By Myanmar Property Journal, Shweproperty.com
Updated at 28 August 2013
ယခုလပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၊ အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာ အနည်းငယ် လှုပ်ခတ်လျက်ရှိကြောင်း တိုက်ကြီးမြို့ခံများထံမှ စုံစမ်းသိရှိရသည်။
တိုက်ကြီးမြို့ အိမ်၊ ခြံ၊ မြေ ဈေး ကွက်မှာ ယခုနှစ် အစောပိုင်းကာလအထိ ပုံမှန်အတိုင်းရှိနေရာမှ ဟံသာဝတီ လေဆိပ်စီမံကိန်း အတည်ပြု သတင်းများကြောင့် မြေများအရောင်းအဝယ် လိုက်လာခဲ့ကြောင်း သိရသည်။
“လာဝယ်တဲ့သူတွေတော့ များလာတယ်၊ ဒီမှာက ပွဲစားလိုမျိုးလည်း မရှိဘူး၊ ကြိုက်ရောင်း၊ကြိုက်ဝယ် တွေများတယ်၊ အများစု လာကြည့်ကြတာကတော့ တရုတ်တွေ များတယ်” ဟု တိုက်ကြီးမြို့ ဒေသခံတစ်ဦးက ဆိုသည်။
လက်ရှိတိုက်ကြီးမြို့ရှိ အိမ်၊ ခြံ၊ မြေ ဈေးကွက်အနေအထားမှာ အနည်းငယ် လှုပ်ခတ်သည်မှလွဲ၍ ဈေးနှုန်းများ မြင့်တက်ခြင်းမရှိဘဲ ပုံမှန်အရောင်းအဝယ် ဖြစ်လျက်ရှိကာ လမ်းမတန်းရှိ ပေ ၄၀_၆၀ တစ်ကွက်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်ရှိပြီး လမ်းအတွင်းပိုင်းမြေများအနေဖြင့် ပေ ၄၀ _ ၆၀ တစ်ကွက်လျှင် ကျပ်သိန်းငါးဆယ်ခန့် အနိမ့်ဆုံးရှိကြောင်း သိရသည်။
ပဲခူးမြို့အတွင်း တည်ဆောက်မည့် ဟံသာဝတီလေဆိပ်စီမံကိန်းသို့ သွားရာလမ်းတွင် သာမန်လမ်းရိုး အတိုင်း သော်လည်းကောင်း၊ မှော်ဘီငါးဆူတောင် လမ်းခွဲမှ ညာဘက် သို့ သွားရာလမ်းဖြင့် သော်လည်းကောင်း သွားရောက်နိုင်ခြင်းများကြောင့် ယင်းမြေများအား စိတ်ဝင်စားမှုရှိကာ ဝယ်ယူမှုရှိလာကြောင်း သတင်းရရှိသည်။
Ref : Myanmar Property Journal
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ