By The Voice Weekly, Shweproperty.com
Updated at 26 April 2013
သီလဝါအထူးစီးပွားရေးဇုန်စီမံကိန်းကြောင့် မြေကွက်ဈေးနှုန်းများ တောက်လျှောက်မြင့်တက်ခဲ့သောသီလဝါ အိမ်၊ခြံ ၊မြေ အရောင်းအဝယ်မှာ ဧပြီလဆန်းပိုင်းမှ စတင်ကာအေးသွားရာမှ ယခုလုံးဝရပ်တန့်သွားကြောင်း သန်လျင်မြို့ရှိ အိမ်၊ခြံ ၊မြေ အကျိုးဆောင်များထံမှ စုံစမ်းသိရှိရသည်။
ဈေးအမြင့်ဆုံးအချိန်သို့ရောက်ရှိနေခြင်း၊ စီမံကိန်း ဧရိယာအတွင်း ရောက်ရှိသော ကျူးကျော်နေအိမ်များကို မရှင်းလင်းသေးသဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများ မစတင်နိုင်ခြင်းတို့ကြောင့် စောင့်ကြည့်သူများပြားပြီး အရောင်းအဝယ်တန့်နေခြင်း ဖြစ်ကြောင်း ယင်းတို့ထံမှ သိရသည်။
“အရောင်းအဝယ်မရှိတော့ဘူး။အခုသင်္ကြန်အပြီးမှာ အမေးတွေတော့ရှိတယ်။ တကယ်ဝယ်ဖို့တော့ အခြေအနေကြည့်နေကြသေးတဲ့ သဘောမှာရှိတယ်” ဟု ကံကောင်း အိမ်၊ခြံ ၊မြေ အကျိုးဆောင်လုပ်ငန်းမှ ဦးမင်းခန့်က ပြောကြားသည်။
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ