By 7daydaily, Shweproperty.com
Updated at 27 October 2016
ယခုရက်ပိုင်းတွင် နိုင်ငံ ခြားငွေလဲနှုန်း ဆက်တိုက်မြင့် တက်လာခြင်းသည် သွင်းကုန် ပမာဏများပြီး ငွေကြေး ချမ်းသာသူများ၏ ဈေးကစားမှု များကြောင့်ဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောသည်။
အမေရိကန်ဒေါ်လာ တန်ဖိုး သည် အောက်တိုဘာ၄ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁,၂၉၀ ကျော်အထိ မြင့်တက်ပြီးနောက် အောက်တိုဘာ ၁၁ ရက်၌ တစ်ဒေါ်လာလျှင် ၁,၂၄၄ ကျပ်သို့ ကျဆင်းလာသည်။ ထို့နောက် အောက်တိုဘာ ၂၁ ရက်တွင် ၁,၂၈၇ ကျပ်အထိ ပြန်လည်မြင့် တက်ပြီး အောက်တိုဘာ ၂၆ ရက်၌ တစ်ဒေါ်လာလျှင် ၁,၂၉၃ ကျပ်အထိ မြင့်တက်ခဲ့သည်။
‘‘ကစားတဲ့သူတွေ ဝင်လာ ရင်တက်မယ်။ ပြီးရင်ပြန်ကျတယ်။ ဒီအခြေအနေက စီးပွားရေး အတွက် မကောင်းဘူး။ ဗဟိုဘဏ်အနေနဲ့ ကြားဝင်ထိန်းပေးသင့်တယ်’’ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဦးနေလင်းဇင်က ပြောကြားသည်။
အစိုးရ၏ စီးပွားရေးအပေါ် တုံ့ပြန်မှု အခြေအနေကို စောင့် ကြည့်နေခြင်းကြောင့် လုပ်ငန်းမလုပ်ဘဲ အရင်းအနှီးငွေကြေးများ ကို ဘဏ်များတွင် bအပ်နှံပြီး အတိုး များရယူနေသည်။ ဘဏ်များက လည်း ချေးငွေထက် အပ်ငွေများ နေခြင်းကြောင့် ပြင်ပဈေးကွက် တွင် ဒေါ်လာဝင်ရောက်ကစားမှု များရှိကြောင်း စီးပွားရေးလုပ်ငန်း ရှင်အချို့က ပြောကြားသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ပို့ ကုန်ပမာဏသည် သွင်းကုန်ထက် လျော့နည်းနေခြင်း၊ ပွင့်လင်းရာ သီဖြစ်ခြင်းကြောင့် စက်သုံးဆီ၊ လူသုံးကုန်ပစ္စည်း၊ စားအုန်းဆီ တင်သွင်းမှုများခြင်းကြောင့် ဒေါ် လာဈေးမြင့်တက်ရန် တွန်းအား တစ်ခုဖြစ်သည်ဟု စီးပွားရေး လုပ်ငန်းရှင်အချို့က ဆိုသည်။
‘‘ဒေါ်လာဈေးက လကုန် အထိ ကျဖို့လမ်းမမြင်ဘူး’’ ဟု မြန်မာနိုင်ငံ မော်တော်ယာဉ် တင် သွင်းထုတ်လုပ်ဖြန့်ဖြူး ရောင်းချ သူအသင်းဥက္ကဋ္ဌ ဒေါက်တာစိုး ထွန်းက ပြောသည်။
ဒေါ်လာဈေး အတက်အကျ များပြီး တည်ငြိမ်မှုမရှိခြင်းသည် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ဝင် ရောက်မှု နည်းခြင်းကြောင့်ဟု ကမ္ဘောဇဘဏ် အကြီးတန်း အကြံပေး ဦးသန်းလွင်က ပြောသည်။
ယခုလအတွင်း အမေရိကန် ဒေါ်လာဈေး အတက်အကျ အကြိမ်ကြိမ် ဖြစ်ခြင်းကြောင့် လုပ်ငန်းများ လုပ်ကိုင်ရာတွင် အခက်အခဲ ကြုံတွေ့ရသည်ဟု ထိုင်း နိုင်ငံမှ လူသုံးကုန်ပစ္စည်းနှင့် အလှ ကုန်ပစ္စည်းများကို နယ်စပ်မှ တင်သွင်းနေသည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
Ref & Photo Credit : 7daydaily
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ