By မို့မို့ ကြည်၊ ထင်လင်းအောင်, Shweproperty.com
Updated at 20 May 2014
မြန်မာသီလဝါ အထူးစီးပွားရေးဇုန်ရှိ မြေ ၉၇၈ ဧက(၃၉၆ ဟက်တာ)ကို တစ် စတုရန်းမီတာ (ဆယ်ပေပတ်လည်) လျှင် အမေရိကန်ဒေါ်လာ ၇ဝ နှုန်ထားဖြင့် ငှားရမ်းသွားမည်ဖြစ်သည်ဟု ဖက်စပ် ကုမ္ပဏီဖြစ်သော မြန်မာ-ဂျပန် သီလဝါဒိ ဗလော့မန့်လီမိတက် MJTD မေလ ၁၉ ရက်တွင် ထုတ်ပြန်လိုက်သည်။
အဆိုပါမြေများကို နှစ် ၅ဝ စာငှား ရမ်းနိုင်မည်ဖြစ်ပြီး ငှားရမ်းမှုသက်တမ်း ပြီးဆုံးပါက နောက်ထပ် ၂၅ နှစ် ထပ်မံ ငှားရမ်းနိုင်သည်။ ယခုမြေကွက်များ ရောင်းချသော စက်မှုဇုန်ကိုလာမည့် ၂ဝ၁၅ နှစ်လယ်ပိုင်းတွင် စတင်လည်ပတ်နိုင် မည်ဟု မျှော်မှန်းထားသည်။
''လက်ရှိအချိန်မှာ အထည်ချုပ်လုပ် ငန်းတွေကတော့ အများဆုံးတင်ထားပါ တယ်။ ဘယ်နေ့နောက်ဆုံးဆိုတာသတ် မှတ်ထားတာမရှိပါဘူး။ ရောင်းချပေးမယ့် မြေဧက မကုန်ခင်အထိ အဆိုပြုလွှာ တင်လို့ရပါတယ်'' ဟု MJTD မြေယာငှား ရမ်းမှု စုံစမ်းရေးဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
ယခုမြေငှားရမ်းသည့် စက်မှုဇုန်သည် သီလဝါအထူးစီးပွားရေးဇုန်အတွင်းရှိ ဃူေ်် ဗ ဗမနေ ဖြစ်ပြီး ရန်ကုန်မြို့တွင်းနှင့် ကီလိုမီ တာ ၂ဝ ခန့်ကွာဝေးသည်။ စက်မှုဇုန် မြေကွက် ဝယ်ယူလိုသူများအနေဖြင့် လုပ် ငန်းစီမံကိန်းကို တင်ပြရန်သတ်မှတ်ထား ပြီး စည်းမျဉ်းစည်းကမ်းချက်များနှင့် ကိုက်ညီသူများကိုသာ လုပ်ကိုင်ခွင့်ပြု မည်ဟု မြန်မာ-ဂျပန် သီလဝါဒိဗလော့ မန့်လီမိတက် က ထုတ်ပြန်ထားသည်။
သီလဝါစက်မှုဇုန်မြေကွက်များတွင် အထည်ချုပ်လုပ်ငန်းနှင့် စားသောက်ကုန် လုပ်ငန်းများဆောင်ရွက် ရန်အတွက် ဂျပန်၊ ဟောင်ကောင်နှင့် အီးယူနိုင်ငံများမှ အဆို ပြုလွှာများတင်ပြထားသည်။
မြန်မာ-ဂျပန် သီလဝါဒိဗလော့မန့် လီမိတက်ကို မြန်မာ ၅၁ ရာခိုင်နှုန်း၊ ဂျပန် ၄၉ ရာခိုင်နှုန်းဖြင့် အကျိုးတူဖက်စပ်ရင်း နှီးမြှုပ်နှံထားခြင်းဖြစ်သည်။ မြန်မာဘက် ခြမ်း၏ အစုရှယ်ယာ ၁ဝ ရာခိုင်နှုန်းကို အစိုးရက ပိုင်ဆိုင်ထားပြီး ကျန်အစုရှယ်ယာ ၄၁ ရာခိုင်နှုန်းကို အများပိုင်လုပ်ငန်းအဖြစ် ဖွဲ့စည်းထားသော မြန်မာသီလဝါအထူးစီး ပွားရေးဇုန်ဦးပိုင်က ပိုင်ဆိုင်သည်။ ဂျပန် ဘက်ခြမ်း၏ အစုရှယ်ယာ ၁ဝရာခိုင်နှုန်းကို JICA က ပိုင်ဆိုင်ပြီး ကျန်အစုရှယ်ယာ ၃၉ရာခိုင်နှုန်းကို ဂျပန်အခြေစိုက် Mitsubishi Marubeni နှင့် Sumitomo တို့ပူးပေါင်း ဖွဲ့စည်းထားသည့် MMS သီလဝါဖွံ့ဖြိုးရေး လုပ်ငန်းက ပိုင်ဆိုင်သည်။
ရန်ကုန်မြို့၏ စက်မှုဇုန်မြေယာငှားရမ်း မှုနှုန်းထားများသည် တစ်ဧကငှားရမ်းခ တစ်မီတာ (၁ဝ ပေပတ်လည် ) နှုန်းထားကို တစ်နှစ်လျှင် ကန်ဒေါ်လာ သုံးဒေါ်လာ ဈေးရှိနေသည်ဟု သိရသည်။ လှိုင်သာစက်မှုဇုန်စီမံခန့်ခွဲရေးကော်မ တီဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က '' စက် မှုဇုန်တွေမှာ နိုင်ငံခြားသားတွေငှားမယ် ဆိုရင်တော့ အစိုးရဈေးနှုန်းက တစ်မီတာ ပတ်လည်ကို သုံးဒေါ်လာလောက်ပဲကျမှာ ပါ။ ဒါက တစ်နှစ်အတွက်ငှားရမ်းခပေါ့။ ငှားရမ်းသက်တမ်းက ဘယ်နှ နှစ်ဆိုတာကို နှစ်ဦးသဘောတူ စာချုပ်နဲ့ဆိုင်တယ်'' ဟု ပြောသည်။
Ref : MIZZIMA
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ