By mizzima, Shweproperty.com
Updated at 4 July 2013
မလေးရှားသူဌေးကြီး ကော့ခ်ပိုင်ဆိုင် သော ရှန်ဂရီလာလုပ်ငန်းစုပိုင် ကုန်သည်ကြီး များဟိုတယ်အနေဖြင့် မြန်မာနိုင်ငံတွင်း ခရီး သွားလုပ်ငန်းများ မြင့်တက်လာသည့် အတွက် ကုလသမဂ္ဂသို့ ငှားရမ်းထားသည့် ငါးလွှာရှိ ရုံးခန်းများအား ဆက်လက် ထားရှိ မည်မဟုတ်တော့ကြောင်း ဘလွန်းဘာ့ သတင်း တစ်ပုဒ်တွင် ပါရှိသည်။
ကုန်သည်ကြီးများဟိုတယ်တွင် ကုလသမဂ္ဂ ဆိုင် ရုံးခန်းနေရာများအား ၂ဝဝ၇ ခုနှစ်မှ စတင် ငှားရမ်းခဲ့ခြင်းဖြစ်ကာ ယင်းအတွက် ၂ဝ၁၂ ခုနှစ်၊ သြဂုတ်လတွင် နောက်ဆုံး အကြိမ်အဖြစ် လက်မှတ် ရေးထိုးခဲ့သည့်ဟု ကုလ၏ မြန်မာနိုင်ငံဆိုင်ရာ ပြောခွင့်ရပုဂ္ဂိုလ် ဦးအေးဝင်းမှအတည်ပြု ပြောကြားခဲ့ကြောင်း ယင်းသတင်းတွင် ပါရှိသည်။
ဦးအေးဝင်းက ''မြင့်တက်လာတဲ့ ဈေး ကွက်ကို ပံ့ပိုးပေးနိုင်မယ့် အခြေအနေဟာ အရမ်းနည်းပါးတဲ့အတွက် ရန်ကုန်မှာရှိတဲ့ ဟိုတယ်ခန်းငှားရမ်းခတွေက အတော်လေး မြင့်တက်နေပါတယ်။ ခရီးသွားလုပ် ငန်း တွေ ကောင်းမွန်လာတာကြောင့် ဟိုတယ် အခန်းငှားရမ်းမှု မြင့်တက်လာတယ်လေ'' ဟု ပြောကြားခဲ့ကြောင်း ယင်းသတင်းတွင် ပါရှိ သည်။
ကုန်သည်ကြီးများဟိုတယ်အား ငှား ရမ်းထားသော ကုလလက်အောက်ခံ အဖွဲ့ တစ်ဖွဲ့ဖြစ်သည့် နိုင်ငံတကာ အလုပ်သမားများ အဖွဲ့ (ILO)မှာ အခြားတစ်နေရာသို့ ပြောင်း ရွှေ့သွားပြီဖြစ်သည်ဟုလည်း ဦးအေးဝင်းမှ ဆိုသည်။
အခန်းပေါင်း ၃ဝ၅ ခန်းရှိသည့် ကုန် သည်ကြီးများဟိုတယ်တွင် တစ်ညတာ တည်း ခိုစရိတ်မှာ အမေရိကန်ဒေါ်လာ ၂၃၅ ဒေါ်လာ ရှိသည်ဟု ရှန်ဂရီလုပ်ငန်းစု၏ ဝက်ဘ်ဆိုက် တွင် ဖော်ပြထားပြီး ယင်းပမာဏသည် ဟောင် ကောင်ရှိ ကုန်သည်ကြီးများ ဟိုတယ်ထက် ဈေး နှစ်ဆမျှ မြင့်မားနေကာ စင်ကာပူရှိ ကုန် သည်ကြီးများဟိုတယ်ထက်လည်း မြင့်မား နေသည်ဟု ယင်းသတင်းတွင် ပါရှိသည်။
Jones Lang LaSalle Inc ဟိုတယ် ဝန်ဆောင်မှုလုပ်ငန်းအဖွဲ့၏ ထိုင်းနိုင်ငံနှင့် အင်ဒိုနီးရှား နိုင်ငံဆိုင်ရာ အမှုဆောင်ဒု-ဥက္ကဋ္ဌ Andrew Langdonu က ''နိုင်ငံတကာ ခရီးသွား များကတော့ တစ်ဖွဲဖွဲ ရောက်နေတာပါပဲ။ ဒါပေမဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ပြီးစီးမှု မရှိတဲ့အပြင် စီးပွားရေး၊ တရားရေးနှင့် နိုင်ငံ ရေး နယ်ပယ်တွေမှာလည်း စွန့်လွှတ် စွန့်စား မှုများလည်း ရှိနေဦးမှာပါ။ ဒါကြောင့် ရန် ကုန်မြို့မှာ နောင်လာမည့် ငါးနှစ်လောက် အထိ လုံလောက်မှုမရှိတာကို ကြုံတွေ့နေရ ဦးမယ်လို့ ထင်ပါတယ်'' ဟု ပြောကြား လိုက်သည်။
မြန်မာနိုင်ငံတွင် ဟိုတယ်ခန်းများ ပိုမို လို အပ်လာသည့်အတွက် အခန်းငှားခများသည် ယမန်နှစ်မှစတင်ကာ မြင့်တက်လာခဲ့ပြီး ၂ဝဝ၇ ခုနှစ်နှင့် နှိုင်းယှဉ်ပါက လေးဆခန့် ပိုမိုနေပြီး ရန်ကုန်မြို့တွင် မှတ်ပုံတင်ထားသည့် ဟိုတယ်ပေါင်း ၂ဝ၈ ခုရှိကာ အခန်းပေါင်း ၉၁ဝဝရှိပြီး အခန်းငှားခသည် ယခုနှစ်တွင် ၁၅ ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ ၁၆ဝ) ခန့် ထပ်မံမြင့်တက်လာသည်ဟု ူညေါိသည က ဆက်လက် ခန့်မှန်းထားသည်။
၂ဝဝ၆ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြည်ပ ခရီးသည်အများအပြား ဝင်ရောက်ခဲ့သော် လည်း ၂ဝဝ၇ ခုနှစ်၊ နှစ်ကုန်ပိုင်းမှစတင်ကာ တစ်ရှိန်ထိုး ပြန်လည်ကျဆင်းခဲ့ရာမှ ၂ဝ၁ဝ တွင် ပြန်လည်မြင့်တက်လာကာ ပြီးခဲ့သည့် ၂ဝ၁၂ခုနှစ်တွင် ဆယ်စုနှစ်အတွင်း စံချိန် တင်အဖြစ် ခရီးသည် ၁ ဒသမ ၆ သန်းအထိ ဝင်ရောက်ခဲ့မှုကြောင့် အဆင့်မြင့်ဟိုတယ်ကြီး များအနေဖြင့် လုပ်ငန်းများ ကျဆင်းစဉ်က ငှားရမ်းထားသော စီးပွားရေးလုပ်ငန်းများ နှင့် အဖွဲ့အစည်းများ၏ ရုံးခန်းများအား ယမန် နှစ်ကတည်းကစတင်ကာ ရွှေ့ပြောင်းစေခဲ့ ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် နော်ဝေ နိုင်ငံနှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့၏အကူ အညီဖြင့် အမေရိကန်ဒေါ်လာ သန်း ၅ဝဝ ခန့် တန်ဖိုးရှိသည့် ခရီးသွားလာရေးလုပ်ငန်း စီမံချက် ၃၈ ခုအားလည်း အကောင်အထည် ဖော်ရန် စီစဉ်နေပြီဖြစ်ကာ ခရီးသည် ဝင် ရောက်မှု အရေအတွက်သည် ၂ဝ၂ဝ ခုနှစ် တွင် လက်ရှိပမာဏ၏ ခုနှစ်ဆအဖြစ် ၇ ဒသမ ၅ သန်းခန့်အထိ မြင့်တက်လာမည် ဖြစ်သည်ကာ အဆိုပါခရီးသွားများ၏ မြန်မာ နိုင်ငံအတွင်း စုစုပေါင်း အသုံးစရိတ်မှာ အမေရိကန်ဒေါ်လာ ၁ဝ ဒသမ ၁ ဘီလီယံ ခန့်ရှိမည်ဟု ပြီးခဲ့သည့် အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ကျွမ်းကျင်သူများ က ပြောကြားခဲ့သည်။ ။
Ref : Mizzima
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ