By သန်းထူး, Shweproperty.com
Updated at 5 December 2012
ရှမ်းပြည်နယ်၏ မြို့တောြ်ဖစ်သော တောင်ကြီးမြို့၏ မြို့ပြနှင့်အိမ်ရာ ကဏ္ဍဖွံ့ဖြိုးရေးအတွက် ဂျာမနီ နိုင်ငံနှင့် အာဆီယံ နိုင်ငံများမှ ပညာရှင်များ၏ အကြံဉာဏ်များ ဖြင့် မြို့နှင့် ပတ်ဝန်းကျင်တွင် လက် တွေ့ကွင်းဆင်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝြန်ကီး ဌာန ဝန်ကြီး ဦးကျော်လွင်က ပြောကြား သည်။
''ဒီလို လက်တွေ့ပေါင်းစပ် ပေးနိုင်မယ့် အနေအထားကို နေပြည်တော်၊ ရန်ကုန်လို မြို့ကြီးများကနေ ဆောင်ရွက်ပေးခြင်းမျိုးမဟုတ်ဘဲ တောင်ကြီးမြို့နဲ့ ပတ်ဝန်း ကျင်ကို လက်တွေ့ကွင်းဆင်း ဆောင်ရွက်ခြင်းဟာ အရေးပါတဲ့ ထူးခြားချက်ဖြစ်ပါတယ်'' ဟု ဂျာ မနီနိုင်ငံ ကိုလုံးတက္ကသိုလ်နှင့် ပူး ပေါင်းကျင်းပသော မြို့ပြအိမ်ရာ ကဏ္ဍ ဖွံ့ဖြိုးရေးဆိုင်ရာ နှီးနှောဖ လှယ်ပွဲအခမ်းအနားတွင် ဝန်ကြီး က ပြောကြားသည်။
ယခု နှီးနှောဖလှယ်ပွဲသည် မြန်မာနိုင်ငံ၏ မြို့ပြနှင့် ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ သုတေသန အတွက် မြန်မာ-ဂျာမနီ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို စတင် သည့်အချိန်နှင့်လည်း တိုက်ဆိုင် လျက်ရှိကြောင် ၎င်းက ဆက်လက်ပြောကြားသည်။
ဂျာမနီနိုင်ငံ German Academic Exchange Service (DAAD) ၏ အထောက်အပံ့နှင့် နေပြည်တော်တွင် နှစ်ရက်ကြာ ကျင်းပလျက်ရှိသော ယခု နှီးနှော ဖလှယ်ပွဲ၌ ကိုလုံးတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ Frauke Kraas နှင့်အတူ အာဆီယံနိုင်ငံ များမှမြို့ပြဖွံ့ဖြိုးရေးဆိုင်ရာ ပညာ ရှင်များ၊ ပြည်တွင်းပညာရှင်များ တက်ရောက် ဆွေးနွေးလျက်ရှိ သည်။
Source : 7days News
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ