By The Kumudra, Shweproperty.com
Updated at 15 October 2015
သီလဝါအထူးစီးပွားရေးဇုန်ရဲ့ မြေကွက်တွေဟာ တဖြည်းဖြည်း ခိုင်မာမှုရှိလာတာကြောင့် အိမ်ခြံမြေ ရောင်းဝယ်သူ (၉၀) ရာခိုင်နှုန်းလောက် စိတ်ဝင်စားမှု ရှိနေတယ်လို့ သိရပါတယ်။
" လက်ရှိက မြန်မာတစ်နိုင်ငံလုံး ဈေးကွက် ထူးထူးခြားခြား မတက်သေးလို့ ဒီရာတွေက ငြိမ်နေတာ၊ တကယ်လို့ ဈေးကွက်သာ ပုံမှန်အတိုင်း ပြန်ကောင်းလာရင် သူက ထိပ်ဆုံးက ဖြစ်လာမှာပါ"လို့ မြန်မာနိုင်ငံ အိမ်ခြံမြေအသင်းရဲ့ အတွင်းရေးမှုး ဒေါ်မိုးမိုးအောင်က ပြောပါတယ်။
သီလဝါအထူးစီးပွားရေးဇုန်ရဲ့ ရှယ်ယာဈေးကွက်တွေလည်း အမှန်တကယ် အလုပ်လုပ်တဲ့ အရေအတွက် များပြားလာတာကြောင့် ဈေးကွက်အနေအထားလည်း တဖြည်းဖြည်းခိုင်မာလာတာကြောင့် အရောင်းအဝယ် သမားအများစု စိတ်ဝင်စားလာကြတာ ဖြစ်ပါတယ်။ သီလဝါအပိုင်း (A) ကို ပြီးခဲ့တဲ့ (၂၀၁၃) ဒီဇင်ဘာက စတင်ခဲ့တာဖြစ်ပြီး လက်ရှိမှာ စီးပွားရေး လုပ်ငန်းတွေကို(၇၁) ရာခိုင်နှုန်း ရောင်းချပြီးစီးနေပြီ ဖြစ်ပါတယ်။
လာမယ့်အပိုင်း (B) စတင်ဖို့ ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၃) ရက်နေ့က သဘောတူလက်မှတ် ရေးထိုးထားပြီ ဖြစ်တာကြောင့် အဆိုပါ မြေနေရာတွေအတွက် လျောကြေးငွေ မြင့်မားနိုင်တဲ့အတွက် အခုလို စိတ်ဝင်စားလာကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ရေလမ်းကုန်းလမ်း ပင်လယ်ဝဆုံတဲ့နေရာ ဖြစ်တာကြောင့် ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းရှင်တွေ စိတ်ဝင်စားတဲ့ စီမံကိန်းလည်း ဖြစ်ပါတယ်။
လက်ရှိမှာ အနီးနားနေရာတွေနဲ့ ဘေးပတ်ဝန်းကျင် မြေကွက်တွေကို အဓိက စိတ်ဝင်စားပြီး ဈေးနှုန်းတွေကတော့ တစ်စတုရန်းပေကို ကျယ်သိန်း (၁၀,၀၀၀) ဝန်းကျင်ကနေ ကျပ်သိန်း တစ်သိန်းလောက်အထိ ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။ သီလဝါ စီးပွားရေးဇုန်မှာ ကမ္ဘာ့နိုင်ငံ (၁၃) နိုင်ငံက ကုမ္ပဏီပေါင်း (၄၈) ခုက လုပ်ကိုင်နေပြီ ဖြစ်ပြီး ဂျပန်ကုမ္ပဏီ (၂၃) ခုရှိပါတယ်။
Ref : The Kumudra
Photo Credit :Jetro
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ