By The Trade Times, Shweproperty.com
Updated at 26 August 2015
ပြည်တွင်း ဆောက်လုပ်ရေး ကုမ္ပဏီအများစု တိုက်ခန်းအရောင်း အဝယ် ‘အ’ နေခြင်းကြောင့် ဘဏ် ချေးငွေအတိုးနှုန်းများ ပိကာ အတိုး ပေါ် အတိုးဆင့်သည့် ပြဿနာမျိုး အထိကြုံတွေ့နေရကြောင်း ဆောက် လုပ်ရေးကုမ္ပဏီ အသိုင်းအဝိုင်းမှ သိရသည်။
”ဆောက်ပြီးသား တိုက်ခန်း တွေကလည်း ရောင်းမထွက်ဘူး။ စာချုပ်ချုပ်ပြီးသား ဖြစ်နေလို့ ထပ် ဆောက်နေရတဲ့ တိုက်တွေမှာ ကြိုပွိုင့် ကလည်း မရောင်းရတော့၊ လုပ်ငန်း လည်ပတ်ဖို့ ကျပ်တည်းလာတယ်။ အဲဒါကြောင့် ဘဏ်ချေးငွေယူပြီး ဆောက်တယ်။ ဆောက်လို့သာ ပြီးသွားတယ် အရောင်းအဝယ် မဖြစ် တော့ ပြန်မဆပ်နိုင်ဘူး။ အဲဒီတော့ အတိုးက တက်တက်လာတော့ အရင် အကြွေးက မကျေ၊ နောက်ထပ် အကြွေးက ထပ်တက်၊ အဲဒီမှာ စာချုပ်အရ ဆောက်လို့ မပြီးတော့ လျော်ကြေးတွေ ထပ်ပေးရနဲ့ ဒီနှစ် ထဲမှာ အခက်တွေ့နေရတယ်” ဟု တောင်ဥက္ကလာပမြို့နယ်ရှိ မိသားစု ဆောက်လုပ်ရေးကုမ္ပဏီမှ ဦးတင့် လွင်က ပြောသည်။
ပြည်တွင်းအိမ်ခြံမြေနှင့် တိုက် ခန်း အရောင်းအဝယ်များမှာ ၂ဝ၁၄ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ကာ ယခု ၂ဝ၁၅ နှစ်လယ်အထိ အရောင်း အဝယ်များ အေးစက်လာခဲ့ခြင်း ကြောင့် အသေးစားနှင့် အလတ်စား ဆောက်လုပ်ရေး ကုမ္ပဏီများမှာ လုပ်ငန်းလည်ပတ်ရန် လွန်စွာ ခက်ခဲ နေကြောင်း သိရသည်။
ဆောက်လုပ်ရေးလုပ်ငန်း လုပ် ကိုင်နေသည့် ကုမ္ပဏီများတွင် အခြေ ခိုင်သည့် ကုမ္ပဏီများရှိသလို လုပ်ငန်း စတင်သည့် အချိန်ကတည်းက ချေးငွေ နှင့် စတင်ခဲ့သော လုပ်ကိုင်နေသူများ ရှိသည့် နည်းတူ ၂ဝ၁၃ ခုနှစ်အတွင်း က ကန်ထရိုက်လုပ်ငန်းများ ပေါ်ပြူ လာဖြစ်ခဲ့ခြင်းကြောင့် ယင်းအချိန်မှ စ၍ အိမ်ရှင်များစွာဖြင့် စာချုပ်ချုပ် ဆိုပြီး လုပ်ကိုင်နေသူများလည်း ရှိခဲ့သည်။
”စလုပ်ကတည်းက အာမခံ မရှိဘဲ တိုက်ခန်းရောင်းအားကို မျှော် ကိုးပြီး လုပ်ခဲ့တဲ့ လုပ်ငန်းရှင်တွေက ပိုအထိနာတာပေါ့။ တချို့ ထွက်ပြေး သွားတဲ့ ကန်ထရိုက် လုပ်ငန်းရှင်တွေ လည်း ရှိတယ်။ နာမည်ပျက်မှာ စိုးရိမ် လို့ အရှုံးကို ဆက်ထိန်းထားတဲ့ လုပ်ငန်းရှင်တွေလည်း ရှိနေတယ်” ဟု ဦးတင့်လွင်က ပြောသည်။
လက်ရှိတွင် ဆောက်လုပ်ရေး လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်း များအား ဆက်လက် တည်ရှိနိုင်ရန် ထိန်းသိမ်း ဆောက်ရွက်နေကြပြီး ယခင်က ကန်ထရိုက်တိုက် ၁ဝ လုံး အား တစ်ပြိုင်တည်း ဆောက်လုပ် နိုင်ခဲ့သော်လည်း ယခုအခါ ကန် ထရိုက်တိုက်တစ်လုံး ဆောက်လုပ် ပြီးစီးခဲ့လျှင်ပင် ထပ်မံဆောက်လုပ် နိုင်ရန် ခက်ခဲကြောင်း သိရသည်။
ခက်ခဲရခြင်းမှာ ဒေါ်လာဈေးများ မြင့်တက်နေခြင်းကြောင့် ဆောက်လုပ် မည့် ကုန်ပစ္စည်းများ၏ ဈေးနှုန်းများ မြင့်မားနေခြင်းကြောင့်ဖြစ်သည်။
”နိုင်ငံတော်အစိုးရက အခွန် နှုန်းတွေ လျှော့လိုက်ပေမယ့် တိုက် ခန်းတွေက အရောင်းမထွက်ပါဘူး။ ဘာလို့လည်းဆိုတော့ တိုက်ခန်းဈေး တွေက မြင့်နေတယ်လေ။ အခွန် လျှော့ပေမယ့် ကုန်ပစ္စည်းဈေးတွေက တက်နေတော့ အရာမထင်ဖြစ်နေ တယ်”ဟု T&T ဆောက်လုပ်ရေးမှ ကိုအောင်ထွဋ်က ပြောသည်။
တိုက်ခန်းများ ရောင်းမထွက်ခြင်း ကြောင့် ဆောက်လုပ်မှုကုန်ကျစရိတ် များ ပြန်လည်ပေါ်ထွက်လာခြင်း မရှိသည့်အပြင် ဆောက်လုပ်ရေး လုပ်ငန်းရှင်အသေးစားများ အကြီး အကျယ် အရှုံးပေါ်ကြသလို လုပ်ငန်း ရှင်ကြီးများမှာလည်း ကုမ္ပဏီများ ဆက်လက်ရပ်တည်နိုင်ရန်နှင့် မိမိ တို့အား မှီခိုနေရသည့် ဝန်ထမ်းများ အတွက် လုပ်ငန်းများကို အရှုံးခံကာ လုပ်ကိုင်လျက်ရှိကြောင်းသိရသည်။
”တချို့ ကန်ထရိုက်တွေကတော့ လုပ်ငန်း လည်ပတ်နိုင်ဖို့ ချေးငွေ ယူကြတယ်။ တိုက်ခန်းတွေက မရောင်းရသေးတဲ့အခါမှာ ချေးငွေ တွေက အြေ<ွကးတင်နေတာတွေ အထိ ဖြစ်လာခဲ့တယ်။ အရင်းတွေ ပြန်မဆပ်နိုင်တော့ဘဲ အတိုးတွေကို အတတ်နိုင်ဆုံး ရုန်းကန်ပြီး ဖြေရှင်း နေကြရတဲ့သူတွေလည်း အများကြီး ရှိနေကြတယ်”ဟု ကန်ထရိုက်တာ ကိုမျိုးက ပြောသည်။
အဆိုပါ အခက်အခဲများမှာ ၂ဝ၁၅ ခုနှစ်၊ ဧပြီလနောက်ပိုင်း ပိုမို ကြီးထွားလာခဲ့ပြီး ဆောက်လုပ်ရေး ကုမ္ပဏီ အများစုမှာတိုက်ခန်း များကို အရစ်ကျရောင်းသည့် စနစ်များအထိ အသုံးပြုလာခဲ့ကြကြောင်း၊ ယခု နောက်ပိုင်းတွင် အရောင်းအဝယ် များ ရပ်တန့်လုနီးပါး ရှိနေခဲ့ပြီး လုပ်ငန်းရှင်အများစုမှာလည်း ၂ဝ၁၅ ခုနှစ် နှစ်ကုန်ပိုင်း၌ ပြုလုပ်မည့် ရွေး ကောက်ပွဲအပြီး အခြေအနေကိုသာ စောင့်ကြည့်နေရကြောင်း ဆောက် လုပ်ရေးလုပ်ငန်းရှင်များထံမှ သိရ သည်။
Ref : The Trade Times
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ