By 7daydaily, Shweproperty.com
Updated at 14 June 2016
ရန်ကုန်မြို့တွင်း ၁၃ထပ် နှင့်အထက် ဆောက်လုပ်မည့်အ ဆောက်အအုံ ၁၄၀ကျော်ကို ရပ် ဆိုင်းထားခြင်းအပေါ် မြို့တော်ဝန် အပါအဝင် စည်ပင်ကော်မတီများ ယခုရက်ပိုင်းအတွင်း အစည်းအ ဝေးပြုလုပ်၍ ဆုံးဖြတ်မည်ဖြစ် ကြောင်း သတင်းရရှိသည်။
ယခင် အစိုးရလက်ထက် တာဝန်ထမ်းဆောင်ခဲ့သော စည် ပင်ကော်မတီဝင်များ အပြောင်း အလဲ ပြုလုပ်နေခြင်းနှင့် အတူ ကော်မတီဝင် အစည်းအဝေးမပြု လုပ်ရသည်မှာ ကြာမြင့်နေပြီဖြစ်၍ ယခုအသစ်ခန့်အပ်ခံရသော ကော်မတီဝင်များနှင့်မြို့တော်ဝန် တို့ တွေ့ဆုံစဉ် ရပ်ဆိုင်းထားသည့် အထပ်မြင့်ကိစ္စကို ဆွေးနွေးဆုံး ဖြတ်မည်ဟု ဆိုသည်။
ရန်ကုန်မြို့တွင် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း ခွင့်ပြုချက်ရရှိ ခဲ့သည့် ၁၃ထပ်နှင့်အထက်အ ထပ်မြင့်အဆောက်အအုံ ၁၄၁ လုံး ကို ပြန်လည်စစ်ဆေးရေး အကန့် အသတ်မရှိရပ်ဆိုင်းရန် ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီက မေလ ၂၀ ရက်၌ စတင်ညွှန်ကြားခဲ့သည်။ ထို့ကြောင့် ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်အများစု ရပ်ဆိုင်းထားသည်မှာ ရက်ပေါင်း ၂၀ကျော်နေ ပြီဖြစ်သည်။
အသစ်ခန့်အပ်ခဲ့သည့် စည်ပင်ကော်မတီဝင်များတွင် မြို့ပြစီမံကိန်းပညာရှင်များ၊ ကျွမ်းကျင်သူများပါဝင်လာပြီဖြစ်၍ ရပ်ဆိုင်းထားသည်မှာ ကြာမြင့်နေသော၁၃ထပ်နှင့်အထက် အဆောက်အအုံ ဆောက်လုပ်မှုကို ပြန်လည်ဆွေးနွေးဆုံးဖြတ်မည်ဖြစ်သည်။
အထက်ပါအဆောက်အအုံ များအပါအဝင်ပြီးခဲ့သည့်အစိုုးရ လက်ထက်ကမူအားဖြင့် ခွင့်ပြုခဲ့ သော အဆောက်အအုံများ ပြန် လည်စစ်ဆေးခြင်းကို ပညာရှင် များ ပါဝင်သည့် ကော်မတီတစ်ရပ်ဖွဲ့စည်းကာ စစ်ဆေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့က ပြောကြားသည်။
ရပ်ဆိုင်းထားသည့် အဆောက်အအုံများတွင် အထပ်ပိုနေခြင်း၊ ကန့်သတ်ဧရိယာအနီးတွင်တည်ရှိခြင်း၊ ဘာသာရေးဆိုင်ရာ အထွတ်အမြတ်နေရာများ၌ တည်ရှိခြင်းများဖြစ်ပါက စည်းကမ်းနှင့် အညီပြန်လည်ပြင် ဆင်ပေးရမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင် အသိုင်းအဝန်း၌ သတင်းများ ထွက်ပေါ်နေသည်။
ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ၌ လစ်လပ် နေသည့် ကော်မတီဝင်များနေရာ တွင် အတွင်းရေးမှူးအဖြစ် ဒေါ် လှိုင်မော်ဦး၊ တွဲဖက်အတွင်းရေး မှူးအဖြစ် ဦးသန်း၊ ကော်မတီဝင် အဖြစ် ဒေါ်မေမေသွင်နှင့်စာရေး ဆရာမဒေါ်သန်းမြင့်အောင်တို့အားမြို့တော်ဝန်က ဇွန်လ ၁ရက်တွင် ခန့်အပ်ခဲ့သည်။
ကျန်ကော်မတီဝင်များအ တွက် စည်ပင်ရွေးကောက်ပွဲတစ် ရပ် ပြုလုပ်ရန်ရှိကြောင်း ရန်ကုန်မြို့တော်ဝန်က ပြောကြားခဲ့သည်။
Ref : 7daydaily
Photo Credit : 7daydaily
Posted By : Moe Thae
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ