By kumudra, Shweproperty.com
Updated at 21 May 2013
သာကေတဘက်မှာ ဝယ်မယ်ဆိုရင် သိထားသင့်တဲ့ အချက်တွေကို အိမ်ခြံမြေအသင်းမှ ပြန်ကြားရေးတာဝန်ခံ၊ ရွှေကံမြေအကျိုးဆောင်မှ ဦးခင်မောင်အေးက အခုလိုပြောပြပါတယ်။
−သာကေတဘက်မှာ ဂရန်မြေများပြီး ဘိုးဘွားပိုင်မြေက အနည်းငယ်သာရှိပါတယ်။ ဂရန်မြေတွေက နှစ် ၆၀ ဂရန်မြေတွေဖြစ်ပြီး စည်ပင်နဲ့ ပတ်သက်တဲ့ ဂရန်ဆိုရင် စည်ပင်မှာစုံစမ်းနိုင်ပြီး အိုးအိမ်နဲ့ပတ်သက်တဲ့ ဂရန်ဆိုရင် အိုးအိမ်မှာ စုံစမ်းလို့ရပါတယ်။
−ဂရန်ရှိတဲ့တိုက်ဆိုရင်လည်း မြေရှင်ကရတဲ့အခန်းလား၊ ပိုင်ရှင်ကရတဲ့အခန်းလားဆိုတာကို သေချာစစ်ဆေးပြီးမှ ဝယ်ယူရမှာဖြစ်ပါတယ်။
−အိုးအိမ်နဲ့ပတ်သက်တဲ့ အခန်းတွေဆိုရင်တော့ အိုးအိမ်ကထုတ်ပေးထားတဲ့ အုံနာဘုတ်တွေမှာ အုံနာ နာမည်ပေါက် မပေါက် စစ်ဆေးရမှာဖြစ်ပါတယ်။
−စည်ပင်နဲ့ပတ်သက်တာဆိုရင်တော့ စည်ပင်က ထုတ်ပေးထားတဲ့ စာအုပ်ရှိပြီး ပိုင်ရှင်အမည်ပေါက် ဟုတ်မဟုတ်ကို စည်ပင်မှာ စစ်ဆေးလို့ရမှာ ဖြစ်ပါတယ်။
−မြေကွက်ဆိုရင်တော့ စည်ပင်နဲ့ပတ်သက်တဲ့ ဂရန်မြေဆိုရင် စည်ပင်မှာ စစ်ဆေးရမှာဖြစ်ပြီး ပါမစ်မြေဆိုရင်တော့ ပါမစ်အဆင့်ပဲလား၊ ဂရန်ထွက်ပြီးသားလားဆိုတာ သေချာစစ်ဆေးရမှာ ဖြစ်ပါတယ်။
Ref : kumudra
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ