By The Kumudra, Shweproperty.com
Updated at 4 August 2015
အိမ်ခြံမြေအရောင်းအဝယ် အေးနေရာမှာ သီလဝါနဲ. ဒဂုံအရှေ.ပိုင်းတွေမှာ အရင်နှစ်တွေကလောက် ဈေးကွက် မဖြစ်ပေမဲ့ ဈေးကွက်ပြန်တက်လာတယ်လို. အကျိုးဆောင်တချို.ထံက သိရတယ်။ Myanmar Housing အကျိုးဆောင် ကုမ္ပဏီက ဒါရိုက်တာ ဦးကျော်တင့်က ‘အရောင်းအဝယ်က အေးနေတာမှန်တယ်၊ ဒါပေမဲ့ လောလောဆယ် သီလဝါဘက် ပြန်တက်လာတယ်၊ ဒဂုံအရှေ.ဘက်လဲကြားတယ်၊ ပြီးခဲ့တဲ့ နှစ်တွေလောက်တော့ မဟုတ်ဘူး’လို. ပြောပါတယ်။
ဝယ်ရောင်းအကျိုးဆောင် ဦးကျော်နိုင်က ‘မနေ.က ၇/၈ လမ်းဆုံရောက်ခဲ့တာ အကျိုးဆောင်တွေ အများဆုံးထိုင်ပြီး ဈေးကွက်ဖြစ်နေတဲ့ လက်ဖက်ရည်ဆိုင်မှာ အကျိုးဆောင်တွေ ပြန်စည်နေတယ်၊ ဈေးကွက်အေးပြီးကတည်းက ပျောက်နေခဲ့ကြတာ၊ ဒီရက်ပိုင်းမှာ ပြန်စည်လာတာ’ လို. ဈေးကွက်အတွင်း အပြောင်းအလဲတွေကို ပြောပါတယ်။
ဒဂုံသီးသန်.အကျိုးဆောင် မကေသီက ‘အခုတော့ မြေပုံစာအုပ်တွေနဲ. လူတွေစည်နေတာပဲ၊ အကွက်တွေလဲ တင်ကြတဲ့ သူတွေရှိတယ်၊ အကွက်တချို.အရောင်းအဝယ်ဖြစ်ပါတယ်။ အဝယ်ပြန်ရှိနေတာက ၁၂၇၊ ၁၂၀၊ ၁၂၁နဲ. ၁၅၇တွေတော့ အဝယ်ရှိနေတယ်’ လို. ပြောပါတယ်။
မြို.သစ်စီမံကိန်း ခုနစ်နေရာ ထွက်ရှှိပြီး နောက်ပိုင်းမှာ တွံတေး(ကြည့်မြင်တိုင် တစ်ဖက်ကမ်း) ရှိ အကွက်တွေ ဈေးပြန်လှုပ်ခတ်လာပေမဲ့ ရက်ပိုင်းအတွင်း ပြန်ငြိမ်သွားပါတယ်။
အိမ်ခြံမြေဈေးကွက် အေးရတဲ့ အကြောင်းအရာတွေထဲက မြို.သစ်စီမံကိန်းပရောဂျက်တွေကို ပြန်ရပ်လိုက် လုပ်လိုက်ဖြစ်နေတာကြောင့်ပါ။ သည်လို ဖြစ်နေတဲ့အတွက် အကျိုးဆက်က အိမ်ခြံမြေလုပ်ကိုင်သူတွေရဲ. အရင်းအနှီးတွေ သည်ထဲမှာ ပမာဏတစ်ခုအထိ နစ်မြုပ်သွားကြတယ်။ ဒါကြောင့် ဈေးကွက်ထဲ ပြန်လှုပ်ရှားဖို. အရင်းအနှီးပျောက်နေသူတွေ များနေတာဟာလည်း အိမ်ခြံမြေကွက် အေးရတဲ့ အကြောင်းထဲမှာ တစ်ခုပါဝင်တယ်လို. ကျွမ်းကျင်သူတချို.နဲ. အကျိုးဆောင်တချို.က သုံးသပ်ကြပါတယ်။
Ref : The Kumudra
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ