By The Modern, Shweproperty.com
Updated at 8 July 2016
အိမ်ခြံမြေဈေးကွက်အတွင်း ကန်တရိုက်တိုက်ခန်း ၊မြေကွက် ၊လုံးချင်းတိုက်စတဲ့ အိမ်ခြံမြေလုပ်ငန်းတွေကိုနည်းလမ်းမျိုးစုံအသုံးပြုပြီး မြေပိုင်ရှင်နဲ့ ကန်ထရိုက်တွေကအရောင်းဈေးကွက်တင်လာကြတယ်လို့ အကျိုးဆောင်တချို့ဆီကသိရပါတယ်။ "အရင်ကအိမ်ခြံမြေ လုပ်မယ်ဆိုရင် အကျိုးဆောင်ကိုအပ်တယ် ၊ရောင်းဝယ်ငှါး အားလုံးကို အကျိုးဆောင်က တဆင့်သွားကြတယ် ၊အခုကျတော့အဝယ်က မဖြစ်တော့ ကိုယ်တိုင် အွန်လိုင်းတင်တယ် ၊ပွဲစားမလိုရောင်းမယ်လို့ကြော်ငြာထားတယ် ၊အရစ်ကျတွေကိုနှစ်အလိုက်ရောင်းလာကြတယ်" လို့သုခအိမ်ခြံမြေအ ကျိုးဆောင်လုပ်ငန်းက ကိုနန္ဒကပြောပါတယ်။
ကိုယ်တိုင်ရှာ ကိုယ်တိုင်ရောင်း သိန်း(၅၀၀)အောက်တိုက်ခန်းနဲ့မြေကွက်အများစုကိုတော့မြေရှင်အများစုကကိုယ်တိုင်အရောင်းတင်ပြီး ဈေးကွက်ရှာ လာကြပါတယ် ။မြေကွက်အရောင်းဈေးကွက်မှာအရင်က ကျပ်သိန်း၁၀၀ အောက်မြေကွက်တွေအရောင်းမရှိပေမဲ့ နောက်ပိုင်းမှာတော့ သိန်း ၁၀၀အောက် မြေကွက်တွေအပြင် သိန်း၅၀အောက ်မြေကွက်တွေပါခွဲခြမ်းပြီး ရောင်းလာကြပါတယ်။ ဈေးကွက်တိုင်းလိုလို ကိုယ်တိုင် အရောင်း တင်ပြီး တစ်ခါနဲ့တစ်ခါမတူညီတဲ့ လျှော့ဈေးတွေနဲ့ရောင်းလာကြပါတယ်။ တန်ဖိုးနည်းမြေကွက် အများစုကတော့ အရင်ကဈေးကွက် ကောင်းချိန် ဝယ်ယူထား ကြတဲ့မြေကွက်တွေဖြစ်ပြီး အများစုကတော့ အိမ်မပါတဲ့စလစ်မြေ၊ပါမစ်န ဲ့လယ်ယာမြေ တွေဖြစ်ကြပါတယ်။
တန်ဖိုးနည်းမြေကွက် အများစုက ဒဂုံလေးမြို့နယ်က မြေတွေအပြင် အခုနောက်ပိုင်း မှော်ဘီ၊ တိုက်ကြီး၊ မင်္ဂလာဒုံ၊ သန်လျင်၊ လေးထောင့်ကန် အစရှိတဲ့နေရာက မြေတွေကိုလည်းရောင်းချလာကြပါတယ်။ မြေကွက်ကို အကျယ်အဝန် းရှိတိုင်းရောင်းချတာ မျိုးထက်ငွေကြေး တတ်နိုင် သလောက ်ခွဲခြမ်းပြီးရောင်းချ တာတွေလည်းရှိနေပါတယ်။
အရစ်ကျလည်း ရမယ် အရင်ကကြိုပွိုင့်တိုက်ခန်းက ိုသာအရစ်ကျရောင်းချတာ ဖြစ်ပေမဲ့နောက်ပိုင်း မှာတော့ အသင့်နေထိုင်လို့ရတဲ့ တိုက်ခန်းတွေနဲ မြေကွက်တွေက ိုပါအရစ်ကျရောင်းချ လာကြပါတယ်။ ဒါ့အပြင် မြေပိုင်ရှင်တွေ ကိုယ်တိုင်ကလည်း အကျိုးတူဆောက်လုပ်ထား တဲ့တိုက် ခန်းတွေကိုနားလည်မှှု နဲ့အရစ်ကျရောင်းချတာ တွေရှိသလို (၃၀)ရာခိုင်နှုန်းပေး အသင့်နေပြီး လစဉ်ကြေးပေးသွင်း ရောင်းချတာတွေလည်းရှိပါတယ်။
သည်လို အရစ်ကျရောင်းချတဲ့ တိုက်ခန်းတွေကပြင်ပက တိုက်ခန်းပေါက်ဈေး တွေထက်ကျပ် (၁၀)သိန်းလောက်များ ပြီးအရစ်ကျကို သုံးနှစ်လောက ်အထိ ထားကာ ရောင်းချလာကြပါတယ်။ အရစ်ကျကို (၃၀) ရာခိုင်နှုန်းသွင်းကာ တစ်လ(၅) သိန်းနဲ့ ရောင်းချတာ တွေရှိသလို လူနေထိုင်လို့ မရသေးတဲ့ တိုက်ခန်းတွေက ိုတော့(၃၀) ရာခိုင်နှုန်းသွင်း တစ်လတစ်ရာခိုင်နှုန်းနဲ့ ရောင်းချတာတွေရှိတယ ်လို့သိရပါတယ်။ တိုက်ခန်းအရောင်းရဲ့ ဈေးနှုန်းတွေကတော့ နောက်ပိုင်းမှာ ကျပ်သိန်း (၁၂၀)ကနေ (၁၄၀)လောက်အထိ ဈေးနှုန်းသင့်တင့်တဲ့ တိုက်ခန်းတွေ ပါဝင်ပြီး အားလုံးလိုလိုကို အရစ်ကျရောင်းချ လာကြပါတယ်။
Ref : The Moedern
Photo Credit : uncubemagazine
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ