By Sint Sint, Shweproperty.com
Updated at 18 December 2020
ဂမုန်းဟူသောအမည်မှာ ဥရှိသောအပင်ငယ်များစွာတို့ကို ခြုံ၍ခေါ်သောအမည်ဖြစ်သည်။ အချို့မှာ မြေ၌ ပေါက်သည်။ အချို့မှာ အပင်ကြီးတွင် တွယ်ကပ်ပေါက်သော ပင်ဆင့်မျိုးဖြစ်သည်။ ပင်ဆင့်မျိုးမှာ ရုက္ခဗေဒအလိုအားဖြင့် ပါရာဆိုက်များဖြစ်သည်။ သာမန်အားဖြင့် ဂမုန်းသည် ပုတတ်စာ၊ နနွင်း၊ တောက်တာ စသည်တို့နှင့်အတူ ကင်းဖီရီးယား မျိုးစုတွင် ပါဝင်သည်ဟု ဆိုနိုင်သည်။ သို့သော် မြန်မာအခေါ် ဂမုန်းမှာ အလွန်များပြားလှ၍ ရုက္ခဗေဒအမည်တစ်ခုတည်းကို စွဲ၍မယူအပ်ချေ။ ကျောက်ကျမ်း၊ ဂမုန်းကျမ်းနှင့် ကဝေသာရကျမ်း တို့တွင် ဂမုန်းမျိုးပေါင်း (၁ဝ၉) မျိုး ပြထားပေသည်။
၁။၁၀၉ မျိုးဂမုန်း
၂။ စိုက်သင့်သော ဂမုန်း ၃၇ မျိုး
၃။မစိုက်သင့်သောဂမုန်း ၇ မျိုး ဆိုပြီးရှိပါတယ်။ မစိုက်အပ်တဲ့ ဂမုန်းထဲမှာတော့ အဆိပ်ရှိပြီး လူတွေကို
အန္တရယ်ပေးနိုင်တဲ့ ဂမုန်းလည်း ပါဝင်နေပါတယ်။
အဲဒီ အဆိပ်ရှိတဲ့ဂမုန်းပန်းပင်ရဲ့ အစေးကို လုံးဝမထိမိဖို့ လိုပါတယ်နော်။ ကလေးသူငယ်များ ရှိရင်လည်း လုံး၀ ကို မထိစေဖို့ အထူးသတိပေးပါတယ်။ဒီပန်းပင်ရဲ့အစေး ကလေးများရဲ့ ပါးစပ်ထဲ(သို့မဟုတ်) အနာထဲ ဝင်ရင် သေနိုင်လို့ပါပဲ။မိမိ အိမ်မှာ ရှိနေရင်လည်း အထူးသတိပြုရပါမယ်။ဒီအပင်ကို အိမ်တွေ၊ ရုံးတွေ၊ ဟော်တယ်စတဲ့ နေရာတော်တော် များများမှာ တွေ့ဖူးကြမှာပါ။နာမည် ဘယ်လိုခေါ်လဲလို့ကျွန်တော်လည်း အတိအကျ မသိဘူး။ (ကျွန်တော့်စိတ်ထင် ဂမုန်းထင်တယ်)တွေ့ဖူးတာတော့ တွေ့ဖူးတယ်။
တကယ်တော့ ဒီအပင်ဟာ အရမ်းကို အန္တရာယ်ရှိတဲ့အပင်ဖြစ်ပါတယ်။ အထူးသဖြင့်တော့ ကလေးတွေအတွက် စိုးရိမ်စရာပါ။ ၎င်းအပင်ရဲ့ အစေးဟာ အလွန်အဆိပ်ပြင်းပြီး ခလေးများကို မိနစ်ပိုင်းအတွင်းမှာ သေဆုံးစေနိုင်သလို အရွယ်ရောက် လူကြီးဆိုရင်လည်း ၁၅ မိနစ်အတွင်းမှာ သေစေနိုင်လောက်အောင် အဆိပ်ပြင်းပါတယ်။ မျက်စိထဲဝင်လို့ကတော့လည်း ထာဝရ မျက်စိကွယ်သွားစေပါတယ်။ မသိသေးတဲ့ သူတွေကိုလည်း အသိပေး ၊သတိပေးစေလိုပါတယ်။
ရွက်လှ ဂမုန်းဆိုတဲ့ ဒီအပင်ကို အိမ်တွေ၊ ရုံးတွေ ဟော်တယ်တွေ.... နေရာတော်တော် များများမှာ တွေ့ဖူးကြမှာပါ။ နာမည်ကို အမျိုးမျိုးခေါ်ကြပေမယ့် လူတော်တော်များကတော့ ဧည့်လာဂမုန်းလို့ပဲ အခေါ်များကြပါတယ်။ တကယ်တော့ ဒီအပင်ဟာ အရမ်းကိုအန္တရာယ်ရှိတဲ့ အပင်ဖြစ်ပါတယ်။ အဲဒီအရွက်ပင်ကို၊ စာရေးသူတို့ဆီမှာတော့ ရွက်လှ ဂမုန်းလို့ ခေါ်ကြတယ်။အဲဒီ ရွက်လှပင်ကို၊ အင်္ဂလိပ်လိုတော့၊ Dieffenbachia လို့ ခေါ်ပါတယ်။ သူ့အရွက်တွေ တိုင်းမှာ ” ကယ်လ်စီယမ် အောက်ဇဲလိတ် ( Calcium Oxalate ) ဆိုတဲ့၊ အဆိပ်ဓါတ်တွေ အမြောက်အများ (အသက်သေစေလောက်တဲ့ အထိ) ပါဝင်တယ်။
စီးပွားတိုးဂမုန်းလို့ရောင်းချနေကြသော အပင်များကို ရွက်လှပင် ၊ ပိန်းပင် စသဖြင့်သာ ပြောရောင်းလေ့ရှိကြပါတယ်။ ဂမုန်းပင်ဆို နတ်ကြီးတယ်ဆိုပြီးလူတွေကဝယ်ယူလေ့မရှိသလို လက်ဆောင်ရခဲ့သော် နေအိမ်တွင် ဖျားနာစီးပွားလျော့မှုရှိခဲ့သော် ထိုအပင်များကို စွပ်စွဲပြီး လွှင့်ပစ်တက်ကြသေးပါတယ်။အထူးအားဖြင့် ပမုန်း ဂမုန်း တို့ လူနေထိုင်ရာအိမ်တို့တွင် စိုက်ပျိုးမူ သန့်ရှင်းစွာစိုက်ပျိုးသင့်ပါတယ်။အဝတ်တန်းအောက် အိမ်သာနောက်ဖေးများတွင် စိုက်ပျိုးခြင်းကိုရှောင်ရမှာဖြစ်ပါတယ်။ဂမုန်းတပင်စိုက်ပျိုးပြီးလျှင်ရက်ပေါင်း၉၀အတွင်း ကောင်းကျိုးမရှိခဲ့သော်အကျိုးရရှိစေမည့် စိုက်ပျိုးနည်းစနစ်ပုံစံ လွဲမှားနေခြင်းကြောင့်သာဖြစ်ကောင်းပါတယ်။
ရုက္ခဗေဒအဆိုအရ အပင်များကို လေ့လာရာတွင်
အပင်လောကကို စတင်၍ လေ့လာကြခြင်းနှင့် ရာစုနှစ် ပေါင်းများစွာ ကြာသည့်တိုင်အောင် လေ့လာခဲ့ကြခြင်းမှာ အပင်များ ဆေးဝါးဘက်တွင် အသုံးဝင်ခဲ့ခြင်းကြောင့် ဖြစ် သည်။ အပင်များကို လေ့လာခဲ့ကြသည်မှာ ကြာပြီဖြစ်သော် လည်း ရုက္ခဗေဒဆိုင်သော ပညာရပ် တိုးတက်လာသည်မှာ အမှန်အားဖြင့် နှစ်တစ်ရာမျှသာ ရှိခဲ့ပေသေးသည်။ လူအဖို့ အသုံးဝင်မည့်အပင်များ၊ အနုပညာတွင် အသုံးဝင်မည့် အပင် များနှင့် ဆေးဝါးဘက်တွင် အသုံးဝင်မည့် အပင်များကို စတင် စိတ်ဝင်စားခဲ့ကြသည်မှာ ဓမ္မာတာအတိုင်းသာ ဖြစ်လေသည်။ အပင်လောက၏ ပညာအစစ်ကို စတင်ခဲ့ကြရာတွင် အမျိုး အစား ခွဲခြားခြင်းကို ပြုလုပ်ခဲ့ကြသည်။ ရှေးဂရိတို့၏ ခေတ် တွင် အယ်ရစ္စတိုတယ်နှင့် သီအိုဖရက်စတပ်ဆိုသည့် ဂရိပညာ ရှင် နှစ်ဦးတို့သည် အပင်များကို သစ်ပင်များ၊ ချုံများနှင့် သစ်နုပင်များအဖြစ် အမျိုးအစား ခွဲခြားခဲ့ကြပေသည်။ သို့သော် အပင်များနှင့် သက်ဆိုင်ရာပညာရပ်ကို တိုးပွားစေရန် ၁၆ ရာစု နှစ်တိုင်အောင် ဆက်၍ မကြံစည်ခဲ့ချေ။
ထိုအချိန်သို့ ဆိုက် ရောက်သောအခါ အပင်လေ့လာသူများက အပင်များကို အုပ်စု အလိုက် ခွဲလိုက်ကြသည်။၁၈ ရာစုနှစ်အလယ်သို့ ဆိုက်ရောက် သောအချိန်တွင် ဆွိလူမျိုးတစ်ဦး ဖြစ်သူ လင်းနီးယပ်ဆိုသူက အပင်များအား အုပ်စုခွဲသည့် စံနစ်ကို တီထွင်ပေးနိုင်ခဲ့လေသည်။သဘာဝလျောက်အရွက်ကျလိုက် ပြန်ပေါ်လာလိုက်နှင့်ပင် အနှစ်ပါသော သစ်တော များထက်ပင် ဂမုန်းပင်က သက်တမ်းပိုရှည်သည်။ ဂမုန်းပင်အားလုံးတို့သည်လည်း သဘာဝဆေးဘက်ဝင်အပင်များဖြစ်ရုံမျှမကဂမ ္ဘီရနွယ်ဝင် အပင်မျိုးဖြစ်ကြောင်း ရှေးရှေးကသော အထက်လမ်းပညာများ အလယ်လတ်လမ်းစဉ် အောက်လမ်းပညာများတို့တွင် ဂမုန်းပင်နှင့်ဆိုင်သောပညာရပ်တို့ ထည့်သွင်းပါဝင်ထားခြင်းကို မှတ်သားရဖူးပါတယ်။ထိုကဲ့သို့ပင် ဂမုန်းပင်ကိုလည်း ခွဲခြားစိတ်ဖြာပြီး လေ့လာမယ်ဆိုရင် နောက်ထပ် သိရှိရဦးမယ့် စိတ်ဝင်စားစရာတွေလည်းရှိလာဦးမှာပါ။ အန္တရယ်ဆိုတာကြိုရှောင်တာ အကောင်းဆုံးမို့ လှပေမယ့် အစွမ်းရှိပေမယ့် မိမိ အသက်ဘေးလွတ်အောင်တော့ မစိုက်အပ်တဲ့ ဂမုန်းဆိုရှောင်ကြည်ပါလေ။
လေ့လာမှတ်သားစရာ အိမ်ခြံမြေဗဟုသုတများ
အိမ်နှင့်မြေ ဝယ်ရင် ဘာတွေအလေးအနက်ထားရမလဲ
လယ်မြေပုဒ်မ ၇ (က)နဲ့ ၇ (ခ)အကြောင်း တစေ့တစောင်း
ဘုန်းကံနိမ့်သွားစေနိုင်လို့ အိမ်မှာ ဘယ်တော့မှမလုပ်မိအောင် ရှောင်ရမယ့် အချက်များ
Written By : Khine Zar (ShweProperty.com)
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ