By ကုမုဒြာ, Shweproperty.com
Updated at 20 June 2013
သန်လျင်မြို့နယ်အတွင်း ခွင့်ပြုချက်ရရှိထားတဲ့ ပေ ၄၀ x ပေ ၆၀ မြေကွက်တွေဟာ လတ်တလော လူစိတ်ဝင်စားမှုအများဆုံး ဖြစ်နေပြီး အနိမ့်ဆုံး ကျပ်သိန်း ၇၀ ခန့်မှ အမြင့်ဆုံး သိန်း ၇၀၀ လောက်အထိ ဈေးပေါက်နေတယ်လို့ သိရပါတယ်။
‘အခုတလော ကျပ်သိန်း ၄၀ သွင်းလို့ခေါ်တဲ့ အောင်ချမ်းသာ တိုးချဲ့ (၂) အရမ်းအရောင်းသွက်နေတယ်၊ ပြီးခဲ့တဲ့အပတ်က ဖလမ်းက အရောင်းအသွက်ဆုံးပေါ့၊ ဖလမ်းက အတွင်းကွက်တောင် သိန်း ၂၅၀၀ ဝန်းကျင်လောက်ရှိတယ်၊ ဖွံ့ဖြိုးရေးလမ်းမ မေးတင်ဆိုရင် သိန်း ၇၀၀ ဝန်းကျင်လောက် ဈေးပေါက်တယ်၊ သိန်း ၄၀ သွင်းမြေကွက်ဆိုရင် အတွင်းကွက်တောင် အနိမ့်ဆုံး သိန်း ၃၀၀ လောက်ရှိပြီး စက်ပစ်ကွင်းလမ်းမ မေးတင်ဆိုရင် သိန်း ၆၀၀ လောက်အထိရှိတယ်’လို့ ကံကောင်း အိမ်ခြံမြေ အကျိုးဆောင်မှ ဥက္ကဋ္ဌ ကိုမင်းခန့် ကပြောပါတယ်။
မြို့ထဲအကွက်တွေဟာ အရောင်းအဝယ်အေးနေပြီး အဝယ်မရှိသလောက် ဖြစ်နေပါတယ်။ တိုးချဲ့ထားတဲ့ ပေ ၄၀ x ပေ ၆၀ မြေကွက်တွေကိုပဲ စိတ်ဝင်စားမှုများကြပါတယ်။ အရောင်းအဝယ် အဖြစ်ဆုံးရပ်ကွက်တွေကတော့ သိန်း ၄၀ သွင်း၊ တပ်ရာကုန်း၊ ဖလမ်း၊ စံချိန်မီ (၂)နဲ့စံချိန်မီ (၃) တို့ဖြစ် ကြပါတယ်။စံချိန်မီ(၂)နဲ့(၃)ကို လမ်းမတော်လမ်းမကြီးက ခြားထားပြီးလမ်းမတော်လမ်းမကြီးကို မေးတင်ထားတဲ့ မြေကွက်တွေဟာ ပေ ၄၀ x ပေ ၆၀ တစ်ကွက်ကို သိန်း ၃၈၀ လောက် ပေါက် ပါတယ်။ အတွင်းကွက်တွေဆိုရင် သိန်း ၁၃၀ ဝန်းကျင်ခန့်ရှိပါတယ်။ ဖွံ့ဖြိုးရေးလမ်းမမေးတင်စံချိန် (၂)က သိန်း ၇၀၀ ခန့်ရှိပြီး စံချိန်မီ (၃)က သိန်း ၅၀၀ ဝန်းကျင်လောက်ရှိပါတယ်။
ကံကောင်း အိမ်ခြံမြေအကျိုးဆောင် ဥက္ကဋ္ဌ ကိုမင်းခန့်ကပဲ ‘ဒီဘက်မှာက ဆူလွယ်နပ်လွယ် ပေ ၄၀ x ပေ ၆၀ ပါမစ်လေးတွေ ဝယ်ကြ ရောင်းကြတယ်၊ လူစိတ်ဝင်စားအများဆုံးလို့ ပြောလို့ရပါတယ်၊ အောင်ချမ်းသာတိုးချဲ့(၁) ရပ်ကွက်ဆိုရင် ပေ ၄၀ x ပေ ၆၀ တစ်ကွက်ကို သိန်း ၂၅၀ ကနေ သိန်း ၄၀၀ အထိ ဈေးခေါ်တာတွေရှိတယ်၊ အေးမေတ္တာရပ်ကွက်ဆိုရင် သိန်း ၄၀ သွင်း မြေကွက်နဲ့ မျက်နှာချင်းဆိုင်ဆိုရင် သိန်း ၂၅၀ လောက်အထိ ဈေးပေါက်တယ်၊ မျက်နှာချင်းဆိုင် မဟုတ်ရင် သိန်း ၁၆၀ ဝန်းကျင်ပဲရှိတယ်’လို့ ဆက်ပြောပါတယ်။
လူစိတ်အဝင်စားဆုံးနဲ့ ဝယ်ယူမှု အများဆုံးဖြစ်နေတဲ့ နေရာတွေ ဈေးတွေမြင့်တက်နေသလို ဈေးတက်တဲ့နေရာတွေ၊ စက်မှုဇုန်တွေနဲ့ မျက်နှာချင်းဆိုင် နေရာတွေလည်း ဈေးအလိုလို မြင့်တက် လာတယ်လို့ အိမ်ခြံမြေ အကျိုးဆောင် အချို့ထံက သိရပါတယ်။
သန်လျင်မြို့ ပေ ၄၀ x ပေ ၆၀ မြေအရောင်းပေါက်ဈေးများ
Ref : Kumudra
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ