By Ra Wai, Shweproperty.com
Updated at 14 May 2022
တိုက်ခန်းဝယ်မယ်ဆိုရင် အခွန်ဆောင်ခြင်း ၊မဆောင်ခြင်းက အဓိကမဟုတ်။ မိမိဝယ်မဲ့ တိုက်ခန်းဟာ အရှုပ်အရှင်းကိစွတွေ ရှိ၊ မရှိ စုံစမ်းဖို့ကအဓိကကျပါတယ်။ ကိုယ်ဝယ်မဲ့ အဆောက်အအုံက အသစ်လား.၊အဟောင်းလားကန်ထရိုက် အခန်းလား၊ မြေရှင် အခန်းလား ဆိုတာ သိဖို့လိုပါမယ်။ ကန်ထရိုက်တာ ရရှိမဲ့အခန်းဆိုရင် သတိထားဖို့တော့လိုပါမယ်.ဆောက်လုပ်ရေးလုပ်နေစဥ် ငွေအရင်းအနှီးပြတ်သွားလို့ ပေါင်နှံထားတဲ့ အခန်းတွေရှိတတ်တယ်။ ရေမီး စုံ မစုံ၊မော်တာ ၊မီတာ သီးခြားစီ ရှိမရှိ စိစစ်ဖို့လိုတယ်။အရေးကြီးဆုံးကတော့ လူနေထိုင်ခွင့်အတွက် ခွင့်ပြုမိန့် ရှိဖို့လိုပါတယ်။ လူနေထိုင်ခွင့် မရှိသေးဘဲ နေထိုင်ရင် ဘာဖြစ်တတ်သလဲ-----/ ဥပဒေ ကတော့ ဖယ်ရှားတဲ့အထိ လုပ်ပိုင်ခွင့်ရှိပါတယ်.ဒဏ်ငွေဆောင်ပြီး နေထိုင်ခွင့် အမိန့်လျှောက်တာလည်း ရှိပါတယ်။ ကန်ထရိုက်က ကုန်ကျစရိတ်မခံနိုင်တာနဲ့ အခန်းအပ်ပြီး ထွက်သွားတာတွေ အမျိုးမျိုးရှိတယ်။ အဲ့တော့ အပေါ်ကအကြောင်း ပြန်ဆက်ရရင် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေမှာ နိုင်ငံသား မည်သူမဆို အခြေပစွည်း တစ်ရပ်ရပ်ကို ဝယ်ယူခြင်း၊တည်ဆောက်ခြင်း၊ ရယူခြင်းနှင့် လုပ်ငန်းသစ်တည်ထောင်ခြင်း၊ လုပ်ငန်းသစ်ထပ်မံတိုးချဲ့ခြင်း ကိစွရပ်တွေမှာ အခွန်ကောက်ခံတဲ့ နှုန်းထားတွေ ပြဌာန်းထားတယ်။ အခြေပစွည်းဆိုတာကတော့ အိမ်၊ခြံ၊မြေ၊တိုက်ခန်း ကိူဆိူလိုတာပါ။ဒါ့ကြောင့်တိုက်ခန်းဝယ်ရင် ဥပဒေအရတော့ အခွန်ပေးဆောင်ရမှာပါဘဲ အချို့လည်း ဝယ်ခွန်မဆောင်ဘဲ နေကြတာတွေရှိတယ်။ မြေကွက် ကိစွတွေမှာတော့ အမည်ပေါက်ပြောင်းမယ်ဆိုရင် ဝယ်ခွန်ဆောင်ပြီးသား ပြေစာပါမှ ဆောင်ရွက်ပေးတာဖြစ်လို့ မဖြစ်မနေဝယ်ခွန်ဆောင်ရပါတယ်.။တိုက်ခန်းတွေမှာတော့ မဖြစ်မနေ ဝယ်ခွန်ဆောင်ရမယ် တင်းကျပ်တဲ့ စည်းမျဥ်းလုပ်ထုံး လုပ်နည်းထုတ်ပြန်ထားတာမတွေ့ရဘူး။ ဒီအချက်ကြောင့်လဲ ဝယ်ခွန်မဆောင်ဘဲ ရောင်း၊ ဝယ်နေကြတာဖြစ်ပါတယ်။ ဝယ်ခွန်ဆောင်မယ်ဆိုရင်တော့ သက်ဆိုင်ရာတန်ဖိုးဖြတ်အဖွဲ့ထံ တိုက်ခန်းဝယ်ပြီး ရက်ပေါင်း ၃၀ အတွင်းလျှောက်ထားရပါတယ်.အဲ့ဒီရက်ကျော်ရင်တော့ ဒဏ်ငွေပေးဆောင်ရမှာဖြစ်ပါတယ်။ရန်ကုန်တိုင်းအတွင်းမှာ ရှိတဲ့ မြို့နယ် အလိုက် တုိက်ခန်းအထပ်ပေါ်မူတည်ပြီး တစ်စတုရန်းပေ ပေါ်မှာ တန်ဖိုးစံနှုန်း သတ်မှတ်ပေးထားပါတယ်။ ဝယ်ခွန်ဆောင်ခြင်းဖြင့် ဝင်ငွေရလမ်းမဖော်ပြနိုင်တဲ့ငွေပမာဏ ကငွေဖြူအဖြစ် ရရှိသွားမှာဖြစ်ပါတယ်.။ပြန်ရောင်းမယ်ဆိုရင်တော့ ဝယ်စဥ်ကသတ်မှတ်ထားတဲ့ စံနှုန်း နဲ့ရောင်းစဥ်က ရရှိတဲ့အမြတ်အစွန်းမှာဘဲ ၁၀ ရာခိုင်နှုန်း ဆောင်ရမှာဖြစ်ပါတယ်။အချို့တိုက်ခန်းတွေမှာ ပေါင်နှံထားတာ ၊အရောင်းထပ်နေတာတွေ ဖြစ်တတ်ပါတယ်။ အဲ့လိုအခြေအနေမျိုးမှာဆိုရင် ဝယ်ခွန်ပေးဆောင်ထားသူက ပိုင်ဆိုင်ခွင့်ရမှာဖြစ်ပါတယ်။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ စရန်ငွေ ပေးထားရုံနှင့် အရောင်းအဝယ် အတည်မဖြစ်ခြင်း အမွေဆက်ခံပိုင်ဆိုင်ကြောင်းစာချုပ်ချုပ်ဆိုရန်မြေပုံကူးလျှောက်ထားခြင်း မြေအဆင့်ဆင့်လွှဲပြောင်းစာချုပ်၊ ရွာမြေဆိုပြီး အရောင်းအဝယ်ဖြစ်နေတဲ့ မြေကိစ္စ ဥပဒေနဲ့ ညီမညီ အိမ် ခြံ မြေ ပူးတွဲပိုင်ရှင်တို့ကသာ စွန့်လွှတ်စာချုပ် ချုပ်ဆိုနိုင်ခြင်း Credit By: ဥပဒေရေးရာ Posted By : Chan Myae (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ