By 7daydaily, Shweproperty.com
Updated at 27 February 2017
ရင်းနှီးမြှုပ်နှံမှု အမေရိ ကန်ဒေါ်လာ တစ်ဘီလီယံကျော်ရရှိထားသော သီလဝါအထူးစီးပွား ရေးဇုန်အပိုင်း (က) ဖွင့်လှစ်ပြီး တစ်နှစ်ခွဲခန့်အကြာတွင် ဇုန်အပိုင်း(ခ) စတင်အကောင်အထည်ဖော် ရန် ဖေဖော်ဝါရီ ၂၄ ရက်က ဖွင့်ပွဲ ပြုလုပ်ခဲ့သည်။
သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်းကို မြေဟက်တာ ၂,၄၀၀ ကျော် (ဧက ၆,၀၀၀ ကျော်)တွင် အမေရိကန်ဒေါ်လာ ၁ဒသမ၅ ဘီ လီယံရင်းနှီးပြီး ဂျပန်-မြန်မာနှစ် နိုင်ငံ ပူးပေါင်းအကောင်အထည် ဖော်နေသည်။
သီလဝါအထူးစီးပွားရေးဇုန် အပိုင်း (ခ) စီမံကိန်းတွင် ဦးစွာမြေ ၁၀၁ ဟက်တာ (ဧက ၂၅၀ ကျော်)အကောင်အထည်ဖော်ရန် စီစဉ်ထားပြီး နိုင်ငံတော်ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ဖွင့်လှစ်ပေးခဲ့သည်။
ပထမအဆင့်ကို ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပရန် တစ်လ ကျော်အလိုတွင် ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းက ဦးဆောင်ဖွင့် လှစ်ပေးခဲ့သည်။ ပထမအဆင့်တွင် မြေဟက်တာ ၄၀၀ ကျော်၌ နိုင်ငံပေါင်း ၁၆ နိုင်ငံမှ ကုမ္ပဏီပေါင်း ၇၈ ခုက ရင်းနှီးမြှုပ်နှံမှု တန်ဖိုး အမေရိကန်ဒေါ်လာ ၁,၀၅၅ သန်းရှိခဲ့သည်။
‘‘အပိုင်း (ခ) ကို အကောင် အထည်ဖော်တဲ့အခါမှာ ရွာနှစ်ရွာကို ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ (JICA) ရဲ့ စံသတ်မှတ်ချက်အတိုင်း လျော် ကြေးပေးထားပါတယ်’’ဟု သီလ ဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဆက် အောင်က ပြောသည်။
ဒေသခံရွာနှစ်ရွာမှ ကျေးရွာ သားများကို မြေလျော်ကြေးနှင့် သီးနှံ ခြောက်နှစ်စာ လျော်ကြေး အပါအဝင် မြေအစား ပြန်လည် ပေးအပ်ခြင်း၊ နေအိမ်ပြန်လည် တည်ဆောက်ပေးခြင်းနှင့် အသက် မွေးဝမ်းကျောင်း လုပ်ငန်းများလုပ် ကိုင်နိုင်ရန်လည်း လူမှုရေးအကူအညီများ ပေးထားသည်ဟု ဦးဆက်အောင်က ပြောသည်။
လက်ရှိ အကောင်အထည် ဖော်မည့် သီလဝါအထူးစီးပွားရေး ဇုန် အပိုင်း (ခ)တွင် ရင်းနှီးမြှုပ်နှံ မှုကို အများပြည်သူထံသို့ အစု ရှယ်ယာ အသစ်များရောင်းချပြီး ဖြည့်တင်းမည်မဟုတ်ဟု မြန်မာ သီလဝါအထူးစီးပွားရေးဇုန် ဟိုးလ် ဒင်းအများပိုင်ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။
သီလဝါအထူးစီးပွားရေးဇုန် တွင် ကုမ္ပဏီများနှင့် အများပြည် သူက အစုရှယ်ယာထည့်ဝင်ငွေ ကြေး ကျပ်ငွေ ၃၉ ဘီလီယံခန့်ရှိ ထား၍ အပိုင်း (ခ) ကို အကောင် အထည်ဖော်ရာတွင် အစုရှယ်ယာ အသစ်ရောင်းချရန် မလိုသေး ကြောင်း ၎င်းက ပြောသည်။
သီလဝါအထူးစီးပွားရေးဇုန်အပိုင်း (ခ)ကို တည်ဆောက်အ ကောင်အထည်ဖော်ရန် တစ်နှစ် ကျော်အချိန်ယူမည်ဖြစ်ပြီး စီးပွား ရေးဇုန်အတွက် လိုအပ်သည့် လျှပ်စစ်မီးကိုလည်း ရန်ကုန်တိုင်းဒေသ ကြီးအစိုးရထံမှ ရယူဆောင်ရွက် မည်ဟု ဒေါက်တာ ဆက်အောင် က ပြောသည်။
Ref : 7daydaily
Photo Credit : Social
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ