By Ra Wai, Shweproperty.com
Updated at 9 June 2022
လူသိနည်းလှတဲ့လှေကားအဆံ တပ်ဆင်ခြင်း သိကောင်းစရာမျှဝေပါတယ်။ရှေ့ထုံးလည်းမပယ်နဲ့ စျေးသုံးလဲမကြွယ်နဲ့စကားမျိုးလိုပါပဲ။ အိမ်တစ်အိမ်ဆောက်ရာတွင်း အဓိကအရေးကြီးတာ အိမ်လှေကား ပြုလုပ်ခြင်းပါပဲ။ရှေးကျမ်းဆရာတို့သည် စုံ မ နှစ်ခုလုံး တပ်ကောင်း၏ဟုဆိုသည် လက်သမား ကျမ်းဆရာတို့က မကိုသာ တပ်စေပါတယ်။ လက်သမား ဆရာကြီးများမှာ စုံတပ်သည်လည်း ရှိတယ် ။မ တပ်သည်လည်း ရှိပါတယ်။ အဘယ်ကြောင့်ဆိုသော် ပထမအထစ်မှ [လာဘံ ၊သုခံ ၊မရဏံ ၊လာဘ သု ခ မရဏ] တွက်ယူကာ မရဏံ မရဏ ကို ရှောင်ပါတယ်။ ပထမထစ်က လာဘဒုတိယထစ္က သုခတတိယထစ်ကမရဏ လာဘက လာတ်လာဘ ပေါများခြင်း။ သုခက ကြွယ်ဝချမ်းသာခြင်း။မရဏက ဆုတ်ယုတ်ပျက်စီးခြင်းနဲ့ ကြုံတွေ့ရလိမ့်မယ်တဲ့ ။ လာဘက ၁ထစ် ၊ ၄ ထစ်၊ ၇ ထစ် သုခက ၂ ထစ်၊ ၅ထစ် ၊ ၈ ထစ် မရဏ- ၃ ထစ် ၊ ၆ ထစ် ၊ ၉ ထစ် ၊ ၁၂ထစ်စသည်ဖြင့်တပ်ဆင်ကြပါတယ်။ အိမ်အနေအထားမင်္ဂလာသား အနေအထားအလိုက်လုပ်ဆောင်ကြပါတယ်။ တစ်ချို့ ဆရာများမှာ [ရာဇ ၊ လာဘ ၊ မရဏ] လို့သတ်မှလုပ်ဆောင်ကြပါတယ်။ ၁ထစ် ဘုန်းကျက်သရေတိုးခြင်း၊ ၂ထစ် လာတ်လာဘ ပေါများခြင်း၊ ၃ထစ် ဆုတ်ယုတ်ပျက်စီးခြင်း စသဖြင့်အယူမျိုးနဲ့လုပ်ဆောင်ကြပါတယ်။ တစ်ကျောင်း တစ်ဂါထာတစ်ရွာ တစ်ပုဒ် ဆန်းဆိုသလိုဒေသအလိုက်ကွဲလွဲကြတာရှိကြပါတယ်။ အိမ်လှေခါးကို ၃ထစ်ထားသော်ဒုက်ခံ မရဏံ ကြုံ စေပြန်၏။ တစ်ထစ်ထားသော်ကောင်းစားစေတက် ၏။ ရှစ်ထစ်ထားလျှင်မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံ၍ကျက်သရေ ဘုန်းသမ္ဘာ မြင့်မားစေတက်၏။ ကိုးထစ်ထားလျှင်လာဘ်လာဘ ပေါကြွယ်ဝတက်၏။ ၁၂ ထစ်ထားသော်ကျမ္မာရေးကောင်းမွန်စေ၍ရန်သူမျိုးငါးပါးမှကင်းစေ၏။ တနင်္လာနေ့တွင် အိမ် လှေကား စလုပ်ခြင်းမှ ရှောင်ကြပါစေ ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ အရေးအကြောင်းများကို ပျောက်ကင်းအောင်ကုသနိုင်သည့် အိမ်တွင်းကုထုံးနည်းလမ်းများ ငွေနည်းနည်းနဲ့ အိမ်တွင်းအလှဆင်နိုင်မယ့် နည်းလမ်းတွေ သင့်အိမ်တွင်းမှာ လွယ်လွယ်ကူကူရှာတွေ့နိုင်တဲ့ BEAUTY PRODUCTS များ ကံကောင်းစေဖို့ အိမ်တွင်းမှာထားသင့်တဲ့ အရာ(၇)မျိုး Credit By :Thutazone Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ