By Aye Sandar, Shweproperty.com
Updated at 21 January 2021
လာမည့် ငါးနှစ်မှာ အာဆီယံထိ စံချိန်ချိုးမယ့် Times 108 project လို့ အမည်ပေးထားတဲ့ အဆိုပါ ၁၀၈ ထပ်တာဝါကို ရန်ကုန်မြို့သစ် စီမံကိန်းဧရိယာထဲက ဧက ၁၀၀ ပေါ်မှာ အကောင်အထည် ဖော်မည်ဖြစ်ပြီး အထင်ကရဖြစ်လာမယ့် အဆောက်အဦးတွေလည်း ပါဝင်လာမည်ဟု သိရပါသည်။ အာဆီယံတွင် အမြင့်ဆုံးရှိလာမည့် Times 108 project တွင် အာဆီယံမှာ အကောင်းဆုံး အားကစားကွင်း၊ အကြီးကျယ်ဆုံး စျေးဝယ်စင်တာ၊ ကားစီးရေ ၅၀၀၀ ထိ ဆံ့နိုင်မည့် ကားပါကင်လည်း ပါဝင်မည့်အပြင် အခမ်းနားဆုံး event park များလည်း ပါဝင်မည်ဟု သိရပါသည်။ ဒါ့အပြင် ကျွမ်းကျင်ဆရာဝန်ကြီးများနှင့် ထိရောက်စွာကုသပေးနိုင်မည့် နိုင်ငံတကာအဆင့်မီ ဆေးရုံလည်း ဆောက်လုပ်သွားဖို့ရှိကြောင်း သိရသေးသည်။ မိမိတို့နိုင်ငံအတွင်း နိုင်ငံတကာအဆင့်မီ လှပ ခန့်ညားတဲ့ အဆောက်အဦးများရှိဖို့လည်း လိုအပ်လှသလို မြေငှားခတင်မကဘဲ နိုင်ငံသားတိုင်းအတွက် ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းများပါ ရရှိနိုင်ပြီး နိုင်ငံအတွက်ပါ ရေရှည်တွင် အကျိုးပြုနိုင်မည့် လုပ်ငန်းဖြစ်ဖို့လည်း အရေးကြီးပါသည်။ အခုစီမံကိန်းသည် လက်ရှိမှာတော့ စာရွက်ပေါ်မှာသာ ရှိသေးသော်ငြား အာဆီယံအဆင့်မီ နိုင်ငံတစ်နိုင်ငံ ဖြစ်လာဖို့ရာအတွက် အလားအလာကောင်းများဖြစ်လာနိုင်တဲ့အတွက်ကြောင့် ကျေနပ်မိသည်ဟုလည်း သိရပါသည်။ အရေးကြီးဆုံးအချက်မှာ စီမံကိန်းသည် ကိုယ့်မြေပေါ်တွင်ရှိပြီး ပြောရေးဆိုခွင့် မရှိတာမျိုး၊ စီမံခန့်ခွဲပိုင်ခွင့် မရှိတာမျိုး မဖြစ်ဖို့အရေးကြီးသေးသည်။ ထို့ကြောင့်လည်း ပြည်သူအများစုအနေဖြင့် ယခုစီမံကိန်းကို စိတ်ဝင်စားမှုများပြားလာသလို နိုင်ငံသားတိုင်း၏ အကျိုးစီးပွား၊ နိုင်ငံဖွံ့ဖြိုးတိုးတက်စေဖို့ အခွင့်အလမ်းများစွာ ပေးစွမ်းနိုင်ဖို့လည်း မျှော်မှန်းထားကြပါသည်။ နောက်ဆုံးရ သတင်းများ နိုင်ငံခြားဝင်ငွေများစွာရရှိနိုင်မည့် ကွန်ဒိုအခန်းပေါင်း ၆၀၀၀ ခန့်လျာထားကြောင်း မေမြို့ အကွက်ချမြေများဝယ်ယူရာတွင် သေချာစုံစမ်းစစ်ဆေးရန်လိုကြောင်း ပြင်ဦးလွင်လွှတ်တော်အမတ်ကိုယ်တိုင် ပြောကြား စက်မူမြို့တော်စီမံကိန်း (PIC)တွင် တန်ဖိုးသင့်အိမ်ရာစီမံကိန်းများနှင့် ဈေးဝယ်စင်တာများ တည်ဆောက်မည် အခန်းပေါင်း ၃၀၀၀ ပါဝင်သည့် ပြည်သူ့အငှားအိမ်ရာ (မန္တလေး) တည်ဆောက်ရေး လုပ်ငန်းများ စတင်နေပြီဖြစ် Written by : Aye Sandar (ShweProperty.com) Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ