By Myanmar Builders Guide, Shweproperty.com
Updated at 2 December 2019
#Unicode
အခွန်ဖြေလျှော့မှု နှစ်လ သက်တမ်းသို့ ရောက်ရှိလာသော် လည်း ပြည်တွင်းအိမ်ခြံမြေ၊ တိုက် ခန်းနှင့် ဆောက်လုပ်ရေးကဏ္ဍ တွင် ဝယ်လိုအား သိသာစွာတိုးတက်မှုမရှိသေးကြောင်းစီးပွားရေး လုပ်ငန်းရှင်အချို့ကပြောသည်။
၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် အိမ်ခြံမြေ၊ တိုက်ခန်းတန်ဖိုး ကျပ် သိန်း ၁,၀၀၀ အောက် ဝယ်ယူပါ က တရားဝင်ပိုင်ဆိုင်ရေး အခွန် ၃ ရာခိုင်နှုန်းသာ ပေးဆောင်ရန်အစိုးရက ခွင့်ပြုထားသည်။ ၁၅ရာခိုင်နှုန်း အခွန်ပေးဆောင်နေရခြင်း မှ ဖြေလျှော့ပေးခြင်းဖြစ်သည်။
အခွန်ဖြေလျှော့မှုနှင့် ပတ် သက်၍ ဆောက်လုပ်ရေးလုပ်ငန်း ရှင်များ အပါအဝင် လုပ်ငန်းရှင် အချို့က စီးပွားရေး ပြန်လည်ဦး မော့လာနိုင်သည်ဟု မျှော်လင့်ခဲ့ သည်။သို့သော် နှစ်လခန့်ကြာမြင့် ချိန်အထိ ဈေးကွက်အတွင်း အ ရောင်းအဝယ် သိသာစွာ ပြောင်းလဲခြင်းမရှိသေးသည့်အပေါ် အားမရကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောသည်။
မြေကွက်များ၊ တိုက်ခန်း များကို အစိုးရက ရောင်းချခြင်း၊ အခွန်သက်သာခွင့် သက်တမ်း တစ်နှစ်သာရရှိခြင်းနှင့် အခြား စီးပွားရေးလုပ်ငန်းများတွင် တိုးတက်မှုမရှိခြင်းက အိမ်ခြံမြေနှင့် တည်ဆောက်ရေးကဏ္ဍ တိုးတက် ရေး နှောင့်နှေးစေသည်ဟု သက် ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်အ ချို့က ပြောသည်။
‘‘အစိုးရကိုယ်တိုင် မြေတွေ ရောင်း၊ တိုက်ခန်းတွေ ရောင်းနေ တော့ မျှော်လင့်သလောက် ဖြစ် မလာသေးဘူး’’ဟု Three Friendsဆောက်လုပ်ရေးမှ ဒါရိုက်တာဦးကိုကိုလေးက ပြောသည်။ရန်ကုန်တိုင်း အစိုးရက လူ နေထိုင်ရန်နှင့် စီးပွားရေးနှင့် စက်မှုလုပ်ငန်းများ မြေနေရာကို အောက်တိုဘာ ၇ ရက်တွင် စတင်ရောင်းချခဲ့သည်။ ပထမအဆင့်အဖြစ် မြေကွက် ၅၀၀ ထုတ် ရောင်းရန် အစိုးရက စီစဉ်ခဲ့သည်။
ပုဂ္ဂလိကလုပ်ငန်းရှင်များက အစိုးရနှင့် ယှဉ်ပြိုင်မရောင်းချနိုင် ခြင်းကြောင့် လက်ရှိ တိုက်ခန်းဈေးကွက်အခြေအနေကို မပြောင်းလဲ နိုင်ခြင်းဖြစ်ကြောင်းဦးကိုကိုလေးက ဆိုသည်။‘‘သက်သာခွင့်ပေးပေမယ့် ဝယ်လိုအားက မတက်ပါဘူး’’ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင် ရာ လုပ်ငန်းရှင်များအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးမျိုးမြင့်ကပြောသည်။
သို့သော် အခွန်သက်သာခွင့် ကြောင့် အမှန်တကယ် နေထိုင် လိုသူအချို့ ဝယ်လိုအားရှိသည်ဟု ၎င်းက ပြောသည်။ လက်ရှိ တိုက် ခန်းဈေးကွက်တွင် ကျပ်သိန်း ၂၀၀မှ ၄၀၀ အကြား တိုက်ခန်း အနည်းငယ်ဝယ်လိုအားရှိသည် ဟု ၎င်းက ပြောသည်။ အခြားစီးပွားရေးလုပ်ငန်းများ နှေးကွေးမှု ကြောင့် အမှန်တကယ်နေထိုင်သူများ ဝယ်ယူသော်လည်း ရင်းနှီး မြှုပ်နှံသူများ၏ ဝယ်လိုအား မရှိ သလောက်နည်းသည်ဟု ဦးမျိုးမြင့်က ပြောသည်။
ဂျပန်နိုင်ငံက ဒါ်လာ ၈ ဒသမ ၄ မီလီယံတန်ရင်းနှီးမြှုပ်နှံမှုဖြင့် TOYOINK ကုမ္ပဏီ မြန်မာနိုင်ငံ၌ လုပ်ငန်းစတင်လည်ပတ်ရန်ကုန်အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်တုံ့နှေးမှုက လက်ရှိတွင် အပြောင်းအလဲမရှိကြောင်း မဏ္ဍိုင်အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာဦးသန်းဦးက ပြောသည်။ အခွန် သက်သာခွင့်အပေါ် မျှော်လင့် သော်လည်း လက်ရှိအထိ အကျိုး သက်ရောက်မှုမရှိသေးကြောင်း ၎င်းက ဆိုသည်။
ထို့အပြင် အခွန်သက်သာ ခွင့် တစ်နှစ်သက်တမ်း ခွင့်ပြုထား ခြင်းကြောင့် တည်ဆောက်ရေး လုပ်ငန်းအသစ်များ တိုးမြှင့်စတင် နိုင်ရေး အခက်အခဲအချို့ရှိနေ ကြောင်းဦးမျိုးမြင့်က ပြောသည်။တည်ဆောက်ရေး လုပ်ငန်းတစ်ခု အတွက် မြေပုံကူးခြင်း၊ တည်ဆောက်ရေး ခွင့်ပြုမိန့်တင်ခြင်း အပါအဝင် လိုအပ်သော လုပ်ထုံး လုပ်နည်းများဆောင်ရွက်ပြီး စတင်တည်ဆောက်ချိန်တွင် အခွန်သက်သာခွင့်ပြုထားသည့် အချိန်ပြည့်သွားနိုင်ကြောင်း ၎င်းက ဆိုသည်။
#Zawgyi
အခြန္ေျဖေလွ်ာ့မႈ ႏွစ္လ သက္တမ္းသို႔ ေရာက္ရွိလာေသာ္ လည္း ျပည္တြင္းအိမ္ၿခံေျမ၊ တိုက္ ခန္းႏွင့္ ေဆာက္လုပ္ေရးက႑ တြင္ ဝယ္လိုအား သိသာစြာတိုးတက္မႈမရွိေသးေၾကာင္းစီးပြားေရး လုပ္ငန္းရွင္အခ်ိဳ႕ကေျပာသည္။
၂၀၁၉-၂၀ ဘ႑ာႏွစ္တြင္ အိမ္ၿခံေျမ၊ တိုက္ခန္းတန္ဖိုး က်ပ္ သိန္း ၁,၀၀၀ ေအာက္ ဝယ္ယူပါ က တရားဝင္ပိုင္ဆိုင္ေရး အခြန္ ၃ ရာခိုင္ႏႈန္းသာ ေပးေဆာင္ရန္အစိုးရက ခြင့္ျပဳထားသည္။ ၁၅ရာခိုင္ႏႈန္း အခြန္ေပးေဆာင္ေနရျခင္း မွ ေျဖေလွ်ာ့ေပးျခင္းျဖစ္သည္။
အခြန္ေျဖေလွ်ာ့မႈႏွင့္ ပတ္သက္၍ ေဆာက္လုပ္ေရးလုပ္ငန္း ရွင္မ်ား အပါအဝင္ လုပ္ငန္းရွင္ အခ်ိဳ႕က စီးပြားေရး ျပန္လည္ဦး ေမာ့လာႏိုင္သည္ဟု ေမွ်ာ္လင့္ခဲ့ သည္။သို႔ေသာ္ ႏွစ္လခန႔္ၾကာျမင့္ ခ်ိန္အထိ ေဈးကြက္အတြင္း အ ေရာင္းအဝယ္ သိသာစြာ ေျပာင္းလဲျခင္းမရွိေသးသည့္အေပၚ အားမရေၾကာင္း စီးပြားေရးလုပ္ငန္းရွင္အခ်ိဳ႕က ေျပာသည္။
ေျမကြက္မ်ား၊ တိုက္ခန္း မ်ားကို အစိုးရက ေရာင္းခ်ျခင္း၊ အခြန္သက္သာခြင့္ သက္တမ္း တစ္ႏွစ္သာရရွိျခင္းႏွင့္ အျခား စီးပြားေရးလုပ္ငန္းမ်ားတြင္ တိုးတက္မႈမရွိျခင္းက အိမ္ၿခံေျမႏွင့္ တည္ေဆာက္ေရးက႑ တိုးတက္ ေရး ေႏွာင့္ေႏွးေစသည္ဟု သက္ ဆိုင္ရာစီးပြားေရးလုပ္ငန္းရွင္အ ခ်ိဳ႕က ေျပာသည္။
‘‘အစိုးရကိုယ္တိုင္ ေျမေတြ ေရာင္း၊ တိုက္ခန္းေတြ ေရာင္းေန ေတာ့ ေမွ်ာ္လင့္သေလာက္ ျဖစ္ မလာေသးဘူး’’ဟု Three Friendsေဆာက္လုပ္ေရးမွ ဒါ႐ိုက္တာဦးကိုကိုေလးက ေျပာသည္။ရန္ကုန္တိုင္း အစိုးရက လူ ေနထိုင္ရန္ႏွင့္ စီးပြားေရးႏွင့္ စက္မႈလုပ္ငန္းမ်ား ေျမေနရာကို ေအာက္တိုဘာ ၇ ရက္တြင္ စတင္ေရာင္းခ်ခဲ့သည္။ ပထမအဆင့္အျဖစ္ ေျမကြက္ ၅၀၀ ထုတ္ ေရာင္းရန္ အစိုးရက စီစဥ္ခဲ့သည္။
ပုဂၢလိကလုပ္ငန္းရွင္မ်ားက အစိုးရႏွင့္ ယွဥ္ၿပိဳင္မေရာင္းခ်ႏိုင္ ျခင္းေၾကာင့္ လက္ရွိ တိုက္ခန္းေဈးကြက္အေျခအေနကို မေျပာင္းလဲ ႏိုင္ျခင္းျဖစ္ေၾကာင္းဦးကိုကိုေလးက ဆိုသည္။‘‘သက္သာခြင့္ေပးေပမယ့္ ဝယ္လိုအားက မတက္ပါဘူး’’ဟု ျမန္မာႏိုင္ငံ ေဆာက္လုပ္ေရးဆိုင္ ရာ လုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ အေထြေထြအတြင္းေရးမႉး ဦးမ်ိဳးျမင့္ကေျပာသည္။
သို႔ေသာ္ အခြန္သက္သာခြင့္ ေၾကာင့္ အမွန္တကယ္ ေနထိုင္ လိုသူအခ်ိဳ႕ ဝယ္လိုအားရွိသည္ဟု ၎က ေျပာသည္။ လက္ရွိ တိုက္ ခန္းေဈးကြက္တြင္ က်ပ္သိန္း ၂၀၀မွ ၄၀၀ အၾကား တိုက္ခန္း အနည္းငယ္ဝယ္လိုအားရွိသည္ ဟု ၎က ေျပာသည္။ အျခားစီးပြားေရးလုပ္ငန္းမ်ား ေႏွးေကြးမႈ ေၾကာင့္ အမွန္တကယ္ေနထိုင္သူမ်ား ဝယ္ယူေသာ္လည္း ရင္းႏွီး ျမႇဳပ္ႏွံသူမ်ား၏ ဝယ္လိုအား မရွိ သေလာက္နည္းသည္ဟု ဦးမ်ိဳးျမင့္က ေျပာသည္။
ဂ်ပန္ႏိုင္ငံက ဒၚလာ ၈ ဒသမ ၄ မီလီယံတန္ရင္းႏွီးျမႇဳပ္ႏွံမႈျဖင့္ TOYOINK ကုမၸဏီ ျမန္မာႏိုင္ငံ၌ လုပ္ငန္းစတင္လည္ပတ္ရန္ကုန္အိမ္ၿခံေျမေဈးကြက္ အေရာင္းအဝယ္တုံ႔ေႏွးမႈက လက္ရွိတြင္ အေျပာင္းအလဲမရွိေၾကာင္း မ႑ိဳင္အိမ္ၿခံေျမအက်ိဳးေဆာင္ ကုမၸဏီ အုပ္ခ်ဳပ္မႈဒါ႐ိုက္တာဦးသန္းဦးက ေျပာသည္။ အခြန္ သက္သာခြင့္အေပၚ ေမွ်ာ္လင့္ ေသာ္လည္း လက္ရွိအထိ အက်ိဳး သက္ေရာက္မႈမရွိေသးေၾကာင္း ၎က ဆိုသည္။
ထို႔အျပင္ အခြန္သက္သာ ခြင့္ တစ္ႏွစ္သက္တမ္း ခြင့္ျပဳထား ျခင္းေၾကာင့္ တည္ေဆာက္ေရး လုပ္ငန္းအသစ္မ်ား တိုးျမႇင့္စတင္ ႏိုင္ေရး အခက္အခဲအခ်ိဳ႕ရွိေန ေၾကာင္းဦးမ်ိဳးျမင့္က ေျပာသည္။တည္ေဆာက္ေရး လုပ္ငန္းတစ္ခု အတြက္ ေျမပုံကူးျခင္း၊ တည္ေဆာက္ေရး ခြင့္ျပဳမိန႔္တင္ျခင္း အပါအဝင္ လိုအပ္ေသာ လုပ္ထုံး လုပ္နည္းမ်ားေဆာင္႐ြက္ၿပီး စတင္တည္ေဆာက္ခ်ိန္တြင္ အခြန္သက္သာခြင့္ျပဳထားသည့္ အခ်ိန္ျပည့္သြားႏိုင္ေၾကာင္း ၎က ဆိုသည္။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ