By မောင်တာ, Shweproperty.com
Updated at 1 September 2014
မန္တလေးမြို့အနီးမြေ ဧက ငါးထောင်ကျော်တွင် တည်ဆောက်ရန် လျာထားသည့် တံတားဦးဟိုတယ်ဇုန် စီမံကိန်းကို မကြာမီ လပိုင်းအတွင်း စတင်အ ကောင်အထည်ဖော် တည်ဆောက်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။
မန္တလေးတိုင်းဒေသကြီး တံ တားဦးမြို့နယ်အတွင်းရှိ မြေဧက ၅၄၈၈ တွင် တံတားဦးဟိုတယ်ဇုန်စီမံကိန်းတည်ဆောက်ရန် စီစဉ်နေခြင်းဖြစ်ပြီး မြစ်ရေကျချိန် လာမည့်အောက်တိုဘာ၊ နိုဝင်ဘာများမှစတင်ကာ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း စီမံကိန်း အဓိက တာဝန်ယူလုပ်ကိုင်မည့် မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအများပိုင်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးမြင့်အောင်ကပြောသည်။
‘‘အခုတော့ ရေတက်နေ တယ်။ ရေကျချိန်လုပ်ငန်းတွေ စ လုပ်မယ်။ ဒေသခံတောင်သူတွေ နဲ့ကလည်း မြေယာလျော်ကြေးက ညှိနှိုင်းပြေလည်မှုရနေပြီ’’ဟု ဦး မြင့်အောင်ကပြောသည်။
စီမံကိန်းအကောင်အထည် ဖော်ရန် မြန်မာနိုင်ငံဟိုတယ်လုပ် ငန်းရှင်များအသင်း ဦးဆောင် ကာ အများပိုင်ကုမ္ပဏီဖွဲ့စည်း တည်ထောင်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှစတင်ကာ ဒေသခံ တောင်သူများနှင့် မြေယာလျော်ကြေးငွေကိစ္စ ညှိနှိုင်းခဲ့သည်။
စီမံကိန်းဧရိယာတွင် တံတားဦးမြို့နယ်အတွင်းမှ ကတိုးဆိပ်ရွာ၊ ခေါင်းကွဲရွာ၊ လက်ဆောင်ယူရွာ၊ ကျီးပင်ရွာ၊ ငါးရာပြားရွာ စသည့် ဧရာဝတီမြစ်ရေဝင်ကျေးရွာများ ပါဝင်သည်။
ကုမ္ပဏီက ကနဦးတွင် မြေ တစ်ဧကနစ်နာကြေး ကျပ်သိန်း ၅၀ သာ ပေးအပ်ခဲ့သော်လည်း နောက်ပိုင်းတွင် မြေတစ်က အပ် လျှင် ကျပ်သိန်းတစ်ရာ (သို့မဟုတ်) ကျပ်သိန်း ၇၀ နှင့် ပေလေးဆယ်ခြောက်ဆယ်မြေတစ်ကွက်အထိ တိုးမြှင့်ပေးအပ်ရာ တောင်သူများနှင့် ညှိနှိုင်းပြေလည်မှု အောင်မြင်သွားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
‘‘စောစောပိုင်းကတော့ ပေး တဲ့ လျော်ကြေးကနည်းနေတော့ တောင်သူတွေက မြေမအပ်ကြ ဘူး။ အခုတော့ မြေတစ်ဧကကို သိန်းတစ်ရာပုံပေးတော့ တောင် သူတွေကလည်း ကျေနပ်ကြပါ တယ်’’ ဟု စီမံကိန်းဧရိယာအ တွင်းပါဝင်သည့် တံတားဦးမြို့ နယ်သူငယ်တော်ရွာမှ ဒေသခံ တောင်သူတစ်ဦးက ပြောကြားသည်။
တံတားဦးဟိုတယ်ဇုန် စီမံ ကိန်းကြောင့် တံတားဦးမြို့သာကားလမ်းမပေါ်ရှိ မြေယာများမှာ မြေတစ်ဧကလျှင် ကျပ်သိန်းငါးရာအထက် ဈေးပေါက်နေကြောင်း ဒေသခံမြေယာအကျိုးဆောင်များ ကပြောသည်။
Ref : 7Day Daily
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ