By The Modern, Shweproperty.com
Updated at 25 March 2016
စတော့ခ်ရှယ်ယာဈေးကွက်ကို သက်ရောက်မှုနည်းနိုင်ပြီး လိမ်လည်မှုတွေကြုံတွေ့ရနိုင်တဲ့ဈေးကွက်ဖြစ်လို့ ဈေးကွက်ထဲဝင်မယ့်သူတွေအနေနဲ့ သတိထားသင့်တယ်လို့ သိရပါတယ်။
အကျိုးဆောင်အများစုကတော့ စတောခ်ဈေးကွက်ကြောင့်အိမ်ခြံမြေကို ထိခိုက်မှုမရှိနိုင်ဘူး ၊ အိမ်ခြံမြေဈေးကွက်က ခိုင်မာမှုရှိပြီး အန္တရာယ်နည်း တာကြောင့်လို့ ပြောပါတယ်။
ငွေကို အရင်းအနှီးပြုပြီး အကျိုးအမြတ်လိုချင်တဲ့သူတွေကတော့ အကျိုးအမြတ်ရနိုင်တဲ့ ဈေးကွက်တွေနဲ့ချိတ်ဆက်ပြီး လုပ်နေကြတာပါ ။ မြန်မာနိုင်ငံရဲ့အခြေအနေအရ ကားဈေးကွက် ၊ အိမ်ခြံမြေ ၊ ရွှေ ၊ ဒေါ်လာစတဲ့ဈေးကွက်တွေမှာ ကောင်းရင်ကောင်း တဲ့ဈေးကွက်ကို ပြောင်းပြီးငွေကြေးကို ကစားတတ်ကြ တဲ့သဘောရှိတယ်လို့ ကျွမ်းကျင်သူတချို့က ဆိုပါတယ်။
ဝါရင့်အကျိုးဆောင်ဦးမောင်မောင်က "စတော့ခ်ဈေးကွက်က အခုမှစတင်မှာဆိုတော့ သူ့ရဲ့ဈေးကွက်အခြေအနေက ဘယ်လိုရှိမယ် ၊ ခိုင်မာမှု ၊ ဒါတွေကို လေ့လာရမယ့် အဆင့်မှာပဲ ရှိနေပါသေးတယ် ၊ အိမ်ခြံမြေကတော့ နှစ်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံလုပ်ကိုင်လာခဲ့တဲ့ စီးပွားရေး တစ်ခုဖြစ်နေတယ် ၊ အရှုံးပေါ်တယ်ဆိုတာမျိုး မရှိသလောက်အမြတ်ရနေတဲ့ ဈေးကွက်ပါ" လို့ နှိုင်းယှဉ်ပြီး ပြောပြပါတယ်။
စတော့ခ်ဈေးကွက်ထဲဝင်မယ်ဆို စတော့ခ်မားကက်ဖွင့်သူတွေရဲ့ အရည်အချင်း ၊ ရှယ်ယာတွေလိမ်လုပ်ချင်သူတွေ ဈေးကွက်ထဲဝင်လာမယ့် အန္တရာယ် ၊ ဒါတွေကို သိထားရမှာပါ။
စီးပွားရေးနဲ့ ဥပဒေလမ်းညွန် ဦးတင်သန်းဦးက "စတော့ခ်ရဲ့ အန္တရယ်ကို အမြဲပြောဖူးပါတယ်လိမ်လည်မှုတွေနဲ့ ဝင်လာမှာကို မတားဆီးနိုင်ဘူး ဆိုရင် ရှယ်ယာဝင်ကစားတဲ့သူတွေကို ဥပဒေအရ ကာကွယ်ပေးနိုင်မှာမဟုတ်ဘူးဆိုတာကို သတိပြုရမှာပါ ၊ ပြည့်စုံတယ်ဆိုတဲ့ အမေရိကန်တို့လို မှာတောင် စတော့ခ်ဈေးကွက်ရဲ့လိမ်လည်မှုတွေ ၊ တရုတ်မှာလဲ စီးပွားရေးအကျပ်အတည်းတွေရင်ဆိုင်နေရတာ ၊ မြန်မာမှာပိုပြီး သတိထား ရမှာပါ"လို့ ပြောပါတယ်။
တချို့က ရင်းနှီးမြှုပ်နှံမှုစီးပွားရေးဈေးကွက် အသစ်တွေ့ရှိလာရင် အိမ်ခြံမြေကိုပဲပြုံပြီး ရင်းနှီးမြှုပ်နှံမှုတွေ လျော့သွားနိုင်တယ်လို့ ထင်မြင်ကြတာပါ။ စတော့ခ်ဈေးကွက်ကြောင့် အိမ်ခြံမြေဈေးကွက်ကျနိုင်မယ်လို့ ပြောကြတာလည်းရှိပါတယ်။ စီးပွားရေးကျွမ်းကျင်သူအများစုကတော့ စတော့ခ်ဈေးကွက်ထဲကို လုပ်ငန်းပေါင်းစုံဝင်ရောက်လာပြီး ရွှေပါဝင်လာရင်တော့ စတော့ခ်ဈေးကွက်က ကောင်းလာနိုင်မှာပါလို့ သိရပါတယ်။
Ref : The Modern
Photo Credit : shutterstock
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ