အိမ်တိုင်းမရှိမဖြစ် အသုံးဝင်တဲ့အိမ်သုံးဆားရဲ့ အကျိုးကျေးဇူးများနဲ့ မြန်မာတိုင်းရင်းဆေးပညာမှာ သုံးတဲ့ဆေးနည်းအချို့ကို မျှဝေပေးလိုက်ပါသည်။


၁။ ဝမ်းပျက်ဝမ်းလျှောဖြစ်ပါက ဆားလှော် နဲ့ နနွင်းမှုန့်လှော် ဆတူ (လက်ဖက်ရည်ဇွန်းတစ်ဝက်စီ) ရောစပ်ပြီး မှုန့်ညက်နေအောင်ကြိတ်၍ သောက်နိုင်သည်။ တစ်နေ့ ၃ ကြိမ်တိုက်ပေးရပါမည်။ ကလေးများအတွက်ဆို လူကြီးပမာဏရဲ့ တစ်ဝက်တိုက်ပေးနိုင်ပါသည်။ ထိုနည်းဖြင့် ဝမ်းလျှောဝမ်းပျက်ရောဂါသာမက ဝမ်းဖောဝမ်းရောင်ရောဂါကိုပါ သက်သာပျောက်ကင်းစေနိုင်ပါသည်။


၂။ ဝမ်းကိုက်ရောဂါသက်သာလိုသော် ဝမ်းကိုက်ရောဂါခံစားရပါက ဆားလှော် နဲ့ နနွင်းမှုန့်လှော်ကို ဆတူ (လက်ဖက်ရည်ဇွန်းတစ်ဝက်စီ) ရောစပ်ပြီး ညက် နေအောင်ကြိတ်ပါ။ ထိုဆေးမှုန့်ကို ရေနဲ့ ကျိုပေး ပါ။ လက်ဖက်ရည် ပန်းကန်တစ်ဝက်စာရအောင် ကျိုပြီးတိုက်ပါ။ ထိုကဲ့သို့ တစ်နေ့လျှင် ၃ ကြိမ်တိုက်ပေးရပါမည်။ ကလေးဆိုလျှင် လူကြီးပမာဏရဲ့ တစ်ဝက်တိုက်ပေးနိုင်ပါတယ်။


အိမ်မှာ အသုံးပြုနေပြီး မပေါ့ဆသင့်သည့် အဝတ်အစားတွေ ကြားထဲက ပရုတ်လုံး၏ အန္တရာယ်


 ၃။ လေထိုး၊ လေအောင့်၊ လေနာရောဂါအတွက် ဆားနဲ့ သကြားကို လက်ဖက်ရည်ဇွန်းတစ်ဝက်စာစီ ရောစပ်၍လှော်ပါ။ ရှောက်သီးအရွယ်တော် တစ်လုံးမှ အရည်ညှစ်ယူပြီး လှော်ထားတဲ့ ဆား၊ သကြားများနှင့် ရောစပ်လိုက်ပါ။ ထိုရှောက်ရည် တစ်ကြိမ်လျှင် ဟင်းစားဇွန်းတစ်ဇွန်းစာ သောက်ရပါမည်။ တစ်နေ့ကို လေးကြိမ် တိုက်ကျွေးနိုင်ပါတယ်။ သာမန် လေထိုး၊ လေအောင့်၊ လေနာရောဂါတွေမှာ လေလည်ပြီး သက်သာသွားပါလိမ့်မည်။


 ၄။ အစာမကြေ၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း အစာမကြေ၊ ရင်ပြည့်ရင်ကယ်ဖြစ်ရင် အိမ်သုံးဆားကို မီးဖုတ်ပြီး ရေနွေးပူပူနဲ့သောက်ပါ။ လူကြီး တစ်ခါသောက် လက်ဖက်ရည်ဇွန်းတစ်ဝက်စာဖြင့် တစ်နေ့လျှင် ၃ ကြိမ် တိုက်ပေးရပါမည်။ ကလေးတွေဆိုလျှင် လူကြီးပမာဏရဲ့ တစ်ဝက် တိုက်ပေးနိုင်ပါသည်။ 


၅။ ဝမ်းချုပ်ခြင်း ဝမ်းချုပ်တတ်သူများအနေနဲ့ ဆားကို မန်ကျည်းမှည့်၊ ထန်းလျက်ရည်တို့နှင့်အတူ မန်ကျည်းဖျော်ရည် ချိုချဉ်လေး လုပ်ပြီးတစ်ပတ်မှာ နှစ်ကြိမ်လောက် သောက်ပေးနိုင်ပါသည်။ ဝမ်းမချုပ်အောင် ရေနွေးသောက်တဲ့အခါ ဆားခတ်သောက်သင့်ပါသည်။


အိမ်တွေမှာ ကြမ်းပိုးပြဿနာတက်နေကြသူများအတွက် ကြမ်းပိုးပျောက်စေသောနည်း


၆။ ခြေစွယ်ငုတ်သော် ရေအနည်းငယ်ကို လက်ညိုးနဲ့ဆွတ်၍ တစ်စက်တည်း သာချပါ။ ဆားပုံထားတဲ့ပေါ်မှာ ချရမှာ ဖြစ်ပါသည်။ ဆားအရေပျော်ပြီး ဘေးကို စီးကျသွားရင် နဲနဲထပ်ပုံပါ။ ခဲခဲ ပုံပုံလေး ဖြစ်နေရင် ရပါပြီ။ ပတ်တီး၊ ပိတ်စ စည်းထားဖို့ရာ မလိုအပ်ပါဘူး။ ပြည်တည်နေလျှင်လည်း မဖောက်ရပါဘူး။တစ်နေ့ကို ၅ကြိမ်လောက် ပုံပေးပါ။ ၃ရက်နေလျှင် ဆားပုံထားတဲ့နေရာက မနာကျင်တော့တာဘဲ အရေခွံ ကွာကျ လာပါလိမ့်မည်။ အရေခွံ ကို လက်သည်းညှပ်နဲ့ ညှပ်ပေးနိုင်ပါသည်။ နာကျင်မှုမရှိဟု ဆိုသည်။


ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဆောင်းပါးများ


အစွန်းအထင်းတွေကို ဖယ်ရှားနိုင်ဖို့ အိမ်တွင်းနည်းလမ်း ၇ သွယ်


ခြင်ပြေးစေဖို့ အိမ်ထဲမှာထားသင့်တဲ့ အပင်လေး (၅) ပင်


အိမ်တိုင်း အိမ်တိုင်းမှာ စိုက်ထားသင့်သော ရှားစောင်းလက်ပတ် အစွမ်းအံ့မခန်း


သင်တို့သတိမပြုမိတဲ့ မီးဖိုချောင်မှာ အမြဲလွှင့်ပစ်လေ့ရှိတဲ့ ကြက်သွန်ဖြူအခွံ၏ အစွမ်းပကားများ


Posted By : Sint Sint (ShweProperty.com)