By Myanmar Times, Shweproperty.com
Updated at 7 July 2015
သီလဝါအထူးစီးပွားရေးဇုန်၌ လျှပ်စစ်ဓာတ် အား မဂ္ဂါဝပ် ၄၀၀ ထုတ်လုပ်နိုင်မည့်လျှပ်စစ် ဓာတ်အားပေးစက်ရုံစီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၁၆ နှစ်ဆန်းပိုင်းတွင် စတင်သွားနိုင်မည်ဟုဧဒင်လုပ်ငန်းစု ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောသည်။
အဆိုပါ စီမံကိန်းကို လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန၊ ဂျပန်နိုင်ငံမှ Marubeni လုပ်ငန်းစု၊ ထိုင်းနိုင်ငံမှ PTT Group အဖွဲ့ဝင် GPSC ကုမ္ပဏီလုပ်ငန်းစုနှင့် ဧဒင်လုပ်ငန်းစု တို့အကြား လေးပွင့်ဆိုင် အကျိုးတူပူးပေါင်း ဆောင်ရွက်ရန် မေလကုန်ပိုင်းက လက်မှတ် ရေးထိုးထားခဲ့သည်။ "ဒီစီမံကိန်းအတွက် Feasibility Study လုပ်နေတာတော့ ခြောက်လလောက်ရှိပါပြီ။ အဲဒါတွေပြီးရင် တည်ဆောက်မှုကို စတင်မှာ ပါ။ ၂၀၁၆ အစမှာ လုပ်ငန်း စတင်သွားနိုင်မှာ ဖြစ်ပါတယ်" ဟု ဦးချစ်ခိုင်က ပြောသည်။ ၎င်းဓာတ်အားပေးစက်ရုံသည် ပြည်တွင်း မှထွက်ရှိသည့်သဘာဝဓာတ်ငွေ့များဖြင့် လည်ပတ်သွားမည်ဖြစ်ပြီး ထွက်ရှိလာသည့် ဓာတ်အားများကို မြန်မာအစိုးရက ပြန်လည် ဝယ်ယူကာ သီလဝါအထူးစီးပွားရေးဇုန်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြန်လည်ဖြန့် ဖြူးရောင်းချသွားရန် သဘောတူညီထား သည်ဟုလည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လက်မှတ်ရေးထိုးပွဲတွင် မီဒီယာများကို ပြောကြားခဲ့သည်။
ယခုနှစ်ကုန်ပိုင်းတွင် ကုန်ထုတ်လည်ပတ် မှုများစတင်နိုင်ရန် လျာထားကြောင်း စီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးဆက်အောင်က ပြောသည်။
ဇုန်အတွင်း အခြေခံအဆောက်အအုံများ စတင်ဆောက်လုပ်နေလျက်ရှိသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုမှ မြန်မာတာဝန် ရှိသူတစ်ဦးက "သီလဝါမှာ ဝင်ရောက်ရင်းနှီး မြှုပ်နှံရတဲ့ အခက်အခဲတွေထဲမှာ မြေကိစ္စ အတွက် နည်းနည်းစိတ်ညစ်ခဲ့ရတယ်။ နောက်ပြီး လျှပ်စစ်မီး အမြဲတမ်းရနိုင်ဖို့အတွက် စိုးရိမ်မှု ဖြစ်မိပေမယ့် အစိုးရပိုင်းက အသေချာလုပ်ပေးမယ် ပြောလို့အားကိုးရမှာပါ။ အကောင်း ဆုံး ဖြစ်လာမယ်လို့တော့ ယုံကြည်ရတာပါပဲ"ဟု ပြောသည်။ ဧဒင်ကုမ္ပဏီလုပ်ငန်းစုသည် လက်ရှိအချိန်တွင် မြန်မာ့ကမ်းလွန်ရေနံလုပ်ကွက် များအတွင်း ရေနံရှာဖွေရေးလုပ်ငန်းများကို ဆောင်ရွက်နေသကဲ့သိ့ု PTT လုပ်ငန်းစုကလည်း မြန်မာနိုင်ငံ၏ ရေနံနှင့် ဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းများတွင် ဝင်ရောက် မြှုပ်နှံထားသည်။
မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအင်ကဏ္ဍသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ရှစ်ခုက အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၃၂၄ ဘီလျံကျော် ဝင်ရောက်မြှုပ်နှံထားကာ ပြည်တွင်း ကုမ္ပဏီ ကိုးခုက ကျပ် ၄၅၅ ဒသမ ၃၈၃ ဘီလျံကျော် ဝင်ရောက်မြှုပ်နှံထားပြီးဖြစ်သည်။
Ref : Myanmar Times
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ