By Sint Sint, Shweproperty.com
Updated at 13 November 2020
ဧရာဝတီနှင့် ပဲခူးတိုင်းရှိ မြို့နယ်ခုနစ်ခုတွင် စက်မှုလယ်ယာစနစ်ကျလယ်မြေအကောင် အထည်ဖော်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက မြန်မာနိုင်ငံသားလုပ်ငန်းရှင်များအား ဖိတ်ခေါ်သည်။
သက်ဆိုင်ရာ အစိုးရအဖွဲ့ များ၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စက်မှုလယ်ယာစနစ်ကျ လယ်မြေများကို ဧရာဝတီတိုင်း ဟင်္သာတ မြို့နယ်တွင် ဧက ၁၅၀ နှင့် မော်လမြိုင်ကျွန်းမြို့နယ်၌ ဧက ၂၀၀ စုစုပေါင်း ဧက ၃၅၀ ရှိမည်ဟု စက်မှုလယ်ယာဦးစီး အရာရှိ ဦးကျော်ဟိန်းက ဆိုသည်။
ပဲခူးတိုင်း ရေတာရှည်၊ သာယာဝတီ၊ မင်းလှ၊ အုတ်ဖိုနှင့် ပေါင်းတည်မြို့များတွင် အနည်းဆုံး ဧက ၃၀၀ ထက်မနည်း အကောင်အထည်ဖော်မည်ဖြစ်သည်။
အိတ်ဖွင့်တင်ဒါပုံစံများကို နိုဝင်ဘာ ၁၁ ရက်တွင် စတင်ထုတ်ပေးပြီး ဒီဇင်ဘာ ၁၁ ရက် နောက်ဆုံး ပြန်လည်တင်သွင်းရမည်ဖြစ်သည်။
မူလစိုက်ပျိုးနေသော လယ်ယာမြေများကို ပုံစံတကျ အကွက် ဖော်ကာ ကုန်ထုတ်လမ်း၊ ရေသွင်း မြောင်းတို့ပါရှိမည်ဖြစ်ပြီး မိုးသီး နှံ၊ ဆောင်းသီးနှံနှင့် နွေသီးနှံ အစရှိ၍ ၁၂ ရာသီစိုက်ပျိုးနိုင်ပြီး စက် ကိရိယာများ ရာနှုန်းပြည့် အသုံးပြုနိုင်ရန် ရည်ရွယ်၍ စက်မှုလယ် ယာစနစ်ကျ လယ်မြေဧကများကို တစ်နိုင်ငံလုံးအနှံ့ အကောင်ထည် ဖော်နေကြောင်း ဒုဝန်ကြီး ဦးလှ ကျော်က ပြောထားသည်။
‘‘ယူနစ်အလိုက် အကောင်အထည်ဖော်တဲ့နေရာမှာ တစ်ဆက်တည်း ဧက ၃၅၀ ရှိချင်ရှိမယ်။ ဒါမှမဟုတ် ဧက ၂၀၀ လည်း ရှိမယ်။ အဲဒါကို တစ်ယူနစ်သတ်မှတ်ပြီးရင် အကွက်ဖော်တဲ့အခါမှာလည်း တစ်ကွက်ကို တစ်ဧက အနည်းဆုံးရှိတယ်။ လယ်ဧက ပိုင်ရှင်မတူတဲ့ မူလတောင်သူတွေအနေနဲ့ အခုလို အကောင်အထည်ဖော်တော့ အရင်ကဆို လမ်းမပေးချင်တာမျိုးတွေ၊ ဒါမှမဟုတ် ကိုယ့်လယ်မှာ သီးနှံကမှည့်နေပြီ ရိတ်ရတော့မယ်။ ဒါပေမဲ့ တခြားလယ်မှာ မမှည့်လို့ သီးနှံလျော်ကြေးပေးပြီး ရိတ်သိမ်းရတာတွေ။ ဒီလို အခက်အခဲတွေကို ဖြေရှင်းနိုင်တယ်။ ယူနစ်အလိုက် တစ်ဧကအကွက်အလိုက်မှာ ကုန်ထုတ်လမ်းတွေပါမယ်၊ ရေသွင်း၊ ရေထုတ်တွေပါတယ်’’ ဟု ဦးကျော်ဟိန်းက ပြောသည်။
စနစ်ကျလယ်မြေဖော်ထုတ်ရာတွင် ၂၀၁၆ မှ ၂၀၂၀ တတိယပတ်အထိ လယ်မြေ ၂၃,၈၁၅ ဧက ရှိကြောင်း စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
နောက်ဆုံးရ သတင်းများ
စင်္ကာပူထက်(၂)ဆ ကျယ်ဝန်းမည့် ရန်ကုန်မြို့သစ် စီမံကိန်းတွင် အဖွဲ့အစည်း(၁၆)ခုမှ ရင်းနှီးမြှုပ်နှံ
ဂွမြို့နယ်၌ မြေငှားဂရန်များထုတ်ပေးပြီး ပြန်လည်စွန့်လွှတ်မြေများကို မူလပိုင်ရှင်များထံပေးအပ်
PROPERTYGURU နှင့် SHWEPROPERTY.COM တို့ပူးပေါင်းကျင်းပသည့် MYANMAR PROPERTY AWARD 2020 ဆုချီးမြှင့်ပွဲကြီးကို အွန်လိုင်းမှတိုက်ရိုက်ထုတ်လွှင့်မှုပုံစံဖြင့် နိုဝင်ဘာ ၂၆ ရက်နေ့ ကြာသာပတေးနေ့တွင်ကျင်းပမည်
Credit : 7 Day News
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ