By Yangon Media Group, Shweproperty.com
Updated at 24 January 2017
တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းဝယ်ယူမည့် ဝင်ငွေနည်း ပြည်သူများနှင့် တည်ဆောက်မည့် လုပ်ငန်းရှင်များအား အခွန်ကင်းလွတ်ခွင့်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားထားကြောင်း သိရသည်။
ယင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသာဌေးက ''ကျွန်တော်တို့အသင်းကနေ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို တန်ဖိုးနည်းအိမ်ရာတွေ အခွန်ကင်းလွတ်ခွင့်ပေးဖို့၊ ဖြေလျော့ပေးဖို့ တောင်းဆိုတာမှာ ဝန်ကြီးက အခွန်မကောက် ဖို့ ဆောင်ရွက်ပေးမယ်လို့ ပြောကြားခဲ့တာပါ။ ဝင်ငွေနည်းပြည်သူတွေအတွက် ရည်ရွယ်ပြီး ဆောက်တဲ့ဟာ မှန်သမျှကို အခွန်ကင်းလွတ်ခွင့်ပေးမယ်လို့ ဝန်ကြီးကပြောတယ်။ ဆောက်တဲ့သူအတွက်ရော၊ ဝယ်တဲ့သူအတွက်ရောပေါ့''ဟုပြောသည်။ အထက်ပါကဲ့သို့ အခွန်ကင်းလွတ်ခွင့်ပေးမည့် အစီအ စဉ်အတွက် နိုင်ငံတော်သမ္မတနှင့်နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည် တို့ထံ တင်ပြတောင်းဆိုသွားမည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြောင်း ရွှေလင်ပန်းစက်မှုဇုန်ဥက္ကဋ္ဌ ဦးအေးသောင်းကဆိုသည်။ တန်ဖိုးနည်းအိမ်ရာများမှာ စတုရန်း ပေ ၅ဝဝ မှ ၆ဝဝ ခန့်ကျယ်ဝန်းမည်ဖြစ် ပြီး တန်ဖိုးနည်းအိမ်ရာများမှ တိုက်ခန်းများမှာ ကျပ်သိန်း ၁ဝဝ မှ ၁၅ဝ ကြားတွင် ရှိမည် ဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းများ အတွက်ပေးဆောင်ရသည့် အခွန်ပမာဏများပြားနေပြီး ကျပ်သိန်း ၁ဝဝဝ ခန့်ရှိ တိုက်ခန်းများ၏ အခွန်သည် အခန်းတန်ဖိုး၏ ရာခိုင်နှုန်း ၃ဝ အထိ ပေးဆောင်နေရခြင်းဖြစ် ကြောင်းသိရသည်။ ထို့အတွက်ကြောင့် အိမ်ခြံမြေဈေးကွက်များ အရောင်းအ ဝယ် အေးနေချိန်တွင် ယင်းအခွန်ကောက်ခံသည့် ပမာဏမှာ ဝန်ထုပ်ဝန် ပိုးဖြစ်နေကြောင်း ဦးသာဌေးက ရှင်းပြသည်။ လက်ရှိ မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းမှ တန်ဖိုးနည်းအိမ်ရာ သန်းနှင့်ချီ၍ တည်ဆောက်ရန် ဆောင်ရွက်နေပြီး အဆိုပါ တန်ဖိုးနည်းအိမ်ရာများအတွက် အစိုး ရ ထံမှမြေတောင်းခံထားပြီး ဘဏ်ချေးငွေဖြင့် တည်ဆောက်နိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
Ref : Yangon Media Group
Photo Credit : Social
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ