By အေးသူစံ, Shweproperty.com
Updated at 7 June 2014
သီလဝါအထူးစီးပွားရေး ဇုန်တွင် ပထမဆုံး စတင်ရင်းနှီး မြှုပ်နှံမည့် ကုမ္ပဏီတစ်ခုအဖြစ် စက်ရုံတည်ဆောက်ရန် အမေရိ ကန်နိုင်ငံ အခြေစိုက် Ball ကုမ္ပဏီ က မြန်မာ-ဂျပန်နှစ်ဖက်တာဝန်ရှိ သူများနှင့် သဘောတူစာချုပ်ကို ဇွန်လ ၆ ရက်တွင် လက်မှတ်ရေး ထိုးလိုက်ကြောင်း သတင်းရရှိ သည်။
အမေရိကန်နိုင်ငံမှ သံဘူး များထုတ်လုပ်သော ကုမ္ပဏီတစ် ခုဖြစ်သည့် Ball Corporation က သီလဝါအထူးစီးပွားရေးဇုန်အ တွင်းရှိ မြေ ၁၂ ဧကကျော် (ငါး ဟက်တာ) တွင် ကုန်ထုတ်လုပ် ငန်းများ လုပ်ကိုင်ရန် ဇွန်လ ၆ ရက်က စာချုပ် ချုပ်ဆိုငှားရမ်း ခဲ့သည်။
‘‘အမေရိကန် ရင်းနှီးမြှုပ်နှံမှုဝင်လာတော့ အထူးစီးပွားရေး ဇုန်ရဲ့ ပုံရိပ်က ပိုကောင်းတာ ပေါ့’’ ဟု မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ် တွဲဖက်အ ထွေထွေအတွင်းရေးမှူး ဦးဆန်း လင်းက ပြောကြားသည်။
လက်မှတ်ရေးထိုးပွဲကို ချက် ထရီယမ်ဟိုတယ်တွင် ပြုလုပ်ခဲ့ ပြီး ဂျပန်၊ အမေရိကန်သံအမတ် ကြီးများနှင့် နှစ်ဖက်တာဝန်ရှိသူ များ၊ Ball ကုမ္ပဏီတာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြသည်။
မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် အမေရိကန် ကုမ္ပဏီ၏ ဆုံးဖြတ်ချက်က ကျန် နိုင်ငံအသီးသီးမှ ကုမ္ပဏီများ ဝင် ရောက်လုပ်ကိုင်လာရေးအတွက် အား ပေးတိုက်တွန်းမှုဖြစ်လာမည်ဟု ယုံကြည်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ ဟိဂုချိက ပြောကြားသည်။
ထို့ပြင် ဂျပန်မော်တော်ကား အပိုပစ္စည်း ကုမ္ပဏီ တစ်ခုက လည်း သီလဝါတွင် ဝင်ရောက် လုပ်ကိုင်ရန် ဇွန်လ ၆ ရက်တွင်ပင် စာချုပ်ချုပ်ဆိုခဲ့သည်။ Ball ကုမ္ပ ဏီမှာ သံထည်သတ္တုပစ္စည်းများ ထုတ်လုပ်ရောင်းချသည့် ကုမ္ပဏီ ဖြစ်ပြီး မြေငါးဟက်တာနီးပါး ငှားရမ်းရန် စာချုပ်ချုပ်ဆိုသည်
‘‘မြန်မာပြည်သူတွေအတွက် ဂျပန်နဲ့အမေရိကန်ပူးပေါင်းပြီး အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးခြင်းနဲ့ နည်းပညာလွဲှ ပြောင်းပေးခြင်းတို့ကို သီလဝါဇုန် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းက တစ်ဆင့် အထောက်အပံ့ပေးနိုင် မယ်လို့ အခိုင်အမာ ယုံကြည်ထား ပါတယ်’’ဟု ဂျပန်သံအမတ်ကြီး ကပြောသည်။
ရန်ကုန်နှင့် မန္တလေးရှိ စက် မှုတက္ကသိုလ်များတွင် ဂျပန်နိုင်ငံ မှ ပါမောက္ခများအား ခေါ်ယူသင် ကြားပေးစေပြီး ယင်းတက္ကသိုလ် ကျောင်းဆင်းများကို သီလဝါဇုန် တွင် အလုပ်ပြန်ခန့်ရန် စီစဉ်ဆွေး နွေးနေကြောင်း ဒုသံအမတ် မစ္စ တာ မာယုယာမက ပြောကြား သည်။
သီလဝါအထူးစီးပွားရေးဇုန် သည် မြန်မာနိုင်ငံ၏ ပထမဆုံးအ ထူးစီးပွားရေးဇုန်ဖြစ်ပြီး ဇုန်၏ အ ခြေခံအဆောက်အအုံမြှင့်တင် ရေးအတွက် ဂျပန်အစိုးရက လျှပ် စစ်ဓာတ်အား ၅၀ မဂ္ဂါဝပ် ထုတ် လုပ်နိုင်သည့် ဓာတ်ငွေ့တာဘိုင် လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် သီလဝါဆိပ်ကမ်းဆက်သွယ်ရန် ကားလမ်းတည်ဆောက်ရေးအ တွက် ODA ထောက်ပံ့ငွေ အသုံး ပြု၍ ၂၀၁၅ မတိုင်မီ အပြီးတည် ဆောက်မည်ဖြစ်ကြောင်း ဂျပန် သံရုံး၏ထုတ်ပြန်ချက်တွင် ပါရှိ သည်။
ပထမအဆင့် စီမံကိန်းအ တွက် မြေကွက်များ ရောင်းချရန် ကြေညာပြီးတစ်လအတွင်း ကမ္ဘာ့ ၁၀ နိုင်ငံမှ ကုမ္ပဏီပေါင်း ငါးဆယ်ကျော် လာရောက်ဆွေးနွေးနေကြောင်း မြန်မာ-ဂျပန်သီလဝါ ဖွံ့ဖြိုးတိုးတက်မှု လီမိတက် ဥက္ကဋ္ဌ မစ္စတာ တာကာရှီက ပြောကြားသည်။
လက်ရှိအချိန်တွင် သီလဝါ အထူးစီးပွားရေးဇုန်၌ နိုင်ငံပေါင်း ၁၁ နိုင်ငံမှ ကုမ္ပဏီပေါင်း ၄၅ ခု ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် အဆိုပြုလွှာတင်ထားသည်။ အဆိုပြုလွှာများတွင် ဂျပန်နှင့် ဟောင်ကောင်တို့က အများဆုံးဖြစ်သည်။
ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ဖြစ်သော ဆွီဒင်နိုင်ငံမှ ကုမ္ပဏီ သုံးခုကလည်း ရင်းနှီးမြှုပ်နှံရန်အ ဆိုပြုထားသည်။
Ref : 7Day Daily
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ