By Ra Wai, Shweproperty.com
Updated at 28 April 2022
ရေချိုးခန်းကို သန့်ရှင်းရေးလုပ်ရတယ်ဆိုတာ လွယ်တာတော့မဟုတ်ပါဘူး။ အချိန်လည်းကုန်တယ်၊ အားလည်းစိုက်ထုတ်ရတယ်။ ခေါင်းကကျွတ်သွားတဲ့ဆံပင်တွေက ရေဆင်းပိုက်ကိုပိတ်တာတစ်မျိုး၊ တံခါးညစ်ပတ်တာကတစ်ဖုံ ၊ အနံ့အသက်မကောင်းတာနဲ့ဆိုတော့ ရေချိုးခန်းကိုလည်း မဖြစ်မနေ သန့်ရှင်းရေးလုပ်ရတာပါပဲ။ ဒီကြားထဲ ကြေးညှိတွေတက်ပြီး ချော်လဲတာလည်းဖြစ်တတ်လို့ အနည်းဆုံး တစ်လတစ်ခါတော့ ရေချိုးခန်းကို သန့်ရှင်းရေးလုပ်ရပါတယ်။ ၁။ ဟိုက်ဒြိုဂျင်ပါအောက်ဆိုက်နဲ့ မုန့်ဖုတ်ဆိုဒါကို ရောဖျော်ပြီး ဝါးနေတဲ့မှန်ကို ဖျန်းပေးလိုက်ပါ။ ပြီးရင် ရေမြှုပ်လေးနဲ့ ပွတ်လိုက်ရုံနဲ့ မှန်က ကြည်လင်သွားပြီ။ ၂။ တလက်လက် တောက်ပနေတဲ့ ရေချိုးဇလုံကို မြင်ချင်လား? ရှာလကာရည် ခွက်တစ်ဝက်နဲ့ ပွတ်တိုက်သန့်စင်ဖို့အသုံးပြုတဲ့ rubbing alcohol တစ်ခွက်ကို ချင်တွယ်ခွက်ရဲ့လေးပုံတစ်ပုံစာ မုန့်ဖုတ်ဆိုဒါထည့်ပြီးဖျော်ပါ။ အားလုံးကို ရေနွေးနဲ့ထပ်ရောပြီး ညစ်ပတ်နေတဲ့နေရာတွေကို လောင်းချထားလိုက်ပါ။ ၁၅ မိနစ်လောက်ထားပြီး ပြန်ဆေးလိုက်ရင် ရေချိုးဇလုံက အသစ်အတိုင်းပြောင်လက်နေရော။ ၃။ အိမ်သာအထိုင်ကို ခံတွင်းသန့်ဆေးနဲ့ ဆေးလို့ရတယ်။ သွားတိုက်ဆေးနဲ့လည်း ဆေးလို့ရတယ်။ ဘာကိုပဲသုံးသုံး အိမ်သာပေါ်က ညစ်ပတ်နေတဲ့မျက်နှာပြင်ကို သုတ်လိမ်း/လောင်းချထားကာ နာရီဝက်နေမှ ဘရပ်ရှ်နဲ့တိုက်ပေးမယ်ဆို သန့်ရှင်းတောက်ပြောင်လာပါတယ်။ ၄။ ဆားနဲ့ သံပရိုသီးအရည်ကို ရောပြီး သန့်ရှင်းရေးလုပ်လို့ရသေးတယ်။ ပေနေတဲ့နေရာကို ဆားပုံလိုက်၊ အပေါ်ကနေ သံပရိုရည်လောင်းပြီး တစ်ညလောက်ထားလိုက်။ မိုးလင်းမှ အသာလေးဆေးလိုက်ရုံနဲ့ အစွန်းတွေမရှိတော့ဘူး။ ၅။ ရှာလကာရည်နဲ့ ရေကို ဆတူရောပြီး တံမြက်စည်းမှာဆွတ်ကာ ကြမ်းပြင်တွေ၊ ရေချိုးခန်းမျက်နှာကြက်တွေကို တိုက်ပေးလို့ရပါတယ်။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ သင့်ကျန်းမာရေးကို တဖြည်းဖြည်းချင်း ထိခိုက်လာစေမယ့် မစိုက်သင့်တဲ့ အိမ်တွင်း အပင် (၅) မျိုး အိမ်ဥယျာဉ်ခြံရှိ အပင်တွေက ဘယ်လိုကောင်းကျိုးတွေကို ပေးစွမ်းနိုင်သလဲ ရှာလကာရည်ကို ထိရောက်စွာ အသုံးပြုနိုင်မယ့် နည်းလမ်း (၁၀) မျိုး အိမ်သုံး ဓါတုပစ္စည်းများရဲ့ လျို့ဝှက်ချက် Credit By: Duwun Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ