By Myanmar Times, Shweproperty.com
Updated at 7 October 2015
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် ဂျပန်ကုမ္ပဏီက ရင်းနှီးမြှုပ်နှံသည့် ၀န်ဆောင်မှုပါ တိုက်ခန်းများဖြစ်သော ဆာကူရာအိမ်ရာ (၂) ကို လွန်ခဲ့သည့် ရက်သတ္တပတ်က (စက်တင်ဘာ ၂၆ ရက်နေ့) စတင်ဖွင့်လှစ်ခဲ့ပြီး တိုက်ခန်းများအားလုံးကို ငှားရမ်းသွား မည်ဖြစ်ကြောင်း ဆာကူရာအိမ်ရာ အထွေထွေ မန်နေဂျာ ဦးဇော်ဝေအောင်က ပြောသည်။
ကမာရွတ်မြို့နယ် အင်းလျားလမ်းပေါ်တွင် တည်ဆောက်ထားသော ဆာကူရာအိမ်ရာ (၁) နှင့် (၂) က တိုက်ခန်းများအားလုံးကို ငှားရမ်းသွားမည်ဖြစ်ပြီး အချိန်တိုနေထိုင် ရန်အပြင် အချိန်ကြာရှည်စွာ နှစ်ရှည်နေထိုင် ရန်လည်း ငှားရမ်းနိုင်ကြောင်း ဦးဇော်ဝေအောင်က ပြောသည်။ "တိုက်ခန်းတွေက ရန်ကုန်မှာ အချိန်ကြာရှည်စွာ စီးပွားရေးလုပ်ငန်းလာလုပ် မယ့် နိုင်ငံခြားသားတွေလိုအပ်နေတဲ့ အိမ်ရာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ ရည်ရွယ်ထား ပါတယ်။ ဒီတိုက်ခန်းတွေကို နှစ်ရှည် ငှားရမ်းချင်တဲ့သူတွေကို ဦးစားပေးပြီး ငှားရမ်းသွားမှာ ဖြစ်ပါတယ်။ "တိုက်ခန်းတွေကို နှစ်နဲ့ချီ ငှားရမ်းတဲ့ ဈေးနဲ့ လပိုင်းပဲငှားရမ်းတဲ့ ငှားရမ်းခတွေ ကတော့ အနည်းငယ်ဈေးကွာခြားမှာ ဖြစ်ပါတယ်။ နှစ်နဲ့ငှားရမ်းရင် လပိုင်းငှားရမ်းတာထက် ဈေးနှုန်းပိုမို သက်သာမှာပါ"ဟု ၎င်းကပြောသည်။
ထိုတိုက်ခန်းများတွင် အိမ်ထောင်ပရိ ဘောဂပစ္စည်းများ အပြည့်အစုံပါဝင်မည်ဖြစ်ပြီး နေ့စဉ်တိုက်ခန်းသန့်ရှင်းရေး၊ ကလေး ထိန်းပေးခြင်း၊ အခန်းတွင်း ၀ိုင်ဖိုင်အသုံးပြု နိုင်ခြင်း၊ အားကစားခန်းမ၊ ရေကူးကန်၊ အစည်းအဝေးခန်းမငယ်နှင့် ကားပါကင် စသော ၀န်ဆောင်မှု များနှင့် အခြားဝန်ဆောင် မှုများလည်း ပါဝင်မည်ဖြစ်သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအိမ်ရာစီမံကိန်း တစ်ခုဖြစ်သော ဆာကူရာအိမ်ရာကို နဌနှေုကမေ (ပြညောမေ) ကုမ္ပဏီက အကောင်အထည်ဖော်ဆောက်လုပ်ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ဆောက်လုပ်ခဲ့ကာ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလတွင် ဆောက်လုပ်ပြီးစီးခဲ့သည်။
ဆာကူရာအိမ်ရာ၏ အိမ်ရာ(၁)တွင် အခန်းပေါင်း ၁၂၂ခန်းပါဝင်ပြီး အိမ်ရာ(၂)တွင် အခန်းပေါင်း ၁၄၀ကျော်ပါဝင်သည်။ ထိုတိုက်ခန်းများကို လွန်ခဲ့သော သုံးလခန့်က စတင် ငှားရမ်းပေးခဲ့ပြီး ယခုအချိန်တွင် တိုက်ခန်းများ၏ ၅၀ ရာခိုင်နှုန်းကျော် ငှားရမ်းပြီးစီးနေကြောင်း ဦးဇော်ဝေအောင်က ပြောသည်။
Ref : Myanmar Times
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ