By ထီယု(ဥပဒေအတိုင်ပင်ခံ), Shweproperty.com
Updated at 7 October 2019
#Unicode
"ပြည်ထောင်စုလွှတ်တော်က ၂၀၁၉ ခုနှစ် ပြည်ထောင်စုအခွန်အကောက်ဥပဒေအကြမ်းကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၉ ရက်မှာ အတည်ပြုလိုက်တယ်လို့ သိရတယ်"
စာရေးသူသည် ရုံခန်းရှိ စာရေးစာပွဲရှေ့တါင် ထိုင်နေသော ဦးသက်နိုင်ကို စကားစစတင်ပြောလိုက်ခြင်းဖြစ်သည်။ ဦးသက်နိုင်မှာ အိမ် ခြံ မြေ အကျိုးဆောင်လုပ်ငန်းကို လုပ်ကိုင်နေသူဖြစ်၏။
"ဟုတ်ကဲ့ ဆရာ။ ဒီနှစ်တော့အခွန်အကောက်ဥပဒေကြမ်းကို ပြင်ဆင်ခြင်းမရှိတော့ဘဲ အတည်ပြုခဲတာဖြစ်တယ်"
"အိမ် ခြံ မြေ ဝယ်တဲ့အခါ ဝင်ငွေရလမ်းမတင်ပြနိုင်တဲ့ ကိစ္စရပ်တွေမှာ အခွန်နှုန်းထားလျှော့လိုက်တဲ့အတွက် အိမ်ခြံမြေ ဈေးကွက်လည်း လှုပ်ရှားလာနိုင်တယ် မဟုတ်လား။ ကျပ်သိန်း တစ်ထောင်ထိကို ဝင်ငွေရဲ့ ၃ ရာခိုင်နှုန်းပဲ ဆောင်ရမှာ"
"မျှော်လင့်နေရတာပဲ ဆရာ။ ခက်တာက အဝယ်နည်းပြီး အငှားတွေက များနေတယ်။ စောင့်ကြည့်ရမှာပေါ့ဆရာ"
"ရန်ကုန်တိုင်းအတွင်းမှာ တန်ဖိုးနည်းအိမ်ရာ၊ တန်ဖိုးသင့်အိမ်ရာ၊ ဝန်ထမ်းအိမ်ရာတွေ ထပ်မံဆောက်လုပ်ရောင်းချပေးမယ်ဆိုတာတွေကလည်း ရှိတယ်မဟုတ်လား"
"ဟုတ်ပါတယ်။ ဒါကြောင့် အရောင်းအဝယ်အပြောင်းအလဲချက်ချင်းတော့ သွက်လက်လာမယ် မထင်ဘူး။ အနည်းဆုံး (၂)နှစ်လောက်မဋ္ဌှ အသားကျသါားမှာ ဆရာ၊ ဝယ်ရောင်းကိစ္စလည်း လည်ပတ်သွားနိုင်တယ်လို့ ထင်တယ်"
"ဦးသက်နိုင်ကတော့ စီးပွားရေးသမားပီပီ အခွန်ကောက်ဥပဒေကိုနောက်နှစ် ဘဏ္ဍာရေးနှစ်မှာလည်း ဆက်လက်အတည်ပြုပြဌာန်းပေးဖို့စကားဦးသန်းနေပြီ"
"ဒါကတော့ ဆန္ဒကိုပြောတာပါဆရာ။ ဘာလို့လဲဆိုတော့ အခွန်အကောက်ဥပဒေကို နှစ်စဉ်အသစ်ပြဌာန်းပေးတာ မဟုတ်လား"
"အခွန်ဆောင်သူတွေများပြားတိုးတက်လာရင်တော့ အဆင်ပြေသွားမှာပါ။ ရည်ရွက်ချက်အောင်မြင်တယ်ပေါ့။ နောက်နှစ်အတွက်လည်း ၂၀၂၀ ခုနှစ် စက်တင်ဘာလမကုန်မီ အသစ်ပြဌာန်းရမှာဆိုတော့ အခွန်နှုန်းထားတွေတက်မယ်တော့ မထင်ပါဘူး"
"ပြည်ထောင်စုရွေးကောက်ပွဲနီးနေပြီလို့ ပြောချင်တာမဟုတ်လား"
"ဒါလည်း အချက်တစ်ချက်ပေါ့ဗျာ။ အဓိကအနေနဲ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဌာန်းလိုက်တဲ့အတွက် ပြည်သူတွေအပေါ်ထားတဲ့ စေတနာကိုလေးစားခံယူကြဖို့လိုပါတယ်။ အမှန်တကယ်ဝယ်သူ၊ ရောင်းသူ၊ အိမ်ငှားထားသူတို့အနေနဲ့ပေးဆောင်ရမယ့်အခွန်အခကို တိမ်းရှောင်မနေဘဲ ပေဆောင်ကြဖို့လိုပါတယ်"
"ဟုတ်ပါတယ် ဆရာ။ များသောအားဖြင့် အရောင်းတွေကသာ မြေအမည်ပြောင်းဖို့ ရည်ရွယ်ပြီး အခွန်ဆောင် မှတ်ပုံတင်စာချုပ်စာတမ်းပြုလုပ်ရောင်းဝယ်ကြတာ ဆရာ။ ဝယ်သူတွေက အခွန်ဆောင်တာနည်းတယ်"
"ဒါလည်းယူဆချက်မှာနေတာ။ ရောင်းသူက မိမိရတဲ့ အမြတ်အစွန်းငွေပေါ်မှာသာ အခွန်နှုန်း ၁၀ ရာခိုင်းနှုန်း (တစ်ဆယ်ရာခိုင်နှုန်း) ကောက်ခံတာဖြစ်တယ်။ ရောင်းဖိုးငွေအပေါ်ကောက်ခံတာမဟုတ်လို့ အများကြီးသက်သာပါတယ်။ ပြီးတော့ ရောင်းဖိုါ်ငွေဟာ ငွေဖြူဖြစ်သွားပြီမို့နောက်ထပ်ပစ္စည်းတစ်စုံတစ်ခုကို ဝယ်ရင် (ဥပမာ ကား၊ မြေ၊ အိမ်၊ ခြံ) စသည်တို့အတွက် ဝယ်ငွေကို ခုနှိမ်ခွင့်ရသွားမှာပဲ ဖြစ်တယ်"
"ဟုတ်ပါတယ်ဆရာ။ တစ်ခါတစ်ရံမှာ ပစ္စည်းရောင်းဖိုးငွေက များပြီး ထပ်မံဝယ်လိုက်တဲ့ အိမ်မြေပစ္စည်းဝယ်ဈေးက နည်းရင် ထပ်မံဝယ်ခွန်ဆောင်ရတာမျိုးမရှိဘဲ ကင်းလွတ်သွားပါတယ်"
"ဒါကြောင့် အိမ်မြေရောင်းသူများအနေနဲပလည်း အခြားပစ္စည်းဝယ်ရာမှာ အခွန်ကင်းလွတ်နိုင်တဲ့အတွက် ရောင်းဖိုးငွေအပေါ် အခွန်ပေးဆောင်သင့်တယ်လို့ ကြုံကြိုက်တုန်း အကြံပေးချင်ပါတယ်"
"အခွန်ပေးဆောင်ခြင်းမရှိပဲ အရောင်းအဝယ်ဖြစ်နေတာကတော့ တိုက်ခန်းအရောင်းအဝယ်ကိစ္စပဲ"
"ဟုတ်ပါတယ် ဆရာ။ ဝယ်ခွန်ရောင်းခွန်ဆောင်ကြခြင်းမရှိပဲ အရောင်းအဝယ်ဖြစ်နေကြပါတယ်။ အချို့မြေငှားပြီး B.O.T စနစ်နဲ့ နှစ်ချုပ်ဆောက်လုပ်ခွင့်ပေးတဲ့ကိစ္စတွေလည်း ရှိတယ်ဆရာ"
"မှန်ပါတယ်။ တိတိကျကျ ဆောင်ရွက်ရင်တော့ နိုင်ငံတော်ဘဏ္ဍာတွေ အများကြီးရဖို့ကိစ္စတွေ အများကြီးရှိပါတယ်။ နိုင်ငံခြားသားတွေကို ဒေါ်လာနဲ့ အိမ်လုံးချင်ငှားထားတာတွေလည်းရှိတယ်"
"အိမ် မြေ ငှားရမ်းခရငွေအပေါ်မှာ ဘယ်လိုအခွန်ဆောင်ရပါသလဲ ဆရာ"
အိမ်မြေငှားရမ်းခကတော့ မိသားစုဝင်ငွေ သဘောဖြစ်တဲ့အတွက် တစ်နှစ်ဝင်ငွေ ၄၈ သိန်းထက်ကျော်လွန်ရင် မိသားစုအတွက် ခံစားခွင့်ပြုထားတဲ့ သက်သာခွင့်ကို နုတ်ပြီး ကျန်ငွေအပေါ် တစ်ဆယ်ရာခိုင်နှုန်း ပေးဆောင်ရမှာဖြစ်ပါတယ်"
"အခွန်ပေးဆောင်ထားတဲ့ ဝင်ငွေက ငွေဖြူဖြစ်သွားပြီး အခြားအိမ်ခြံပစ္စည်းဝယ်တဲ့အခါ ဝင်ငွေရလမ်းတင်ပြနိုင်တာပေါ့ဆရာ"
"ဟုတ်ပါတယ် ဒါကြောင့်မို့ အခွန်ပေးဆောင်ရမှာကို မကြောက်ဖို့လိုပါတယ်။ မိမိဝင်ငွေလျော့သွားတယ်လို့ ယူဆကြပေမယ့် ရရှိလာတဲ့ အကျိုးအမြတ်က အခွန်ဆောင်တဲ့ အခွန်ခထက်အဆပေါင်းမှားစွာ ခံစားခွင့်ရရှိမှာ ဖြစ်တယ်"
"အချို့ကလာမေးကြတယ်ဆရာ။ ယခင်နှစ်နှစ်သုံးနှစ်ခန့်ကဝယ်ထားတဲ့ အိမ်မြေတွေကို အခုမှ အခွန်ဆောင်ပြီး စာချုပ်စာတမ်းမှတ်ပုံတင်စာချုပ် ချုပ်ဆိုလို့ရပါသလားဆိုတာပဲ ဆရာ"
"ဒါကလည်း ဖြတ်လမ်းနည်းစဉ်းစားလာကြတာဖြစ်တယ်။ အခွန်ဦးစီးဌာနကို အိမ်မြေတန်ဖိုးစစ်လျှောက်တဲ့အခါ အိမ်မြေအရောင်းအဝယ်ပြုသည့်နေမှ ရက်ပေါင်း ၃၀ အတွင်း တင်ပြလျှောက်ထားရမယ်လို့ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်ရှိတယ်မဟုတ်လား။ ဦးသက်နီုင်လည်း သိပါတယ်"
"အရောင်းအဝယ်ကတိစာချုပ်နဲ့ မြေပုံမြေရာဇဝင်တင်ပြရတာဆိုတော့ အခုကာလမှာ အိမ်မြေအရောင်းအဝယ်ကတိစာချုပ်ပြုလုပ်တင်ပြရင်ရပါသလား ဆရာ"
"ပဋိညာဉ်ဥပဒေအရတော့ ရောင်းသူ၊ ဝယ်သူနှစ်ဦးနှစ်ဖက်သဘောတူ အဖိုးစားနားတစ်ခုနဲ့ ရောင်းချတာကြောင့် ကတိပြုချုပ်ဆိုနိုင်ပါတယ်။ မြေအမည်ပေါက် သက်ရှိထင်ရှားရှိဖို့တော့ လိုမှာပေါ့။ တစ်ခါတစ်ရံမှာ ကိုယ်စားလှယ်လွှဲစာကို မြေရှင်ထံက ယူထားပေမယ့် ဆက်သွယ်မရတာရယ်၊ ကွယ်လွန်သွားတာကြောင့် အခက်အခဲတွေ့တတ်ကြတယ်။ ပြီးတော့ သက်ဆိုင်ရာ အခွန်ဦးစီးဌာနက လက်ရှိသတ်မှတ်ထားတဲ့ အိမ် မြေ တန်ဖိုး စံနှုန်းမှာလည်း ယခင်နှစ်များက မိမိ အမှန်တကယ် ဝယ်ဈေးနှုန်းထက်မြင့်တက်နေတာလည်း ဖြစ်တတ်တယ်"
"ဘယ်လိုပဲဖြစ်ဖြစ် ယခုကာလမှ မြေကိုဝယ်ပါတယ်လို့ အရောင်းအဝယ် ကတိစာချုပ်တင်ပြခဲ့ရင် လက်ရှိကာလမှာ သတ်မှတ်ထာတဲ့ အိမ်မြေစံနှုန်းအတိုင်းပဲ သတ်မှတ်ပေးမှာလားဆရာ"
"မှန်ပါတယ်။ ဒါပေမယ့် အမှန်တကယ် ရေရှည်နေထိုင်မယ့်သူဆိုရင်တော့ သတ်မှတ်ထားတဲ့ အခွန်အခကို ဆောင်ပြီး မှတ်ပုံတင်အရောင်းအဝယ်စာချုပ် ချုပ်ဆိုသင့်ပါတယ်။ ဒါမှ မိမိရဲ့ သားစဉ်မြေးဆက် ပိုင်ပိုင်နိုင်နိုင် ပိုင်ဆိုင်ခွင့်ရမှာ ဖြစ်တယ်"
"ဟုတ်ကဲ့ ဆရာရှင်းပြမှပဲ နည်းလည်သဘောပေါက်သွားတယ်ဆရာ၊ ကျေးဇူးတင်ပါတယ်"
"ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ။ ဒီ ၂၀၁၉ ခုနှစ် အခွန်အေကာက်ဥပဒေအရ အခွန်နှုန်းထားတွေ ဖြေလျော့ပေးလိုက်တဲ့အတွက် အိမ်မြေအရောင်းအဝယ်ပြုလုပ်သူတိုင်း အခွန်ပေးဆောင်ကြပါလို့ အိမ် ခြံ မြေ အကျိုးဆောင်များကလည်း တိုက်တွန်းဆောင်ရွက်သင့်ပါတယ်"ဟု အကြံပြုဆွေးနွေးလိုက်ပါသည်။
#Zawgyi
"ျပည္ေထာင္စုလႊတ္ေတာ္က ၂၀၁၉ ခုႏွစ္ ျပည္ေထာင္စုအခြန္အေကာက္ဥပေဒအၾကမ္းကို ၂၀၁၉ ခုႏွစ္ စက္တင္ဘာလ ၁၉ ရက္မွာ အတည္ျပဳလုိက္တယ္လို႔ သိရတယ္"
စာေရးသူသည္ ႐ံုခန္းရွိ စာေရးစာပြဲေရွ႕တါင္ ထိုင္ေနေသာ ဦးသက္ႏိုင္ကို စကားစစတင္ေျပာလိုက္ျခင္းျဖစ္သည္။ ဦးသက္ႏိုင္မွာ အိမ္ ၿခံ ေျမ အက်ိဳးေဆာင္လုပ္ငန္းကို လုပ္ကိုင္ေနသူျဖစ္၏။
"ဟုတ္ကဲ့ ဆရာ။ ဒီႏွစ္ေတာ့အခြန္အေကာက္ဥပေဒၾကမ္းကို ျပင္ဆင္ျခင္းမရွိေတာ့ဘဲ အတည္ျပဳခဲတာျဖစ္တယ္"
"အိမ္ ၿခံ ေျမ ၀ယ္တဲ့အခါ ၀င္ေငြရလမ္းမတင္ျပႏိုင္တဲ့ ကိစၥရပ္ေတြမွာ အခြန္ႏႈန္းထားေလွ်ာ့လိုက္တဲ့အတြက္ အိမ္ၿခံေျမ ေစ်းကြက္လည္း လႈပ္ရွားလာႏိုင္တယ္ မဟုတ္လား။ က်ပ္သိန္း တစ္ေထာင္ထိကို ၀င္ေငြရဲ႕ ၃ ရာခိုင္ႏႈန္းပဲ ေဆာင္ရမွာ"
"ေမွ်ာ္လင့္ေနရတာပဲ ဆရာ။ ခက္တာက အ၀ယ္နည္းၿပီး အငွားေတြက မ်ားေနတယ္။ ေစာင့္ၾကည့္ရမွာေပါ့ဆရာ"
"ရန္ကုန္တိုင္းအတြင္းမွာ တန္ဖိုးနည္းအိမ္ရာ၊ တန္ဖိုးသင့္အိမ္ရာ၊ ၀န္ထမ္းအိမ္ရာေတြ ထပ္မံေဆာက္လုပ္ေရာင္းခ်ေပးမယ္ဆိုတာေတြကလည္း ရွိတယ္မဟုတ္လား"
"ဟုတ္ပါတယ္။ ဒါေၾကာင့္ အေရာင္းအ၀ယ္အေျပာင္းအလဲခ်က္ခ်င္းေတာ့ သြက္လက္လာမယ္ မထင္ဘူး။ အနည္းဆံုး (၂)ႏွစ္ေလာက္မ႒ွ အသားက်သါားမွာ ဆရာ၊ ၀ယ္ေရာင္းကိစၥလည္း လည္ပတ္သြားႏိုင္တယ္လို႔ ထင္တယ္"
"ဦးသက္ႏိုင္ကေတာ့ စီးပြားေရးသမားပီပီ အခြန္ေကာက္ဥပေဒကိုေနာက္ႏွစ္ ဘ႑ာေရးႏွစ္မွာလည္း ဆက္လက္အတည္ျပဳျပဌာန္းေပးဖို႔စကားဦးသန္းေနၿပီ"
"ဒါကေတာ့ ဆႏၵကိုေျပာတာပါဆရာ။ ဘာလို႔လဲဆိုေတာ့ အခြန္အေကာက္ဥပေဒကို ႏွစ္စဥ္အသစ္ျပဌာန္းေပးတာ မဟုတ္လား"
"အခြန္ေဆာင္သူေတြမ်ားျပားတိုးတက္လာရင္ေတာ့ အဆင္ေျပသြားမွာပါ။ ရည္ရြက္ခ်က္ေအာင္ျမင္တယ္ေပါ့။ ေနာက္ႏွစ္အတြက္လည္း ၂၀၂၀ ခုႏွစ္ စက္တင္ဘာလမကုန္မီ အသစ္ျပဌာန္းရမွာဆိုေတာ့ အခြန္ႏႈန္းထားေတြတက္မယ္ေတာ့ မထင္ပါဘူး"
"ျပည္ေထာင္စုေရြးေကာက္ပြဲနီးေနၿပီလို႔ ေျပာခ်င္တာမဟုတ္လား"
"ဒါလည္း အခ်က္တစ္ခ်က္ေပါ့ဗ်ာ။ အဓိကအေနနဲ႔ ျပည္ေထာင္စုလႊတ္ေတာ္က အတည္ျပဳျပဌာန္းလိုက္တဲ့အတြက္ ျပည္သူေတြအေပၚထားတဲ့ ေစတနာကိုေလးစားခံယူၾကဖို႔လိုပါတယ္။ အမွန္တကယ္၀ယ္သူ၊ ေရာင္းသူ၊ အိမ္ငွားထားသူတို႔အေနနဲ႔ေပးေဆာင္ရမယ့္အခြန္အခကို တိမ္းေရွာင္မေနဘဲ ေပေဆာင္ၾကဖို႔လိုပါတယ္"
"ဟုတ္ပါတယ္ ဆရာ။ မ်ားေသာအားျဖင့္ အေရာင္းေတြကသာ ေျမအမည္ေျပာင္းဖို႔ ရည္ရြယ္ၿပီး အခြန္ေဆာင္ မွတ္ပံုတင္စာခ်ဳပ္စာတမ္းျပဳလုပ္ေရာင္း၀ယ္ၾကတာ ဆရာ။ ၀ယ္သူေတြက အခြန္ေဆာင္တာနည္းတယ္"
"ဒါလည္းယူဆခ်က္မွာေနတာ။ ေရာင္းသူက မိမိရတဲ့ အျမတ္အစြန္းေငြေပၚမွာသာ အခြန္ႏႈန္း ၁၀ ရာခိုင္းႏႈန္း (တစ္ဆယ္ရာခိုင္ႏႈန္း) ေကာက္ခံတာျဖစ္တယ္။ ေရာင္းဖိုးေငြအေပၚေကာက္ခံတာမဟုတ္လို႔ အမ်ားႀကီးသက္သာပါတယ္။ ၿပီးေတာ့ ေရာင္းဖိုၚေငြဟာ ေငြျဖဴျဖစ္သြားၿပီမို႔ေနာက္ထပ္ပစၥည္းတစ္စံုတစ္ခုကို ၀ယ္ရင္ (ဥပမာ ကား၊ ေျမ၊ အိမ္၊ ၿခံ) စသည္တို႔အတြက္ ၀ယ္ေငြကို ခုႏွိမ္ခြင့္ရသြားမွာပဲ ျဖစ္တယ္"
"ဟုတ္ပါတယ္ဆရာ။ တစ္ခါတစ္ရံမွာ ပစၥည္းေရာင္းဖိုးေငြက မ်ားၿပီး ထပ္မံ၀ယ္လိုက္တဲ့ အိမ္ေျမပစၥည္း၀ယ္ေစ်းက နည္းရင္ ထပ္မံ၀ယ္ခြန္ေဆာင္ရတာမ်ိဳးမရွိဘဲ ကင္းလြတ္သြားပါတယ္"
"ဒါေၾကာင့္ အိမ္ေျမေရာင္းသူမ်ားအေနနဲပလည္း အျခားပစၥည္း၀ယ္ရာမွာ အခြန္ကင္းလြတ္ႏိုင္တဲ့အတြက္ ေရာင္းဖိုးေငြအေပၚ အခြန္ေပးေဆာင္သင့္တယ္လို႔ ႀကံဳႀကိဳက္တုန္း အႀကံေပးခ်င္ပါတယ္"
"အခြန္ေပးေဆာင္ျခင္းမရွိပဲ အေရာင္းအ၀ယ္ျဖစ္ေနတာကေတာ့ တိုက္ခန္းအေရာင္းအ၀ယ္ကိစၥပဲ"
"ဟုတ္ပါတယ္ ဆရာ။ ၀ယ္ခြန္ေရာင္းခြန္ေဆာင္ၾကျခင္းမရွိပဲ အေရာင္းအ၀ယ္ျဖစ္ေနၾကပါတယ္။ အခ်ိဳ႕ေျမငွားၿပီး B.O.T စနစ္နဲ႔ ႏွစ္ခ်ဳပ္ေဆာက္လုပ္ခြင့္ေပးတဲ့ကိစၥေတြလည္း ရွိတယ္ဆရာ"
"မွန္ပါတယ္။ တိတိက်က် ေဆာင္ရြက္ရင္ေတာ့ ႏိုင္ငံေတာ္ဘ႑ာေတြ အမ်ားႀကီးရဖို႔ကိစၥေတြ အမ်ားႀကီးရွိပါတယ္။ ႏိုင္ငံျခားသားေတြကို ေဒၚလာနဲ႔ အိမ္လံုးခ်င္ငွားထားတာေတြလည္းရွိတယ္"
"အိမ္ ေျမ ငွားရမ္းခရေငြအေပၚမွာ ဘယ္လိုအခြန္ေဆာင္ရပါသလဲ ဆရာ"
အိမ္ေျမငွားရမ္းခကေတာ့ မိသားစု၀င္ေငြ သေဘာျဖစ္တဲ့အတြက္ တစ္ႏွစ္၀င္ေငြ ၄၈ သိန္းထက္ေက်ာ္လြန္ရင္ မိသားစုအတြက္ ခံစားခြင့္ျပဳထားတဲ့ သက္သာခြင့္ကို ႏုတ္ၿပီး က်န္ေငြအေပၚ တစ္ဆယ္ရာခိုင္ႏႈန္း ေပးေဆာင္ရမွာျဖစ္ပါတယ္"
"အခြန္ေပးေဆာင္ထားတဲ့ ၀င္ေငြက ေငြျဖဴျဖစ္သြားၿပီး အျခားအိမ္ၿခံပစၥည္း၀ယ္တဲ့အခါ ၀င္ေငြရလမ္းတင္ျပႏိုင္တာေပါ့ဆရာ"
"ဟုတ္ပါတယ္ ဒါေၾကာင့္မို႔ အခြန္ေပးေဆာင္ရမွာကို မေၾကာက္ဖို႔လိုပါတယ္။ မိမိ၀င္ေငြေလ်ာ့သြားတယ္လို႔ ယူဆၾကေပမယ့္ ရရွိလာတဲ့ အက်ိဳးအျမတ္က အခြႏ္ေဆာင္တဲ့ အခြန္ခထက္အဆေပါင္းမွားစြာ ခံစားခြင့္ရရွိမွာ ျဖစ္တယ္"
"အခ်ိဳ႕ကလာေမးၾကတယ္ဆရာ။ ယခင္ႏွစ္ႏွစ္သံုးႏွစ္ခန္႔က၀ယ္ထားတဲ့ အိမ္ေျမေတြကို အခုမွ အခြန္ေဆာင္ၿပီး စာခ်ဳပ္စာတမ္းမွတ္ပံုတင္စာခ်ဳပ္ ခ်ဳပ္ဆိုလို႔ရပါသလားဆိုတာပဲ ဆရာ"
"ဒါကလည္း ျဖတ္လမ္းနည္းစဥ္းစားလာၾကတာျဖစ္တယ္။ အခြန္ဦးစီးဌာနကို အိမ္ေျမတန္ဖိုးစစ္ေလွ်ာက္တဲ့အခါ အိမ္ေျမအေရာင္းအ၀ယ္ျပဳသည့္ေနမွ ရက္ေပါင္း ၃၀ အတြင္း တင္ျပေလွ်ာက္ထားရမယ္လို႔ လုပ္ထံုးလုပ္နည္း ညႊန္ၾကားခ်က္ရွိတယ္မဟုတ္လား။ ဦးသက္ႏီုင္လည္း သိပါတယ္"
"အေရာင္းအ၀ယ္ကတိစာခ်ဳပ္နဲ႔ ေျမပံုေျမရာဇ၀င္တင္ျပရတာဆိုေတာ့ အခုကာလမွာ အိမ္ေျမအေရာင္းအ၀ယ္ကတိစာခ်ဳပ္ျပဳလုပ္တင္ျပရင္ရပါသလား ဆရာ"
"ပဋိညာဥ္ဥပေဒအရေတာ့ ေရာင္းသူ၊ ၀ယ္သူႏွစ္ဦးႏွစ္ဖက္သေဘာတူ အဖိုးစားနားတစ္ခုနဲ႔ ေရာင္းခ်တာေၾကာင့္ ကတိျပဳခ်ဳပ္ဆိုႏိုင္ပါတယ္။ ေျမအမည္ေပါက္ သက္ရွိထင္ရွားရွိဖို႔ေတာ့ လိုမွာေပါ့။ တစ္ခါတစ္ရံမွာ ကိုယ္စားလွယ္လႊဲစာကို ေျမရွင္ထံက ယူထားေပမယ့္ ဆက္သြယ္မရတာရယ္၊ ကြယ္လြန္သြားတာေၾကာင့္ အခက္အခဲေတြ႔တတ္ၾကတယ္။ ၿပီးေတာ့ သက္ဆိုင္ရာ အခြန္ဦးစီးဌာနက လက္ရွိသတ္မွတ္ထားတဲ့ အိမ္ ေျမ တန္ဖိုး စံႏႈန္းမွာလည္း ယခင္ႏွစ္မ်ားက မိမိ အမွန္တကယ္ ၀ယ္ေစ်းႏႈန္းထက္ျမင့္တက္ေနတာလည္း ျဖစ္တတ္တယ္"
"ဘယ္လိုပဲျဖစ္ျဖစ္ ယခုကာလမွ ေျမကို၀ယ္ပါတယ္လို႔ အေရာင္းအ၀ယ္ ကတိစာခ်ဳပ္တင္ျပခဲ့ရင္ လက္ရွိကာလမွာ သတ္မွတ္ထာတဲ့ အိမ္ေျမစံႏႈန္းအတိုင္းပဲ သတ္မွတ္ေပးမွာလားဆရာ"
"မွန္ပါတယ္။ ဒါေပမယ့္ အမွန္တကယ္ ေရရွည္ေနထိုင္မယ့္သူဆိုရင္ေတာ့ သတ္မွတ္ထားတဲ့ အခြန္အခကို ေဆာင္ၿပီး မွတ္ပံုတင္အေရာင္းအ၀ယ္စာခ်ဳပ္ ခ်ဳပ္ဆိုသင့္ပါတယ္။ ဒါမွ မိမိရဲ႕ သားစဥ္ေျမးဆက္ ပိုင္ပိုင္ႏိုင္ႏိုင္ ပိုင္ဆိုင္ခြင့္ရမွာ ျဖစ္တယ္"
"ဟုတ္ကဲ့ ဆရာရွင္းျပမွပဲ နည္းလည္သေဘာေပါက္သြားတယ္ဆရာ၊ ေက်းဇူးတင္ပါတယ္"
"ဘာပဲျဖစ္ျဖစ္ေပါ့ဗ်ာ။ ဒီ ၂၀၁၉ ခုႏွစ္ အခြန္ေအကာက္ဥပေဒအရ အခြႏ္ႏႈန္းထားေတြ ေျဖေလ်ာ့ေပးလိုက္တဲ့အတြက္ အိမ္ေျမအေရာင္းအ၀ယ္ျပဳလုပ္သူတိုင္း အခြန္ေပးေဆာင္ၾကပါလို႔ အိမ္ ၿခံ ေျမ အက်ိဳးေဆာင္မ်ားကလည္း တိုက္တြန္းေဆာင္ရြက္သင့္ပါတယ္"ဟု အႀကံျပဳေဆြးေႏြးလိုက္ပါသည္။
Ref : ထီယု(ဥပေဒအတိုင္ပင္ခံ)
Photo Credit : Thestar
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ