By myanmar property, Shweproperty.com
Updated at 12 June 2013
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်အတွင်းရှိ ဆင်ခြေဖုံးမြို့နယ်များ၌ အထပ်အမြင့်များအား ခွင့်ပြုပြီးနောက် သင်္ဃန်းကျွန်းမြို့နယ်တွင် အထပ်မြင့်အဆောက်အအုံတည်ဆောက်မှု များပြားလာကြောင်း ‘ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ’မှ သတင်းရရှိသည်။
အထပ်မြင့်အဆောက်အအုံ တည်ဆောက်ရာ၌ သင်္ဃန်းကျွန်းမြို့နယ်တွင် လစဉ် အဆောက်အအုံလုပ်မှု အရေအတွက် နှစ်ဆယ်ဝန်းကျင်ခန့်ရှိကြောင်း၊ တောင်ဥက္ကလာပမြို့နယ် နှင့် မြောက်ဒဂုံမြို့နယ်တို့တွင် အထပ်မြင့်အဆောက်အအုံအရေအတွက် လစဉ် ၁၀ လုံးဝန်းကျင်ရှိကြောင်း သိရသည်။
“အခုဆိုရင် အထပ်အမြင့် သုံးထပ်ခွဲအထိ ဆင်ခြေဖုံးမြို့နယ်တွေမှာ တည်ဆောက်ဖို့အတွက် ခွင့်ပြုပေးတယ်၊ ဒီလိုခွင့်ပြုပေးထားတဲ့အတွက် အဆောက်အအုံဆောက်တဲ့သူတွေ ပိုများလာတယ်”ဟု ‘ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)’မှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။
ယခင်က ဆင်ခြေဖုံးမြို့နယ်များ၌ အထပ်အမြင့်များကို နှစ်ထပ်အထိသာ တည်ဆောက်ခွင့် ပြုခဲ့သော်လည်း ၂၀၁၂ ခုနှစ်၊ မတ်လမှစတင်၍ အထပ်အမြင့် သုံးထပ်အထိ တိုးမြှင့် ခွင့်ပြုပေးခဲ့သောကြောင့် လစဉ် မြို့တော်စည်ပင်သို့ အဆောက်အအုံတည်ဆောက်ခွင့် လျှောက်ထားသူ တစ်ရာဝန်းကျင်အထိရှိလာကြောင်း သိရသည်။ ယင်းသို့ တည်ဆောက်ရာ၌ အများဆုံးတည်ဆောက်သော အဆောက်အအုံများမှာ သုံးထပ်ခွဲ အဆောက်အအုံများသာ ဖြစ်ကြောင်းနှင့် မြို့တော်စည်ပင်မှ ခွင့်ပြုထားသော အမြင့်ပေထက် ကျော်လွန်တည်ဆောက်ပါက ဖျက်သိမ်းသည်အထိ အရေးယူသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
Ref: Myanmar Property
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ