By အိမ်စည်စိုးစံ, Shweproperty.com
Updated at 17 May 2012
ယခုလအတွင်း သန်လျင်ရှိ သီလဝါစီးပွားရေးဇုန်၌ မြေကွက်ဝယ်လိုအား မြင့်တက်လျက်ရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။သန်လျင်ရှိ သီလဝါစီးပွားရေးဇုန်တွင် မိုးပျံရထားနှင့်မြေအောက် ရထားလမ်းများ ဖောက်လုပ်ရန် ဂျပန်၊ တရုတ်၊ ကိုရီးယားကုမဏီများမှ အဆိုပြုလွှာများ တင်သွင်းလာသည့် သတင်းကြောင့် မြေကွက်ဝယ်လိုအား များပြားလားခြင်းဖြစ်ကြောင်း Golden Star အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။“သင်္ကြန်ပြီးကတည်းက မြေကွက်အဝယ်တွေ များလာတယ်” ဟု အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းတစ်ခုကလည်း ပြောသည်။“မြေကွက်ဝယ်ယူလိုသူများသည် အခြေအနေအရ စောင့်ကြည့်ကာ နိုင်ငံခြားသားလုပ်ငန်းရှင်များ လာမည့်သတင်းများကြောင့် စက်မှုဇုန်မြေကွက်တွေ ပို၍ အရောင်းအဝယ်ဖြစ်လာသလို ခုလည်း နိုင်ငံခြားသားများ၏ မိုးပျံရထား၊ မြေအောက် ရထားဆောက်မည့် အစီအစဉ် သတင်းများကြောင့် စိတ်ဝင်စားမှု ပိုလာကြခြင်းဖြစ်သည်။သီလဝါစီးပွားရေးဇုန်များ၏ မြေကွက်ပေါက်ဈေးသည် ၁ ဧက အကျယ်အဝန်းအား ကျပ်သိန်း ၁၅၀၀ မှ ၂၀၀၀ အတွင်း အရောင်းအဝယ်ဖြစ်နေပြီး လမ်းမတန်းနေရာကောင်းများ၌ ၁ ဧကလျှင် သိန်း ၂၀၀၀ အထိ ဈေးပေါက်ကြောင်း သိရသည်။Source: Popular News
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ