By Kumudra, Shweproperty.com
Updated at 24 December 2018
ရပ်နားနေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတချို့ ပြည်တွင်းဘဏ်တွေဝန်ဆောင်မှုတွေကြောင့် ပြန်လည်လှုပ်ရှားလာတယ်လို့ သိရပါတယ်။
ဆောက်လုပ်ရေးကဏ္ဍ ရပ်ဆိုင်းနှေးကွေးတဲ့ အဆင့်တွေနဲ့ ရင်ဆိုင်ခဲ့ရပြီး လက်ရှိမှာ အချို့ရပ်နေတာတွေ နည်းနည်းပြန်လှုပ်ရှားလာတယ်လို့ သိရပါတယ်။
ဆောက်လုပ်ရေးကဏ္ဍနဲ့ပတ်သက်ပြီးတော့ Myanmar Dev-eloper Association (MDA ) ရဲ့ ဥက္ကဋ္ဌဦးမောင်ဝိတ်က “ယခင်နှစ်က ဆောက်လုပ်ရေးကဏ္ဍအခြေအနေကိုကြည့်ရင် ကျွန်တော်တို့ နောက်တစ်နှစ်ပြည့်အောင်ခရီးဆက်နိုင်ပါ့မလား စိုးရိမ်စရာတွေ ဖြစ်ခဲ့ပါတယ်၊ တစ်နှစ်တာကာလကို ရပ်ဆိုင်းနှေးကွေးအဆင့်နဲ့သာ ရင်ဆိုင်ခဲ့ရပြီးတော့ ပြိုလဲခြင်း အဆင့်မရောက်ခဲ့တာဟာ အဆိုးထဲက အကောင်းအနေနဲ့ မြင်တွေ့ခဲ့ရတော့ လက်ရှိမှာ အနည်းငယ်ပြန်လည်လှုပ်ရှားလာပြီဖြစ်တယ်”လို့ ပြောပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းပြိုလဲမသွားတာဟာ ပြည်တွင်းဘဏ်တွေနဲ့လည်း သက်ဆိုင်နေပြီး လက်ရှိမှာဆိုရင်လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကလည်း ဆောက်လုပ်ခွင့်ပါမစ်တွေကို လွယ်ကူလျင်မြန်စွာနဲ့ ခွင့်ပြုလာပြီလို့ သိရပါတယ်။
“ကျွန်တော်တို့ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍပြိုလဲခြင်းကို ရောက်မသွားဖို့အတွက် အဓိက ကျေးဇူးတင်ရမှာက ပြည်တွင်း ဘဏ်တွေပဲဖြစ်ပါတယ်၊အခြေအနေတွေကြောင့် အရောင်းအဝယ် တွေကျဆင်းသွားချိန်မှာ ဘဏ်ချေးငွေတွေကို ကြိုတင်အသိမပေးဘဲ ပြန်ခေါ်တဲ့ အစီအစဉ်တွေ ဆက်လုပ်မသွားတဲ့အတွက်လည်း ဖြစ်တယ်၊ ဗဟိုဘဏ်အနေနဲ့လဲ ပြည်တွင်းစီးပွားရေး အင်အားစုတွေရဲ့ အခက်အခဲတွေကို သဘောပေါက်တာကြောင့် ဖိအားမပြုခဲ့တာကြောင့်လဲ ဖြစ်တယ်”လို့ ဦး မောင်ဝိတ်က ဆက်ပြီး ပြောကြားခဲ့ပါတယ်။
လက်ရှိ အိမ်ခြံမြေတိုက်ခန်း ဈေးတွေမှာ ဒေါ်လာနဲ့ အခြေခံတွက်ချက်ရင် အခုနှစ်ကုန်ပိုင်းမှာ ၆၀ ရာခိုင်နှုန်းကျဆင်းသွားခဲ့ပြီးတော့ အခု သိန်း၁ဝဝ ပေါက်ဈေးမှာသိန်း ၄၀ ဝန်းကျင်ပေါက်ဈေးသာရှိနေပါတယ်။ ဝယ်သူတွေအတွက် အကောင်းဆုံးအချိန်ဖြစ်နေပြီးတော့ သိန်း၄၀ တန်ကနေ သိန်း၁ဝဝ ဖြစ်ရင် တစ်ဆခွဲအမြတ်ရနိုင်မယ့် အချိန်တစ်ခုလည်း ဖြစ်နေပါတယ်။
မြန်မာနိုင်ငံရဲ့ မြေတွေဈေးကြီးတယ် ကြားနေရတဲ့တစ်ချိန်တည်းမှာပဲ ရန်ကုန်နဲ့ မန္တလေးအိမ်ခြံမြေဈေးမှာ အာဆီယံနိုင်ငံတွေရဲ့ နှိုင်းယှဉ်ရင် ၁၀ ဆက ၂၀ ဆသက်သာနေတာကို တွေ့ရပါ တယ်။ရန်ကုန်-မန္တလေးလိုကေး ရှင်းအရ တခြားအာဆီယံနိုင်ငံမြို့ကြီးတွေထက် ၁၀ ဆ ညံ့မနေတဲ့အပြင် နည်းနည်းတောင်သာနေပါတယ်။ဒါကြောင့် ရင်းနှီးမြှုပ်နှံသူတွေလဲ နေရာအနှံ့မှာ ငြိမ်ငြိမ်လေး ဝင်ရောက်လာတာကို တွေ့ရ ပါတယ်၊ အခုလို ဈေးကျနေချိန်မှာ တကယ်ဝယ်ယူတဲ့သူတွေကလဲ နိုင်ငံသားအများစု ဖြစ်စေချင်ကြောင်း” ဦးမောင်ဝိတ်က ပြောပါတယ်။
Myanmar Developer Association (MDA) အသင်းမှာ ဆောက်လုပ်ရေးကဏ္ဍဖြစ်ပေါ်နေတဲ့ အခက်အခဲတွေကို သက်ဆိုင်ရာကို တင်ပြခြင်း၊ အခက်အခဲတွေကို ကျော်လွှားဖို့ ဝိုင်းဝန်းကြိုးစား ကြရာကနေ ပေါ်ပေါက်လာပြီးတော့ အိမ်ရာတွေ ထုတ်လုပ်တဲ့အခါမှာလည်း တန်ဖိုးနည်းအိမ်ရာတွေကို ရာခိုင်နှုန်းတစ်ခုအနေနဲ့ ထုတ်လုပ်နိုင်အောင် တာဝန်တစ်ရပ်အနေနဲ့ ကြိုးစားသွားမယ်လို့ သိရပါတယ်။
လက်ရှိဆောက်လုပ်ရေး ကဏ္ဍမှာဆိုရင် အစိုးရလုပ်ဆောင်နေတဲ့ ပရောဂျက်တွေသာ အားကောင်းနေပြီးတော့ ကိုယ်ပိုင်လုပ်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ထူးထူးခြားခြားပြုပြင်ပြောင်း လဲသွားတာမျိုး မတွေ့ရသေးကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းအတွင်းရေးမှူးဦးမျိုးမြင့်က ပြောပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းတွေ အနေနဲ့ နိုုင်ငံခြားဘဏ်တွေ၊ ဖွင့်လှစ်ခွင့်ပေးလိုက်တာတွေ၊ ဘဏ်ချေးငွေတွေ၊ ပေးလာတာတွေရှိသလိုမျိုး ကွန်ဒိုဥပဒေတွေထွက်ရှိပြီး apartment law တွေလည်း ရှေ့ နှစ် လောက်မှာ ထွက်နိုင်မယ်ဆိုရင်တော့ ၂၀၁၉ ခုနှစ်နှစ်လယ်လောက်မှာဆိုရင်ဆောက်လုပ်ရေးလုပ်ငန်းတွေ ပြန်ကောင်းလာနိုင်ဖို့ ရှိနေတယ် ”လို့ သူကဆက်ပြောခဲ့ပါတယ်။
Ref : Kumudra
Photo Credit : Mmbiztoday
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ