By ဝေယံမိုးမြင့်, Shweproperty.com
Updated at 25 July 2013
ပြည်ပရင်းနှီးမြုပ်နှံမှုဖိတ်ခေါ်ရာတွင် အဟန့်အတားဖြစ်နေသော မြေဈေးနှုန်းကြီးမြင့်မှုကို လျှော့ချနိုင်ရန် ကြိုးစားနေကြောင်း မြန်မာနိုင်ငံရင်း နှီးမြုပ်နှံမှုကော်မရှင်မှသိရသည်။
"မြေဈေးကြီးတာက နိုင်ငံခြားရင်းနှိးမြုပ်နှံမှုကို ဖိတ်ခေါ်ရာမှာ အဟန့်အတားဖြစ် နေတာကအမှန်ပဲ၊ ချက်ချင်းကြီးတော့ ဒီနေ့ကြီး နေတဲ့မြေဈေးကို နောက်နေ့ ချလို့တော့မရဘူးပေါ့၊ သင့်တော်တဲ့မြေဈေး တစ်ခု ဖြစ်ပေါ်လာဖို့ ကြိုးစားနေပါတယ်" ဟု မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်မှ ညွှန်ကြားရေးမှုးချုပ် ဦးအောင်နိုင်ဦး က ယနေ့ ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ပြည်ပရင်းနှီးမြုပ်နှံသူများသည် ရင်းနှီးမြုပ်နှံမှုဝင်ရောက်ရန်ကြိုတင်လေ့လာမှုတွင် မြေဈေးကြီးမြင့်မှု ကို အဓိကထားမေးမြန်းခြင်းများရှိနေကြောင်း စီပွားရေးလုပ်ငန်းရှင်များ၏ပြောကြားချက်အရ သိရသည်။
Ref : Popular Myanmar News Journal
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ