By EMG, Shweproperty.com
Updated at 11 November 2012
မန္တလေးတိုင်းဒေသကြီး၊ တံတား ဦးမြို့နယ်အတွင်း၌ ဟိုတယ်ဇုန်စီမံ ကိန်းတစ်ရပ်ဖော်ထုတ်သွားမည်ဟူ သောသတင်းကြောင့် စီမံကိန်းနယ် မြေအတွင်းပါဝင်သော တံတားဦးမြို့ နယ်ရှိ ကျေးရွာအချို့မှ စိုက်ပျိုးမြေ များ လမ်းပန်းဆက်သွယ်အချက်အချာ ကျရာမြေကွက်များ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ဟိုတယ်ဇုန်စီမံကိန်း ဖော်ထုတ် သွားရန်လျာထားသည်ဟုသိရသော တံတားဦးမြို့နယ် တပယ်ကျေးရွာ နှင့် မြို့သာလမ်း၊ တပယ်ကျေးရွာနှင့် ကူးတို့ဆိပ်၊ ခေါင်းကွဲကြားရှိ ကွင်း အမှတ် ၇၊ ၈၊ ၉ မြေနေရာများကို တစ်ဧက ကျပ် ၃၅ သိန်းခန့်ဖြင့် အရောင်းအဝယ်ပြုလုပ်နေကြကြောင်း သိရသည်။
''ဒီဘက်မှာတော့ တစ်ဧကကို ကျပ်၃၅ သိန်းလောက် ပေါက်တယ်။ ချောင်ကျရင်ကျသလိုတော့ ဈေးကွာ သွားတယ်။ရွာလယ်လမ်းမကြီးဘေး တွေဆိုရင်တော့ တစ်ဧကနီးနီးကို ကျပ်သိန်း ၂ဝဝလောက်ပေါက်တယ်။ ပြီးခဲ့တဲ့ ဇူလိုင်လလောက်တုန်းက အ ရောင်းအဝယ်တအားဖြစ်တာ။ အဲဒီ တုန်းကတစ်ဧကကို ကျပ်သိန်း ၄ဝ လောက်ရတာနဲ့ လေးကွက်လောက် ရောင်းလိုက်တယ်။အခုတော့ အရောင်း အဝယ်က နည်းနည်းပြန်အေးသွား ပြီ။ ဈေးလည်း အဲဒီလောက်မပေါက် တော့ဘူး'' ဟု ခေါင်းကွဲကျေးရွာမှ မြေလေးဧကရောင်းချထားသူတစ်ဦး က ပြောကြားပါသည်။
ယင်းကဲ့သို့ လယ်ယာမြေများ အရောင်းအဝယ်ပြုလုပ်လျက်ရှိရာ တွင် ခေါင်းကွဲကျေးရွာနှင့် ကူးတို့ ဆိပ်ကျေးရွာအုပ်စုအတွင်းရှိ ကွင်း အမှတ် ၇၊ ၈၊ ၉ မြေများအနက်မှ လမ်းဆုံကျရာ ကွင်းအမှတ် ၉ မှာ အများဆုံးအရောင်းအဝယ်ပြုလုပ်ရပြီး အကွက် ၈ဝ ခန့်ရောင်းဝယ်ပြီးဖြစ် ကြောင်း၊ ကွင်းအမှတ် ၇ မှာ ဒုတိယ အရောင်းရဆုံးဖြစ်သော ကွင်းဖြစ် ကြောင်း၊ ကွင်းအမှတ် ၈ မှာ တတိယ အရောင်းအဝယ်ဖြစ်သောကွင်းဖြစ်ပြီး ကွင်းအမှတ်(၇)နှင့်(၈)တို့တွင် အကွက် ၂ဝဝ ခန့်ရောင်းချပြီးဖြစ်ကာ ကူးတို့ ဆိပ်အနီးရှိ ကွင်းအမှတ် ၆မှာ ရေဝင် ရာ အရပ်ဖြစ်သောကြောင့် မြေအ ရောင်းအဝယ်နည်းကြောင်းသိရသည်။
ဟိုတယ်ဇုန်စီမံကိန်းသတင်း များ မဖြစ်ပေါ်မီကာလများက ယင်း ကျေးရွာအုပ်စုများရှိ လယ်ယာမြေ များမှာ သီးနှံစိုက်ပျိုးထွက်ရှိနိုင်မှုနှင့် မြေအရည်အသွေးကိုကြည့်ကာ တစ် ဧကလျှင် ကျပ်ခုနစ်သိန်းမှ ၁ဝ သိန်း ခန့်သာဈေးရှိသော်လည်း စီမံကိန်း သတင်းကြောင့် ယခုအခါ တစ်ဧက လျှင် ပျမ်းမျှ ကျပ် ၃၃ သိန်းခန့်အထိ ဈေးပြောင်းလာကြောင်း သိရသည်။
Source : EMG
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ