီး ဘက်တွေမှာတော့ တောင်ပေါ်မြို့လေးမှာ နေနိုင်ဖို့ ပေ ၅၀ ပတ်လည်တစ်ကွက်ကို ကျပ်သိန်း ၄၀၀၊၅၀၀၊ကျော်နဲ့ရနိုင်မယ် နောင်ရေးအတွက် လည်း စိတ်ချပြီး ရင်းနှီးမြုပ်နှံ ဖို့ရတယ်ဆိုပြီး ကြော်ငြာကြတာပါ။
Ref : The Kumudra
Photo Credit : newplor
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ