By ဝိုင်းနန္ဒီ, Shweproperty.com
Updated at 4 September 2019
ရန်ကုန်မြို့မှာ နိုင်ငံတကာခရီးသွားလည်ပတ်မှု ပိုများလာစေဖို့နဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုရရှိစေဖို့ အတွက် လာမယ့်ခရီးသွားရာသီမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ Walking Path တစ်ခုကို အကောင် အထည်ဖော်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
အဆိုပါ Walking Path အစီအစဉ်ကို လာမယ့်အောက်တိုဘာလအမှီ အကောင်အထည်ဖော်ဆောင်ရွက်သွား မှာဖြစ်ပြီး ခရီးသွားများအနေနဲ့ ရန်ကုန်မြို့ပြအမွေအနှစ်များကို လမ်းလျှောက်လည်ပတ်ကြည့်ရှုလေ့လာနိုင်ဖို့ ရည်ရွယ်ပါတယ်။ ရန်ကုန်မြို့ရဲ့ Walking Path ကိုလာမယ့်ပွင့်လင်းရာသီအမှီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက် ရေးအဖွ့ဲ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပညာရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။
အဆိုပါအစီအစဉ်ကို ရွှေတိဂုံစေတီတော်၊ ဆူးလေးစေတီ၊ ဗိုလ်တစ်ထောင်ဘုရား၊ ဝန်ကြီးများရုံး၊ ဗိုလ်ချုပ်ပြတိုက်၊ ဗိုလ်ချုပ်ဈေးစတဲ့နေရာတွေမှာ လမ်းကြောင်းဆွဲပြီး လမ်းလျှောက်လည်ပတ်စေမှာ ဖြစ်ပါတယ်။ နိုင်ငံတကာခရီးသွားတွေအနေနဲ့ ရန်ကုန်မြို့ရဲ့ ရှေးဟောင်းစေတီဘုရားများ၊ ရှေးဟောင်းအဆောက်အအုံတွေ စတဲ့မြို့ပြအမွေအနှစ်တွေကို လှည့်လှည် ကြည့်ရှုနိုင်မှာဖြစ်သလို၊ လမ်းကြောင်းတစ်လျှောက်မှာလည်း ရိုးရာ မုန့်တွေနဲ့ ရိုးရာအသုံးအဆောင် လက်ဆောင်ပစ္စည်းတွေကို ဝယ်ယူနိုင်အောင် စီစဉ်ပေးထားမှာ ဖြစ်ပါတယ်။
Walking Path အစီအစဉ်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွ့ဲမှ ရန်ကုန်မြို့ကို နိုင်ငံတကာခရီးသွား ဧည့်သည်တွေ ပိုမိုဝင်ရောက်လည်ပတ်နိုင်ဖို့ ို အကောင်အထည်ဖော်နေတဲ့ အစီအစဉ်တွေထဲက တစ်ခု ဖြစ်ပါတယ်။
Written By : ဝိုင်းနန္ဒီ (ShweProperty.com)
Photo Credit : Kettlemag
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ