By ဝိုင်းနန္ဒီ, Shweproperty.com
Updated at 23 March 2020
(၃၀)ရာခိုင်နှုန်းပေးသွင်းပြီး အခန်းလက်ခံပိုင်ဆိုင်ခွင့် တစ်ခါတည်း ပေးအပ်ခဲ့တဲ့ The Leaf Residence Open House အစီအစဉ်ကို ပြီးခဲ့တဲ့ မတ်လ (၂၁)ရက်နေ့နဲ့ (၂၂)ရက်နေ့က ပရောဂျက်တည်ရှိရာနေရာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
နှစ်ရက်တာအထူးပရိုမိုးရှင်းအစီအစဉ်ကို ရယူဖို့ စိတ်ဝင်စားတဲ့ Customer တွေအနေနဲ့ သက်ဆိုင်ရာ အရောင်းဝန်ထမ်းများနှင့် ကြိုတင် Appointment ရယူပြီး ပရောဂျက်ရှိရာ အရောင်းစင်တာကို လာရောက်ရ တာဖြစ်ပါတယ်။
အဆိုပါ အထူးအစီအစဉ်တွင် (၃၀) ရာခိုင်နှုန်း ပေးသွင်းပြီး အခန်းလက်ဝယ်ပိုင်ဆိုင်ခွင့်၊ (၃)နှစ် အခန်းထိန်းသိမ်းခ အခမဲ့၊ (၃)နှစ်အထိ အတိုးမဲ့အရစ်ကျစနစ်နဲ့အတူ စိတ်တိုင်းကျညှိနှိုင်းငွေချေလို့ရမယ့် အစီအစဉ်၊ Garden View, City View အခန်းများကို အကောင်းဆုံး ငွေပေးချေမှုပုံစံအထူးပရိုမိုးရှင်းအစီအစဉ်တွေနဲ့ စိတ်တိုင်းကျ ရွေးချယ် ဝယ်ယူနိုင်ခြင်း စတဲ့ အထူးအစီအစဉ်တွေနဲ့အတူ ကျင်းပခဲ့ပါတယ်။
စိတ်ဝင်စားမှုများတဲ့ အဆိုပါအရောင်းအစီအစဉ်တွင် (4) Bedroom ပါအခန်းတစ်ခန်း ရောင်းချခဲ့ပြီး၊ လက်ရှိမှာလည်း The Leaf Residence အိမ်ရာကို ဝယ်ယူရန် စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။ Shwe Property မှ ဝါရင့်အရောင်းဝန်ထမ်းများမှလည်း အကောင်းဆုံး ဝန်ဆောင်မှုပေးနေပါတယ်။
စင်္ကာပူနိုင်ငံအဆင့်မှီပုံစံ တည်ဆောက်ထားတဲ့ အဆင့်မြင့်တန်ဖိုးသင့်ကွန်ဒိုတစ်ခုဖြစ်ပြီးတော့ (၁၀၀)ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးသား ပရောဂျက်ဖြစ်တဲ့အတွက် ချက်ချင်းဝယ် ချက်ချင်းနေထိုင်နိုင်ပါတယ်။ (၁)စတုရန်းပေ ဈေးနှုန်းကို အမေရိကန်ဒေါ်လာ (၁၁၀)ကနေ စတင်ဝယ်ယူနိုင်ပြီးတော့ စုစုပေါင်းတာဝါ(၄)လုံးနဲ့ အထပ်ပေါင်း (၁၂)ထပ် ပါဝင်တဲ့ ကွန်ဒိုမီနီယံတစ်ခု ဖြစ်ပါတယ်။
Written By : ဝိုင်းနန္ဒီ (ShweProperty.com)
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ