By Social Media, Shweproperty.com
Updated at 15 January 2019
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်တွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဌာနမှ တည်ဆောက်ထားသော သီလဝါတန်ဖိုးနည်းအိမ်ရာ အခန်းများကို လျှပ်စစ်မီးသွယ်တန်းပြီးပါက ရောင်းချသွားမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဌာနမှ သိရသည်။
ထို့ကြောင့် သီလဝါတန်ဖိုးနည်းအိမ်ရာစီမံကိန်းတွင် လျှပ်စစ်မီးသွယ်တန်းရန် စိတ်ဝင်စားသူများအား ယခလ (၈)ရက်မှ စတင်ကာ ခေါ်ယူလျက်ရှိကြောင်း သိရသည်။ “ ဒီအိမ်ရာက အခန်းတွေကို သီလဝါဝန်ထမ်းတွေကိုလည် ရောင်းချပေးမှာပါ။ တည်ဆောက်မှုပိုင်းက ပြီးစီးပြီဆိုပေမယ့် လျှပ်စစ်မီးမရရှိသေးတာမို့ မရောင်းချသေးတာပါ။ လျှပ်စစ်မီးရရှိပြီးရင်တော့ မကြာခင် ရောင်းချပေးမှာပါ “ ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။၏လျှပ်စစ်မီးသွယ်တန်းရန် (၁၁/ဝ.၄)ကေဗွီ ၊ ဓာတ်အားခွဲရုံနှင့် (၁၁)ကေဗွီဓာတ်အားလိုင်း ၊ (၄၀၀)ဗို့ ဓာတ်အားလိုင်း တည်ဆောက်ခြင်း လုပ်ငန်းအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းဖြစ်ကြောင်း သိရသည်။
သီလဝါ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွင် အဆောက်အအုံ (၅၅)လုံး၊ စုစုပေါင်းအခန်း (၁,၇၀၈)ခန်းကို ရောင်းချပေးသွားမည်ဖြစ်ပြီး အိမ်ရာဝင်းအတွင်း ဆေးခန်း၊ စာကြည့်တိုက်နှင့် အပန်းဖြေနေရာများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
Ref & Photo Credit : Social Media
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ